ထမင်း ဘယ်နှစ်ပန်းကန်ကုန်မလဲ မသိရတဲ့ "ခရမ်းသီး အသားနှပ်" ချက်နည်း... 🍆ရိုးရှင်းပေမယ့် အရသာကတော့ ရှယ်ပဲနော်။ အိမ်မှာ လိုက်ချက်စားကြည့်ဖို့ အကြံပြုချင်ပါတယ်။ 😉
MISSION ၁။နွေဦးတော်လှန်ရေးမှာ မြင်သလောက်နိုင်သလောက်ပါတင်ကူညီဖြည့်ဆည်းပေးရေး။ ၂။ NUGpay နဲ့SDB bank အသုံးပြုမှု ပြည်သူတွေကြားတိုးတက်စေရေး။ ၃။ပြည်သူသို့တော်လှန်ရေးသတင်းအချက်အလက်အမှန်စီးဆင်းစေရေး။ ၄။မိမိနိုင်ငံအနေဖြင့် အရှေ့တောင်အာရှ၏ ပထမဆုံးဒီမိုကရေစီနိုင်ငံဖြစ်စေရန် တထောင့်တနေရာမှအစဉ်မပြတ်အားထုတ်လှုံဆော်နိုင်ရေး။
Monday, July 20, 2026
Banana bread ငှက်ပျောသီးပေါင်မုန့်
သမီးလေးတွေအရမ်း ကြိုက်ကြတဲ့ အိမ်လုပ် Banana bread ငှက်ပျောသီးပေါင်မုန့်
ငှက်ပျောသီးရဲ့ သဘာဝအချိုကိုပဲ အားပြုပြီး ကြက်ဥလေးနဲ့ ဖုတ်ထားတာမို့ ပေါင်းမုန့်ကြိုက်တဲ့ သမီးလေးတွေအတွက် healthy breakfast လေးပေါ့။
ဘာမှ Yeast တွေဘာတွေ မသုံးပါသော။
လုပ်နည်းလေး captions မှာ မျှဝေပေးထားပါတယ်။တကယ်ကောင်းပြီး ကလေးလေးတွေအတွက် အာဟာရဖြစ်သောလေးပါ။လုပ်ရလည်း လွယ်ပါတယ်ရှင့်။
အပေါ်ယံအလှ တအားစားကောင်းသော
အချိုးအစားလေးပါရှင့်
ကြက်ဥ ၂လုံး
ဒိန်ချဉ် ၁/၂ ခွက်
ဆီ- ၁/၂ ခွက်
Cinnamon powder (သစ်ဂျပိုးခေါက်မှုန့်)၃ ဇွန်း မကြိုက်ရင် မထည့်ပါနဲ့
Baking powder- 1/2 teaspoon
Baking soda-1/2 teaspoon
ဂျုံမှုန့်-၁ခွက် ၁/၂
ဆား- အနည်းငယ်
ထောပါတ်ဆီ-၁/၃ ခွက်
ပြုလုပ်နည်း
၁။ Oven ကို 340 Fအထိ ကြိုတင်အပူပေးထားပါ။
၂။ ဇလုံကြီးတစ်လုံထဲတွင် ပါဝင်ပစ္စည်းအားလုံးကို ထည့်ပြီး Whisk (သို့) မွှေတံဖြင့် သမအောင် မွှေပေးပါ။(အရည်ပိုင်း ကြက်ဥ၊နွားနို့၊ဆီ၊ပျားရည် စသဖြင့်)
၃။ အမှုန့်ရောထားတာရော၊အရည်ရောအားလုံး ပါဝင်ပစ္စည်းများကို ထည့်ပြီး ဇွန်းကြီးဖြင့် အနည်းငယ်သာ မွှေပါ။ (Overmix မလုပ်ပါနှင့်)
၄။ ဆီအနည်းငယ်သုတ်ထားသော Loaf Pan ထဲသို့ လောင်းထည့်ပြီး မိနစ် 35 -40 minutes ခန့် ဖုတ်ပါ။
အချိုးအစားလေးပါရှင့်
ကြက်ဥ ၂လုံး
ဒိန်ချဉ် ၁/၂ ခွက်
ဆီ- ၁/၂ ခွက်
Cinnamon powder (သစ်ဂျပိုးခေါက်မှုန့်)၃ ဇွန်း မကြိုက်ရင် မထည့်ပါနဲ့
Baking powder- 1/2 teaspoon
Baking soda-1/2 teaspoon
ဂျုံမှုန့်-၁ခွက် ၁/၂
ဆား- အနည်းငယ်
