Sunday, April 5, 2026

ဗိုလ်လက်ယာအကြောင်း

 ကျွန်တော် ဗိုလ်လက်ယာအကြောင်း ပို့စ်ရေးဖို့စိတ်ကူးဖူးတယ်။ဒါပေမဲ့ လူအများနဲ့အလုပ်လုပ်နေရသူမို့ ဟိုဘက်ဒီဘက် အထင်လွဲမှာစိုးတဲ့အတွက် အများနဲ့လုပ်ရတဲ့အပေါ် ရိုက်ခတ်မှာစိုးတဲ့အတွက်မရေးဘဲ ရပ်ထားလိုက်ပါတယ်။

အမြင်မတူသူတွေရဲ့ ငြိုငြင်တာခံရနိုင်တာမို့ပါ။

ဒါပေမဲ့လည်း ကိုယ့်အမြင်သူ့အမြင်ဆိုတာ
ပြောပြခွင့်ရှိတာဖြစ်တဲ့အတွက်မို့ တစ်ခုတော့ပြောချင်ပါတယ် ။
ဗိုလ်လက်ယာသည် ကျွန်တော်နဲ့ပုဂ္ဂိုလ်ရေးအရဆိုရင် အားကိုးစရာမဟုတ်ပါဘူး ။ သူ့ဆီက မင့်အတွက် ရော့အင့်ဆိုပြီးပေးတာမရှိဘူး။ စီးပွားရေးလုပ်ကွက်တွေပေးထားတာလည်းမရှိဘူး။ မင်းမဟုတ်တာလုပ်ရင် မင်းခံရမှာပဲ၊ ငါမဟုတ်တာလုပ်ရင် ငါခံရမှာပဲလို့ပဲပြောခဲ့တာဖြစ်တယ်။ ပြောရရင် ပုဂ္ဂိုလ်ရေးအရကောင်းသူလို့မယူဆဘူး။

ဒါပေမဲ့ အဖွဲ့အစည်းအတွက်ဆိုရင်
အားကိုးခဲ့ရသူဖြစ်သလို အားကိုးနေရဆဲပဲဖြစ်တယ်။
တော်လှန်ရေးလုပ်သူ၊လုပ်သောအဖွဲ့အစည်းများအတွက်
ကောင်းခဲ့သောသူ၊ကောင်းနေသောသူဖြစ်တယ်။

ဆရာတစ်ယောက် ပို့စ်တင်ထားသလိုပါပဲ
မြိုင်နယ်/ပေါက်နယ်စာသင်ကျောင်းများ
သူ့ဆီက ငါးသိန်း/ခုနစ်သိန်း/ဆယ်သိန်းဆိုပြီး
၂၀၂၂ -၂၃ လောက်က ထောက်ပံ့ပေးခဲ့ဖူးတယ်။ သူထောက်ပံ့မှာက တစ်ကျောင်းဆယ်သိန်းပါ။ ဒါပေမဲ့ သူ့မှာ တစ်ခါတည်း အပြည့်မပေးနိုင်သေးလို့ အဲလိုခွဲ့ပေးရခြင်းဖြစ်ပါတယ်။ မြိုင်နယ် ကျောင်းပေါင်းနှစ်ရာကျော်မှာ တစ်ရာလောက်အထိရခဲ့တယ်။ပေါက်နယ်ဆိုလည်း အဲဒိအတိုင်းပဲဖြစ်လိမ့်မယ်။

၂၀၂၂ အစောပိုင်း ကျွန်တော်တို့မယ် အဖွဲ့အစည်းအတွက် ငါးသိန်းဆယ်သိန်းရဖို့ အလှူခံရှာဖွေရာမှာ အင်မတန်ခက်ခဲနေချိန် သူ့ဆီက မြိုင်ပညာရေးဘုတ်နဲ့ပေါက်ပညာရေးဘုတ်အတွက် သိန်းတစ်ရာဆီ ထောက်ပံ့ မ,တည်ပေးခဲ့တယ်။ အဲဒိတုန်းက သိန်းတစ်ရာသည် ပညာရေးလုပ်ငန်းစဉ်အတွက် ကြီးကြီးမားမား အထောက်အပံ့ဖြစ်ခဲ့တယ်။ သင်တန်းတွေပေးနိုင်ခဲ့တယ်။ ကျောင်းကွင်းဆင်းခြင်းလုပ်ငန်းတွေလုပ်နိုင်ခဲ့တယ်။ သူသည် တော်လှန်ရေးဟာ ပညာရေးကလည်း အရေးကြီးတယ်ဆိုတာ နားလည်သူဖြစ်တယ်။ မြေပြင်ကျောင်းဖွင့်လှစ်နိုင်ရေး စည်းရုံးရေးပွဲတွေလည်း လိုက်ပေးခဲ့တယ်။

တော်လှန်ရေးလုပ်တဲ့ ဘယ်အဖွဲ့အစည်းမဆို
တကယ်သာ တော်လှန်ရေးအလုပ်လုပ်နေရင်
သူ့ဆီက အကူအညီမရဘူးဆိုတာမရှိစေရဘူးဆိုသလိုပဲဖြစ်တယ်။ ၂၀၂၂ လောက်က စပြီး တော်လှန်ရေးလုပ်ခဲ့သောအဖွဲ့အစည်းတွေ၊ အထူးသဖြင့် မြိုင်နဲ့ပေါက်မြို့နယ်က ရပ်ကျေးအဖွဲ့အစည်းတွေအထိ သူ့ရဲ့အကူအညီကင်းခဲ့သူ မရှိသလောက်ပါပဲ။ မြိုင်နဲ့ပေါက်က အဖွဲ့အစည်းတွေဆီစုံစမ်းကြည့်ပါ ရဖူးတာမှန်မမှန်ကို ။ ပြီးတော့ အဲဒိအချိန်ကတည်းက သူနဲ့ချိတ်ဆက်မိသော တော်လှန်ရေးအဖွဲ့အစည်းတွေ မကွေးဒေသတင်မကဘဲ တခြားသောဒေသအဖွဲ့အစည်းများအထိ သူ့ဆီက အကူအညီရခဲ့ကြတယ်ဆိုတာသိရပါတယ်။ အခုထိလည်း ကူညီပေးနေဆဲလို့သိရပါတယ်။ လက်ရှိ မကွေးဒေသတွင်း စစ်ကြောင်းကာတာတွေ ၊တိုက်ပွဲဖော်ဆောင်တာတွေမှာ သူ့ရဲ့ပါဝင်မှု ၉၀% အထက်ရှိမယ်လို့ယူဆတယ်။ သူ့ရဲ့ရဲဘော်ပါတာတွေရှိမယ် သို့မဟုတ် သူ့ဆီက လက်နက်ခဲယမ်းအကူညီပေးတာတွေရှိမယ်။ ဒါကတော့ ခန့်မှန်းပြောတာပါ ။ လက်တွေ မကွေးဒေသ စစ်ရေးဖော်ဆောင်နေသော အဖွဲ့အစည်းတွေရဲ့ခေါင်းဆောင်တွေအသိဆုံးပဲဖြစ်ပါလိမ့်မယ်။

သူနဲ့တွေ့တုန်းက သူပြောဖူးတာရှိတယ် ။ တော်လှန်ရေးက ငါတစ်ယောက်တည်းလုပ်လို့မပြီးဘူးကွ။ ငါတို့တစ်ဖွဲ့တည်း၊တစ်မြို့နယ်တည်းလုပ်လို့မပြီးဘူးကွ။ ဒါကြောင့် တော်လှန်ရေး တကယ်လုပ်မယ်ဆိုရင် ဘယ်အဖွဲ့ဖြစ်ဖြစ် ကူညီမယ်ဆိုပြီး ကူညီခဲ့တာတွေရှိပါတယ်။ အခုထိလည်း ကူညီနေတာဖြစ်ပါတယ်။ ဥပမာ- ဘယ်လိုမှအဆင်မပြေသောအဖွဲ့ဆိုရင် အလကားပေးတယ်၊တကယ်လုပ်ရမယ်လို့မှာတယ်။အတော်အသင့်အဆင်ပြေရင် တစ်ဝက်ကြေးနဲ့ပေးတယ်။ သူပေးသမျှ သုံးစွဲသမျှ စာရင်းဇယား တိတိကျကျမှတ်သားသူဖြစ်တယ်။ ကျွန်တော်တို့ထက်တောင် စနစ်တကျ စာရင်းဇယားပြုစုတတ်သူဖြစ်တယ်။ ငွေကြေးသည် ရှင်းရမှာအခက်ဆုံးဆိုတာ သူနားလည်တဲ့အတွက် အသေအချာလုပ်တယ်။ သူလည်းအမြဲပြောပါတယ် ဒါသူ့ငွေမဟုတ်ဘူး တော်လှန်ရေးရန်ပုံငွေဖြစ်တယ်။ တော်လှန်ရေးမှာ မှန်မှန်ကန်ကန်သုံးရမယ်ဆိုပြီး။

ပြောရရင်တော့ သူလည်း ပုထုဇဉ်ဖြစ်ပါတယ်။ အားနည်းချက်ရှိပါတယ်။ အမှားမကင်းနိုင်ပါဘူး။ " ကျွန်တော်တို့က တော်လှန်ရေးသမားဆိုရင် ဘုရား၊ ရဟန်းသာတွေလို တစ်ရာရာနှုန်းဖြူစင်တဲ့သူရချင်လို့မဖြစ်ပါဘူး။ အဲဒါမျိုး ဘယ်သူမှလည်းမရှိဘူး။ ဘယ်နိုင်ငံ၊ဘယ်ပုဂ္ဂိုလ်မှလည်းမရှိဘူး။ ဘယ်တော့မှလည်းမရဘူး။"