ထောပါတ်ဆီ-၁/၃ ခွက်
ပြုလုပ်နည်း
၁။ Oven ကို 340 Fအထိ ကြိုတင်အပူပေးထားပါ။
၂။ ဇလုံကြီးတစ်လုံထဲတွင် ပါဝင်ပစ္စည်းအားလုံးကို ထည့်ပြီး Whisk (သို့) မွှေတံဖြင့် သမအောင် မွှေပေးပါ။(အရည်ပိုင်း ကြက်ဥ၊နွားနို့၊ဆီ၊ပျားရည် စသဖြင့်)
၃။ အမှုန့်ရောထားတာရော၊အရည်ရောအားလုံး ပါဝင်ပစ္စည်းများကို ထည့်ပြီး ဇွန်းကြီးဖြင့် အနည်းငယ်သာ မွှေပါ။ (Overmix မလုပ်ပါနှင့်)
၄။ ဆီအနည်းငယ်သုတ်ထားသော Loaf Pan ထဲသို့ လောင်းထည့်ပြီး မိနစ် 35 -40 minutes ခန့် ဖုတ်ပါ။
Thursday, July 9, 2026
Tuesday, June 30, 2026
Monday, June 8, 2026
media ရဲ့ influence အရမ်းခံထားရတဲ့ ကလေး
ခု Netflix မှာ hit ဖြစ်နေတဲ့ Teach you a lesson ကိုကြည့်ရင်း အတွေးတခုဝင်လာတယ်။
မိဘတွေ ကိုယ့်ကလေးတွေကို ကျောင်းအပ်တဲ့အခါ Ministry of Education ကပါ တရားဝင် ထုတ်ပြန်ထားတဲ့ consent agreement လိုမျိုးတွေမှာ လက်မှတ်တွေထိုးသင့်တယ်။ (ခုတော့ ရှိလား၊ မရှိလား မသိပါ။)
အထူးသဖြင့် ကိုယ့် ကလေးရဲ့ behavior နဲ့ပါတ်သတ်ပြီးပေါ့။
ဥပမာ-
တကယ်လို့ ကိုယ့်ကလေးမှာ behavioral issue ရှိနေတာမျိုး၊ တခြားကလေးတွေကို bully လုပ်တတ်တာမျိုးတွေဆိုရင် (ခိုင်လုံတဲ့ သက်သေနဲ့တကွ)
ပထမ အဆင့်မိဘကို အသိပေး တာ၀န်ယူခိုင်းမယ်
အဲ့ကမှ ကလေးက မပြောင်းလဲလာရင် သက်ဆိုင်ရာ ဥပဒေနဲ့ဖြစ်ဖြစ်၊ child psychiatrist တွေနဲ့ဖြစ်ဖြစ် ပူးပေါင်းပြီး ဒီလို issue မျိုးတွေကို ထိထိရောက်ရောက် ကိုင်တွယ်အရေးယူသင့်တယ်လို့ မြင်မိတယ်။
ပြီးရင် ကျူးလွန်သူကလေးရဲ့ မိဘတွေအနေနဲ့လဲ နစ်နာသူကလေးနဲ့ မိသားစုအပေါ် တာဝန်ယူသင့်တယ်။
ခုခေတ်က ဘာ rights ညာ rights တွေ အရမ်း သိလာကြတော့ အသက်မပြည့်သေးတဲ့ ကလေးကို ရိုက်လို့မရတာတို့၊ အသံမာမာနဲ့တောင် ပြောလို့မရတာတို့တွေ ရှိနေတယ်လေနော်။
တချို့ အတ္တကြီးတဲ့ မိဘတွေဆိုလဲ ကိုယ့်သားသမီးမှအမှန်။ သူတို့ကလေးတွေ ဆိုးတာကျ မမြင်ပဲ၊ သူတို့ ကလေးတွေကို ဆူမိရင်တောင် သေမတတ်ဖြစ်နေတာမျိုး။
မိဘစိတ်ကိုတော့ အပြည့်အဝနားလည်ပေမယ့်လေ အဲ့အတ္တစိတ်ကိုကျတော့ personally အရမ်းရွံမိတယ်။
ငါ့ မိသားစု၊ ငါ့ သားသမီး၊ ငါ့လင်၊ ငါ့ မယား ဆိုတဲ့ ဟာတွေပေါ့။
လောကမှာ ဘယ်သူမှတော့ villain အနေနဲ့ မမွေးဖွားလာဘူးလေနော်။ They were mostly made!