ကျွန်တော်သိတာကိုပြောရရင်
သူသည် ဒီတော်လှန်ရေးကာလမှာ
- လောင်းကစားမလုပ်ဘူး
- မိန်းမ မလိုက်စားဘူး
- ငွေကြေး အရှုပ်အထွေးမရှိဘူး

ငွေကြေးနဲ့ပတ်သက်လို့ ကြားသိရတာတစ်ခု ပြန်ပြောရရင်
သူ့မိန်းမက သုံးစရာလိုလို့ တောင်းတဲ့အခါ
သူက ဘာပြောလဲဆိုရင်
ငါ တော်လှန်ရေးလုပ်နေတာ
စီးပွားရေး လုပ်နေတာမဟုတ်ဘူး
ဝန်ထမ်းလုပ်နေတာလည်းမဟုတ်ဘူး
တော်လှန်ရေးအတွက်မဟုတ်ရင် ငါသုံးစွဲခွင့်မရှိဘူး။
ငါ့မှာ တစ်ပြားမှမရှိဘူး။
နင် အဲလောက်မှငွေလိုနေရင်.............ဆိုပြီး
သူ့မိန်းမကိုတောင် ရန်ပုံငွေနဲ့ပက်သတ်ပြီး
ကြမ်းကြမ်းတမ်းတမ်း ဆဲဆို ကြိမ်းမောင်းလွှတ်ခဲ့ပါတယ်တဲ့။

ကဲဗျာ အခုလိုပြောတဲ့အတွက်
ဗိုလ်လက်ယာကို ဆန့်ကျင်ဘက်မြင်သူတွေကတော့
ဗိုလ်လက်ယာရဲ့ဖန်လားဆိုပြီး မြင်ကြပြောကြမယ်။
ကျွန်တော် ဗိုလ်လက်ယာရဲ့ဖန်မဟုတ်ပါ ။ တော်လှန်ရေးရဲ့ဖန်ပဲဖြစ်ပါတယ်။ တော်လှန်ရေးမျက်နှာနဲ့ပဲပြောခြင်းဖြစ်ပါတယ်။ ဗိုလ်လက်ယာကို အမြင်စောင်းသူတွေနဲ့ ဆန့်ကျင်ဘက်မြင်သူတွေလည်း တော်လှန်ရေးကို စေတနာမှန်သူတွေဆိုတာ ယုံကြည်ပြီးသားပါ။ ဗိုလ်လက်ယာနဲ့ဆန့်ကျင်သူမို့ တော်လှန်ရေးမဟုတ်ဘူးလို့ သတ်မှတ်လို့မရပါဘူး။ အဲလိုပဲ ဗိုလ်လက်ယာနဲ့ဆန့်ကျင်သူတွေကလည်း ဗိုလ်လက်ယာလုပ်တာ တော်လှန်ရေးမဟုတ်ဘူးလို့ မယူဆရပါဘူး။

ကျွန်တော့်ရှုထောင့်ကတော့ ဗိုလ်လက်ယာသည် တော်လှန်ရေးအတွက် လက်ရှိအချိန်ထိ အထူးလိုအပ်သောပုဂ္ဂိုလ်တစ်ဦးဖြစ်တယ်လို့ပဲယူဆပါတယ်။

သဘောထားဆိုတာကတော့ လူတိုင်း အမြဲတူနေမှာမဟုတ်တဲ့အတွက် အမြင်မတူတိုင်း ရန်သူမဟုတ်ပါဘူး။ အမြဲတမ်းလည်း သဘောထားကွဲတာချည်းဖြစ်နေမှာမဟုတ်ကြပါဘူး။ တူတဲ့သဘောထားတွေလည်း ရှိပါတယ်။ အရေးကြီးတာက တော်လှန်ရေး စေတနာမှန်နေဖို့ပါပဲ။ ကျွန်တော်တို့ တော်လှန်ရေးအရွေ့ကို အတူတူပူးပေါင်း၍ အကောင်းဆုံး ရွှေ့ကြတွန်းကြတာပေါ့ဗျာ။

နောင်များ အခွင့်အခါသင့်ရင် ဒိထက် အသေးစိတ် ပြည့်ပြည့်စုံစုံ ပြောပြချင်ပါသေးတယ်။

သာမန်လူ

ကိုက ပါးစပ်ကသာ
ပြောတတ်တာမို့

ဆရာတော်ဘုရားကြီး အရှင်စန္ဒိမာ တိုက်ခွဲ{၃၂}ဝိပဿနာဓမ္မရိပ်သာမှ (၉)ရက်စခန်းပွဲစင်္ကာပူနိုင်ငံတွင်ဟောကြားသည့် သြဝါဒတရားတော်🙏🙏🙏