Psychologically issue ရှိနေတာကတော့တမျိုးပေါ့။ (ဒီလိုမျိုးအတွက်ကလဲ ခုခေတ်မှာ special education ပေးတဲ့ ကျောင်းတွေရှိနေပါပြီ။) [ဒီလို ပြောလို့လဲ special treatment လိုအပ်နေတဲ့ ကလေးတိုင်းက အလားတူ issue ရှိနေတာမဟုတ်ဘူးနော်။ တချို့က သာမန်ကိုမှ မွေးရာပါ mental issue ရှိနေတာ။] - ငါ့ကလေးက ဒီလိုမျိုးပါ၊ နားလည်ပေးပါလို့ လူတိုင်းကို လိုက်ပြောပြလို့လဲမရဘူးနော်။ ကိုယ့်ကလေး အတွက် ဖြည့်တွေးပေးဖို့ ဘယ်သူ့ဆီမှာမှ တာဝန်ရှိမနေဘူး။ ကိုယ်လိုချင်လို့ယူထားတာ၊ ကိုယ့်တာဝန် ကိုယ်ထမ်းဆောင်ပဲ။
ကျတော်ကိုယ်တိုင်လဲ တောင်ငူမှာနေတုန်းက အိမ်မှာ မူကြို ဖွင့်ထားတာ နှစ် ၂၀ ကျော်လောက် ရှိခဲ့တာမို့ ကလေးတွေနဲ့ ရော မိဘတွေနဲ့ရော ပတ်သတ်ပြီး သူတို့ အကျင့်စရိုက်တွေ အကြောင်း ကောင်းကောင်းကြီးသိခဲ့တယ်။
မှတ်မှတ်ရရ အိမ်ကမူကြိုမှာပဲ ကလေးတစ်ယောက်က Power Ranger ကားတွေ အရမ်းကြည့်ပြီး ရူးသွပ်နေတဲ့ ကလေးတစ်ယောက်နဲ့ ကြုံခဲ့ဖူးတယ်။ သူကလေ ကျောင်းမှာဆော့ရင် ခုံတွေပေါ် တက်ပြီး ခုန်ချလိုက် တခြားကလေးတွေကို လိုက် fight တိုင်းဆော့လိုက်နဲ့ media ရဲ့ influence အရမ်းခံထားရတဲ့ ကလေးမျိုးပေါ့နော်။
ဆရာမတွေကလဲ သူ့ကို အရမ်း မဆော့ဖို့ ခနခန သတိပေးတယ်။ အထူးသဖြင့် အမြင့်ကနေ မခုန်ချဖို့ ပြောတယ်။ ဒါပေမယ့် ကလေး ဖြစ်နေတဲ့ အတွက် နားမထောင်ဘူး။
တစ်ရက်ကျတော့ သူဆော့နေကျပုံစံအတိုင်း ဆရာမတွေ အလစ်မှာ အမြင့်ကနေ ခုန်ချပြီးဆော့တယ်။ အဲ့မှာ သူ လက်ကျိုးပါလေရော။ ( ကျောင်းမှာ စိတ်ချလို့ထားတာ ဆရာမတွေက ဘာလုပ်နေလဲ မေးချင်မေးပါလိမ့်မယ်။ ဆရာမတွေလဲ ဒီကလေးတစ်ယောက်ထဲကို ပိုက်ဆံပိုယူထားပြီး သီးသန့် တာဝန်ယူရတာမဟုတ်သလို၊ သူ့ schedule နဲ့ သူ လုပ်ရတဲ့ တာဝန်တွေ ရှိပါတယ်။ ဖြစ်ချင်တော့ အဲ့ကလေး ဖြစ်တဲ့အချိန်က ကျောင်းဆင်းချိန်။ ကျောင်းသား မိဘတွေလဲရှိနေပြီး ရှုပ်ယှက်ခက်နေတဲ့အချိန် မှာ ကလေးက ရအောင်ဆော့တာ)