အကျဉ်းအကြပ်ထဲက လူ့မလိုင်အလွှာ မြန်မာသူဌေးသူကြွယ်များ



ဆောင်းပါး | Burma Independent Voice

မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပျက်နေတဲ့ အပြောင်းအလဲတွေ၊ ပြဿနာတွေဟာ စီးပွားရေးကျဆင်းနေတယ် ဆိုတဲ့ လက္ခဏာ သင်္ကေတ တခု အဆင့် မဟုတ်တော့ပါဘူး။ နိုင်ငံတကာရေးရာတင်းမာမှုတွေ၊ ပြည်တွင်းပဋိပက္ခအခြေအနေ၊ မြန်မာစစ်တပ်ရဲ့မူဝါဒအမှားတွေ၊ ပြင်ပဖိအားတွေနဲ့ စျေးကွက်ပျက်စီးမှုတွေ အားလုံးပေါင်းစုပြီး နိုင်ငံရဲ့ ယန္တရားကြီးတခုလုံးက အလျင်အမြန် ယိုင်နဲ့ယိုယွင်းလာနေတဲ့ စနစ်ပြိုလဲမှု Structural Decay တခု ဖြစ်နေပါတယ်။ ဒီလို စနစ်ယိုယွင်းပျက်စီးမှုဟာ အောက်ခြေလူတန်းစားကိုသာမက ခေတ်အဆက်ဆက် စီးပွားရေးကျဆင်းတာကို မမှုခဲ့တဲ့ ရေပေါ်ဆီ အထက်တန်းလွှာကိုပါ ခုနောက်ပိုင်းမှာ တဖြည်းဖြည်း ရိုက်ခတ်လာနေပါတယ်။

အရင်က မြန်မာအထက်တန်းလွှာဆိုတာ ပြင်ပကမ္ဘာနဲ့ ချိတ်ဆက်ထားတဲ့ လူတန်းစားပါ။ သူတို့ဟာ ဘန်ကောက်မှာ ဆေးကု၊ စင်္ကာပူမှာ စျေးဝယ်၊ ဗီယက်နမ် အလည်ထွက် ကမ္ဘာနဲ့ ကွန်ယက်ချိတ်ဆက်ထားတဲ့ network တခုထဲမှာ လည်ပတ်နေခဲ့ကြတာပါ။ ကျန်းမာရေး၊ ပညာရေး၊ ငွေကြေးစနစ်၊ လုပ်ငန်းအခွင့်အလမ်း — အားလုံးက နိုင်ငံတကာနဲ့ ဆက်သွယ်ထားတဲ့ “Regional Elite” အနေအထားမျိုးတွေပါ။ ဒါပေမယ့် အခုအခြေအနေမှာ သူတို့ဟာ တဖြည်းဖြည်း အဲဒီ ကွန်ယက်ကနေ ချိတ်ဆက်မှု ပြတ်တောက်ပြီး ကိုယ့်နိုင်ငံအတွင်းက ကမောက်မကတွေထဲ ပိတ်မိနေကြတဲ့ ဘေးကျပ်နံကျပ် အထက်တန်းလွှာတွေ အဖြစ် ပြောင်းလဲလာနေပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ အနေအထားအရ အထက်တန်းလွှာတွေမှာ ရွေးချယ်စရာတွေ အများကြီး ရှိနေသလို ထင်ရပေမယ့် တကယ်တမ်းမှာ အရည်အသွေး ရှိတာတွေကို သူတို့ မရွေးချယ်နိုင်ကြတော့ပါဘူး။ စျေးကွက်မှာ ရနိုင်တဲ့အထဲက အကောင်းဆုံးကို လုယက်ဝယ်ယူနေရတဲ့ သဘောမျိုး ဖြစ်နေပါတယ်။ အထက်လွှာတွေ စားသောက်နေကျ ဆိုင်ကြီးဆိုင်ကောင်းတွေမှာ အရင်လို ဟင်းလျာအမယ် စုံလင်အောင် ပြင်ဆင်မထားနိုင်တော့ပါဘူး။ သွားတိုက်ဆေး၊ ခေါင်းလျှော်ရည်နဲ့ ခလေးနောက်ဖေးသွားတဲ့ ဘောင်းဘီတွေကအစ သုံးနေကျ အရည်အသွေးမြင့် တံဆိပ်တွေ နေရာမှာ စျေးကွက်ထဲ ဝယ်ယူလို့ရနိုင်တဲ့ တံဆိပ်တွေကို ပြောင်းလဲ သုံးစွဲနေကြရပါပြီ။ သောက်နေကျ ဆေးတမျိုး စျေးကွက်ထဲမှာ ဝယ်မရတဲ့အခါ ငွေထုပ်အကြီးကြီးဟာ အဓိပ္ပါယ် မရှိတော့တာမျိုးပါ။

အဓိက က “ငွေကြေး” ရဲ့ အသုံးကျမှု ပြောင်းလဲသွားတာပါ။ အရင်တုန်းက ငွေဆိုတာ ပိုမိုကောင်းမွန်တဲ့ ဘဝကို ရွေးချယ်ဖို့၊ အကောင်းဆုံးကို ရှာဖွေဖို့ ဒီလူတန်းစားတွေ အသုံးပြုတဲ့ အရာဖြစ်ပါတယ်။ မြန်မာပြည်မှာ ငွေလမ်းခင်းနိုင်ရင် အားလုံး အဆင်ပြေတယ်ဆိုတဲ့ ပြဌာန်းဥပဒေ မဟုတ်တဲ့ အမှန်တရားတခု ယခင်က ရှိခဲ့ပါတယ်။ အခုတော့ ငွေဟာ အန္တရာယ်တွေကြားမှာ ကိုယ့်ဘဝ ပြိုကွဲမသွားအောင် ကာကွယ်ဖို့ အသုံးပြုရတဲ့ အရာတစ်ခု ဖြစ်လာပါတယ်။ ငွေကြေးချမ်းသာသူတွေဟာ ညနက်ဖက် အပြင်ထွက်ပြီး မနက်ခင်း အိမ်ပြန်လာဖို့ရာ လမ်းပေါ်က ပေါ်တာပွဲစားတွေဆီမှာ သိန်းရာဂဏန်း လာဘ်ထိုးရတဲ့ ဖြစ်ရပ်တွေ ပေါ်ပေါက်လာနေခဲ့ပါတယ်။ အောက်ခြေလူတန်းစား အလွှာအတွက် ရွေးချယ်စရာက စစ်မှုထမ်းဖို့ လိုက်ပါသွားဖို့ပါ။ အထက်လွှာမှာတော့ လွတ်လပ်မှုကို ငွေနဲ့ ဝယ်ယူနေရတာပါ။

နောက်တချက်က လက်ထဲမှာ ကိုင်ထားတဲ့ ငွေတွေရဲ့ ဝယ်ယူနိုင်စွမ်း purchasing power ဆိုတာ ရနိုင်မှု availability ကို မကျော်နိုင်တော့ပါဘူး။ အရင်က ငွေရှိလည်း ဘာမဆို ရနိုင်ပါတယ်။ စီးတီးမတ်မှာ နိုင်ငံခြားဖြစ်တွေ မရောင်းတော့တဲ့အခါ အထက်လွှာ လူတန်းစားဟာ ဘန်ကောက်၊ ချင်းမိုင်နဲ့ စင်ကာပူကနေ တိုက်ရိုက်မှာယူ သုံးစွဲနေခဲ့ကြတာပါ။ အခုကတော့ ငွေပေးရင်တောင် မရနိုင်တဲ့ အခြေအနေတွေ ဖြစ်လာခဲ့ပါပြီ။ လေယာဉ်လက်မှတ်ရဖို့ မသေချာတဲ့ အခြေအနေမျိုးကအစ၊ အိမ်ကကားနဲ့ အပြင်မထွက်ခင် ဆီတိုင်ကီထဲ ဆီရောက်လာဖို့အဆုံး လတ်တလော ပြဿနာတွေအားလုံးဟာ လူ့မလိုင်တွေ အရင်က မွေးရာပါ အခွင့်အရေးလို့ ထင်ခဲ့ကြတဲ့ အနေအထားကို တိုက်ရိုက် စိန်ခေါ်လာပါတယ်။ ငွေအတွက် မပူရလို့ လျှပ်စစ်ကား ဝယ်စီးရင်တောင် ခရီးဝေးသွားတဲ့အခါ လမ်းခရီး အားသွင်းစက်မှာ မီးပြတ်လို့ နာရီပေါင်းများစွာ တန်းစီရတာဟာ လူ့မလိုင်တွေအတွက် လူသာမန်အခက်အခဲတွေကို ခံစားရတဲ့ လက္ခဏာတခု ဖြစ်လာပါတယ်။