တခါတလေ ကြားဖူးကြပါတယ် ကလေးက ကလေးစကားမပြောဘူးဆိုတာမျိုး။ အဲ့လို စကားမျိုးတွေ ပြောဖူးတဲ့ ကလေးတစ်ယောက်ဟာ သူ့ခေါင်းထဲ အဲ့လို ကိစ္စနဲ့ ပါတ်သတ်ပြီး ၇၀%, ၈၀% လောက် သူ့ဖာသာသူ သင်ယူ သိရှိပြီးဖြစ်နေပြီ။
တချို့ ကလေးတွေဆို ဆိုးဆိုးရွားရွားပဲ ဘယ်ကနေ တွေ့ဖူးတာလဲ မသိပဲ ၄ နှစ်၊ ၅ နှစ်လောက်လေးနဲ့ sex ကိစ္စတွေကို သိနေတာတွေ အများကြီးနော်။ ဆရာမ ရဲ့ private area တွေကို လိုက်နှိုက်တာ၊ တခြားကျောင်းသူ၊ ကျောင်းသား ကလေးတွေရဲ့ private area တွေကို လိုက်ထိတာတွေ အများကြီး ကိုယ်တိုင် ကြုံခဲ့ဖူးတယ်၊ တွေ့ခဲ့ဘူးတယ်။ (ကျားမတောင် မခွဲတတ်သေးပဲ ကျွန်တော့်ကို နို့ပြ ခိုင်းတဲ့ ကလေးမျိုးနဲ့လဲ ကြုံခဲ့ဖူးလို့)
တချို့ မိဘတွေကျ ကလေးရှေ့ မဆင်မခြင်ပဲ ကြိုက်သလိုနေတာတွေလဲ ရှိတယ်နော်။
ဒါကတော့တပိုင်းပါ
ခုကျတော်တို့ ကျောင်းကအကြောင်း ဆက်ပြောပါမယ်။
အဲ့တော့ ကျောင်းကနေ ခုနက ကလေး ကုသ စရိတ်တွေ အကုန်ပေးပေးတဲ့အပြင် ကလေး ဆေးရုံ တက်တဲ့အခါလဲ ကျောင်းအုပ်ဖြစ်တဲ့ ကျတော့ အမေကိုယ်တိုင်က သွားကြည့်ပေးတယ်။ ညဘက်ကြီးတွေလဲ ဆေးရုံ ကိုရောက်အောင်သွားတယ်။ (ကျတော်ပါ လိုက်သွားဖူးလို့)။ မုန့်တွေလဲ ဝယ်သွားပေးတယ်။ ကိုယ့်ကျောင်းမှာဖြစ်တာကိုး။ အကုန်တာဝန်ယူပေးခဲ့တယ်။