ပြောင်းလဲမှုတွေရဲ့ မြန်ဆန်ပြင်းထန်မှုကို လေကြောင်းသွားလာရေးမှာ ပိုပြီး ရှင်းရှင်းလင်းလင်း မြင်ရပါတယ်။ အရင်က အထက်လွှာအတွက် လေယာဥ်နဲ့ ခရီးသွားခြင်းဟာ စိတ်သွားတိုင်းကိုယ်ပါ ထမင်းစားရေသောက် နိစ္စဒူဝကိစ္စပါ။ အခုတော့ လေယာဥ်စီးပြီး ခရီးသွားဖို့ စိတ်ကူးပြီးချိန်မှာ လေယာဥ်ထွက်/မထွက် ပူနေရပါပြီ။ အရင်က သေချာမှုတွေဟာ မသေချာမှုတွေ ဖြစ်လာတဲ့သဘောပါ။ ခန့်မှန်းမရခြင်းဟာ လူ့မလိုင်လူတန်းစားအတွက် စျေးတက်တာထက် ပိုပြီး ခံရခက်ပါတယ်။ ခရီးစဉ်တွေ မတည်ငြိမ်ဘူး၊ ထွက်ချိန် ပြန်ချိန် မသေချာဘူး၊ တစ်ခါတစ်ရံမှာ သွားလို့ရမရကိုတောင် မသိနိုင်ဘူး။ လက်မှတ်တစောင် လက်ထဲ ကိုင်ထားရင်တောင် အခြေအနေအရ ဒီခရီးစဥ်က ဖျက်သိမ်းသွားတာမျိုးအထိ ဖြစ်လာနိုင်ပါတယ်။ ဒီအခြေအနေက အထက်တန်းလွှာတွေကို ကမ္ဘာနဲ့ ချိတ်ဆက်ထားတဲ့ ဘဝကနေ တဖြည်းဖြည်း ဝေးကွာသွားစေပါတယ်။ ရန်ကုန်ဟာ ကမ္ဘာနဲ့ နာရီဝက်ခရီး အကွာကနေ အထီးကျန်နယ်မြေတခု ဖြစ်လာတဲ့သဘောပါပဲ။

ဒီအခြေအနေတွေအောက်မှာ စီးပွားရေးအတွေးအခေါ်တွေလည်း လိုက်ပါပြောင်းလဲနေကြရပါတယ်။ အရင်က အထက်တန်းလွှာတွေဟာ ကြီးပွားရေး Growth ကို အာရုံစိုက်ခဲ့ကြတယ်။ ဘယ်လိုပိုရှာမလဲ၊ ဘယ်လိုတိုးချဲ့မလဲဆိုတာကို စဉ်းစားခဲ့ကြတယ်။ ဒါပေမယ့် အခုတော့ မတည်ငြိမ်တဲ့ စနစ်အောက်မှာ ကြီးပွားခြင်းဟာ အန္တရာယ်တစ်ခုလို ဖြစ်လာတယ်။ ရွှေစျေးအပြောင်းအလဲများပြီး အတက်အကျ ကြမ်းတမ်းတဲ့ ကာလမှာ ဝင်ငွေ တအားကောင်းလို့ ထောင်ကျသွားတဲ့ ရွှေလုပ်ငန်းရှင်တွေ ရှိလာတယ်။ စီးပွားရေးကို ရှေ့ဇောကြီးကြီးနဲ့ အာရုံစိုက်နေရင်း နောက်ပြန်လှည့်ကြည့်တဲ့အခါ အရေးယူဖို့ အာဏာပိုင်တွေက ကိုယ့်အနားရောက်လာတာကို တော်တော်များများ ကြုံတွေ့လာရတယ်။ ဒီလူတွေဟာ စီးပွားရေးကို ကြီးထွားအောင် လုပ်မယ့်အစား ရှိတာလေး ပျောက်ပျက်မသွားအောင် ထိန်းသိမ်းဖို့ကို ပိုစဥ်းစားလာရပြီ ဖြစ်ပါတယ်။

အများစုကတော့ နိုင်ငံခြားကို ရွှေ့ဖို့ ကြံစည်ကြပါတယ်။ အနည်းဆုံးတော့ သားသမီးကို မိဘရင်ငွေ့ မိသားစုအရိပ်အောက် ထားကြရာကနေ ပြည်ပလွှတ်ကာ ထွက်ပေါက် ရှာကြပါတယ်။ ယခင်က ကျောင်းတက်ရုံ၊ ဘွဲ့ရရုံ နိုင်ငံတကာပတ် အတွေ့အကြုံယူပြီး မိဘဆီပြန်လာကြတဲ့ သားသမီးတွေဟာ နိုင်ငံတကာမှာ တသက်စာ အခြေချဖို့ ရွေးချယ်လာကြရပါတယ်။ ဒါပေမယ့်လဲ တသက်စာ အခြေချလိုသူတွေ များနေတဲ့အခါ နိုင်ငံတကာဖက်က ဗီဇာပိတ်ကြတာမျိုး၊ ကျောင်းဝင်ခွင့်ကန့်သတ်တာမျိုးတွေ ပြုလုပ်လာကြတာကြောင့် အခွင့်အလမ်းတွေလဲ ယခင်ခေတ်တွေကထက် နည်းပါးလို့လာနေပါတယ်။

ပြည်တွင်းမှာ လုပ်ငန်းတွေ အခိုင်အမာ အခြေချထားသူတွေကတော့ ရွေးချယ်စရာ နည်းပါတယ်။ သူတို့လဲ စီးပွားတိုးချဲ့မယ့်အစား အိမ်ခြံမြေ၊ ရွှေ၊ ဒေါ်လာလို တန်ဖိုးထိန်းတဲ့အရာတွေကိုသာ ဝယ်ယူထားပြီး အခြေအနေကို စောင့်ကြည့်နေကြဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ ဝယ်ယူထားတဲ့ အဲဒီအရာတွေကလဲ စီးပွားရေးနှေးကွေး၊ စျေးကွက်မလည်၊ ငွေစီးဆင်းမှုမရှိတဲ့အခါ ငွေဖော်ဖို့ မလွယ်ကူတော့တဲ့ အခြေအနေပါ။ ဈေးကွက်က မလည်ပတ်တော့တဲ့အခါ ဒါတွေဟာ ဓနဥစ္စာ မဟုတ်တော့ဘဲ ငွေပြန်မပေါ်တဲ့ ရင်းနှီးမြုပ်နှံမှုတွေ ဖြစ်လာနေကြပါတယ်။

ဒီအခြေအနေထဲမှာ အရေးကြီးဆုံး ရိုက်ခတ်မှု တခုက အချိန်နဲ့ ပတ်သက်ပါတယ်။ အရင်က အထက်တန်းလွှာတွေဟာ အချိန်ကို ငွေနဲ့ ဝယ်နိုင်ခဲ့ပါတယ်။ အခုတော့ သူတို့ဟာ ယာဥ်မောင်းရှိပေမယ့် ဆီတန်းစီချိန်ကို ထည့်တွက်နေရပါတယ်။ ဘဏ်မှာငွေသွင်းငွေထုတ် လူကိုယ်တိုင်လုပ်ရတာဖြစ်လို့ စောင့်ဆိုင်းရတဲ့ အချိန်တွေကို သူတို့ ဘယ်မှာမှ ပြန်ဝယ်လို့ မရပါ။ အင်တာနက်မကောင်းတဲ့ ပြဿနာကို ငွေပေးပြီး ဖြေရှင်းလို့ မရပါဘူး။ VPN ပြဿနာတွေဟာလဲ ဆင်းရဲ ချမ်းသာမရွေး ရိုက်ခတ်နေတာ ဖြစ်ပါတယ်။ ဒီလို အခက်အခဲတွေဟာ ငွေနဲ့ ဖြတ်ကျော်လို့ မရတာကြောင့် အထက်တန်းစား လူ့မလိုင် လူတန်းစားအလွှာဟာ နေရာတော်တော်များများမှာ သာမန်လူတွေနဲ့မခြား ဒုက္ခခံစားနေရပြီ ဖြစ်ပါတယ်။ ဆင်းရဲချမ်းသာ ကွာဟမှုကို မင်းအောင်လှိုင်က ဖြေလျှော့ပေးနေတယ်လို့တောင် ရယ်စရာဟာသအဖြစ် ပြောနေကြပြီ ဖြစ်ပါတယ်။