ဒါပေမယ့် ကလေးရဲ့ ဖအေတူ မအေကွဲ အစ်မကလေ ကလေး သက်သာလာပြီး တဲ့နောက်မှာ ကျတော့် အမေကို စာလေးတစ်စောင်ရေးပြီး ပို့လာတယ်။ အဓိကကတော့ သူတို့ကလေးကို ကျောင်းလာအပ်တုန်းကအကောင်းပေါ့ ဆရာမတို့ ကျောင်းကိုပို့လိုက်မှ အကျိုးဖြစ်သွားတယ်ဆိုတဲ့ အရေးအသားမျိုးနဲ့ ပညာသားပါပါ ပိုးစိုးပက်စက်ရေးပြီး အထိနာအောင်ရေးပြီးပို့တာ။ (ဒါပေမယ့် အမေက နားလည်ပေးတယ်။ ကိုယ့်သွေးသားမို့ နာတယ်လေ ဆိုပြီးတော့။ သူ့သား ကျတော်နဲ့ ကျတော့် အကို ဖြစ်ရင်သာ အမေက မနာတတ်တာ၊ သူများကို ပြသနာသွားမရှာတတ်တာ။)
နောက်တော့လဲ သူ့မောင်ကို တခြားကျောင်းတွေ သွားထားပြီး အဆင်မပြေလို့ဆိုပြီး ကိုယ်တွေ ကျောင်းမှာပဲ ပြန်လာထားတယ်။ ကျောင်းကြီး မသွားခင်အထိပဲ။
အချုပ်ကို ပြောရရင်တော့လေ တကယ် behavior ကောင်းတဲ့ ကလေးလေးတွေ ရှိသလို၊ မိဘရဲ့ မတရား အလိုလိုက်မှုတို့၊ မှားယွင်းတဲ့ သင်ယူမှုတို့ကြောင့် ဆိုးပေနေတဲ့ ညာဥ်ဆိုးနဲ့ ကလေးတွေအများကြီးရှိပါတယ်။
အသက်မပြည့်သေးလို့ ဆိုပြီး၊ ရှိစေတော့လို့ ထားတတ်တဲ့ မိဘတွေအနေနဲ့ အပင်ငယ်တဲ့အချိန်မှာ မပြုပြင်ပေးရင် အပင်ကြီးတဲ့အခါ အသီးအပွင့်ကတော့ ကောင်းမှာ မဟုတ်ဘူးဆိုတာပါပဲ။ (ဒိုး နိုင်ငံကြီး စောက်ဒုက္ခရောက်အောင် လုပ်ထားတဲ့ တစုံတခွေးကိုပဲ ကြည့်
။)
ကျတော်တို့ ခရစ်ယာန် ကျမ်းစာထဲမှာတော့ ဘယ်လို သင်ထားလဲ ဆိုရင် ကိုယ့်ကလေးကို ကြိမ်လုံးနဲ့ရိုက်တာ (ဆုံးမသွန်သင်တာ) ဟာ အသက်မသေနိုင်ပါဘူး၊ မရိုက်ပဲ (မဆုံးမပဲ) သူ့အလိုတိုင်း ထားလိုက်တာက သူ့ဝိညာဥ်၊ သူ့နှလုံးသားဟာ မရဏာ (ငရဲ) မှာ ရောက်သွားလိမ့်မယ်၊ ဝိညာဥ် သေလိမ့်မယ် လို့ သွန်သင်ပေးထားပါတယ်။
စာရှည်သွားရင်တော့ခွင့်လွှတ်ပါ။
ဇာတ်လမ်းတွဲ ကြည့်ရင်း တွေးစရာတွေရောက်လာတာရယ်၊ ကလေးများနေ့လဲ နီးလာတာရယ်ကြောင့် ရေးမိသွားပါတယ်။ မိမိ အတွေးများကိုလဲ လွတ်လပ်စွာ ဝင်ရောက်ရေးသား ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။
ချစ်သောငယ် 

Subscribe to:
Posts (Atom)