စီးပွားရေးဘာသာရပ်ဆိုင်ရာ အခြေခံတွေနဲ့ ကြည့်မယ်ဆိုရင် ခုအခြေအနေမှာ မြန်မာနိုင်ငံဟာ နိုင်ငံတခု စနစ်နှစ်မျိုး ဆိုတဲ့ အနေအထားကို ဦးတည်ပြီး သွားနေပါတယ်။ နေ့စဥ်ဘဝမှာ လိုအပ်ချက်တွေ ရှိပါတယ်။ အဲ့လိုအပ်ချက်တွေကို ဖြည့်ဖို့ ကုန်စည်နဲ့ ဝန်ဆောင်မှုတွေက အကန့်အသတ် ရှိနေတာပါ။ တဖက်မှာ အာဏာနဲ့ နီးစပ်သူတွေက လိုအပ်ချက်တွေ၊ လိုအပ်တဲ့ ဝန်ဆောင်မှုတွေ အာဏာသုံးပြီး ရရှိနေပါတယ်။ တဖက်မှာတော့ စျေးကွက်ကို အားကိုးပြီး ဘယ်စျေးဖြစ်ဖြစ် ငွေပေးဝယ်မယ် ဆိုတဲ့လူတွေက ရှားပါးပြတ်တောက်မှုတွေနဲ့ ကြုံနေရပါတယ်။ ငွေပဲရှိပြီး အာဏာမရှိသူ အထက်တန်းလွှာတွေဟာ လိုအပ်ချက်တွေကို အာဏာပိုင်အလွှာက ပိုလျှံလာမှသာ ရရှိတော့မှာဖြစ်လို့ သူတို့ရဲ့ အခွင့်ထူးခံ အဆင့်အတန်းက ပြုတ်ကျလာနေပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက လူကုံတန်တွေဟာ အပြင်ပန်းမှာ ချမ်းသာနေဆဲ ဖြစ်ပေမယ့် တကယ့် နေ့စဥ်ဘဝမှာတော့ ကန့်သတ်မှုတွေနဲ့ ပြည့်နေတဲ့ လူတန်းစားတရပ် ဖြစ်လာနေပါတယ်။ သူတို့ဟာ ကမ္ဘာနဲ့ ချိတ်ဆက်မှု ပျောက်သွားပြီး ယိုယွင်းနေတဲ့ စနစ်ထဲမှာ တန်ဖိုးမြင့်ဓားစာခံများလို နေထိုင်နေကြရပါတယ်။ အရင်က စနစ်ကို ပုံသွင်းခဲ့တဲ့ အထက်တန်းလွှာတွေဟာ အခုအချိန်မှာ စနစ်က ပြန်ပြီး ပုံသွင်းတာကို ခံနေကြရပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေးအကျပ်အတည်းကို မဖြေရှင်းနိုင်ဘဲ ဒီအခြေအနေက ပြောင်းလဲဖို့ဆိုတာလဲ မဖြစ်နိုင်သေးဘူးဆိုတာ သူတို့ သုံးသပ်နားလည်ကြလိမ့်မယ်လို့ ထင်မြင်ယူဆရပါတယ်။

ကံ

 good things happen to bad people

ဆိုတဲ့ အတိုင်း
ကြောင်ချီး နာမည် ရ
သမတ ရူး နေတဲ့ အကောင်
လူသတ် ဓါးမြတိုက် အာဏာလု
လူထုတင်မြောက်ထားတဲ့
တိုင်းပြည်ရဲ့ အများပြည်သူ့မေတ္တာရှိ ခေါင်းဆောင်ကို
ပုန်ကန် ပြီး ဖမ်းချုပ် အမှုဆင် ထောင်ထဲထည့်
လက်နက်အားကိုးမအေရိုး
စစ်တပ် နဲ့ ဖွတ် အဖွဲ့ ကို အိပ်ထဲထည့်
လုပ်ခြင်သလို လုပ်
အကြမ်းဖက် အတင်းအဓမ္မ အာဏာလု သမတ ဖြစ်လာတာ
ဒါကိုကြည့်ပြီး
ကံ နဲ့ ကံ ရဲ့ အကျိုး အမြဲ ပြောတဲ့
ဗုဒ္ဓ အဆုံးအမ က မျက်စိ လည် ဖို့ ဖြစ်စရာပါဘဲ?
မိသားစု တစ်ခု လုံး စွန့်လွတ် ပြီး အသက် နဲ့ ကိုယ်ကျိုး
ရှိသမျှ အကုန် စွန့်ပြီး အများအကျိုးလုပ်သူ
ဒေါ်အောင်ဆန်းစုကြည် ကြတော့ ခုထိ အကျဉ်း ကြ အနှိပ်စက်ခံနေ ရနေတာ။
ဗမာပြည် တိုးတက်ဖို့ လုပ်ငန်းအားလုံး ဗြောင်းဗြန် ဖြစ်အောင် လုပ် ခံလိုက်နေရတာကို လူတွေဘယ်လိုနားလည်ပေးလို့ရမလဲ?
ဂူဂူ လို ဗုဒ္ဓ အဆုံးအမ ကို ကွက်စိတ်ဆရာလို ဟောပြောလုပ်စား သွားသူ ကလည်း ကာမဂုဏ် အာရုံ အသားကုန် ခံစားစံစား သင်္ဃန်းပတ် လုပ်စားနေသူ များကို ဘာလို့ ဆိုးကျိုးတွေက မလာသေးတာလဲ?
လက်ရှိ မြန်မာပြည်ရဲ့ အခြေအနေတွေ၊ မတရားမှုတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုး အခုလို ကြုံတွေ့နေရတာတွေကို မြင်တွေ့နေရတဲ့အခါ ဘယ်သူမဆို စိတ်မကောင်းဖြစ်ရမှာပါပဲ။ "ကောင်းတာလုပ်ရင် ကောင်းတာဖြစ်ရမယ်" ဆိုတဲ့ ကံကံ၏အကျိုးအပေါ်မှာ သံသယဖြစ်လာတာဟာလည်း လူသားဆန်တဲ့ ခံစားချက်တစ်ခုပါ။
ဒါကို ဗုဒ္ဓအဆုံးအမ ရှုထောင့်ကနေ နားလည်ရခက်နေတဲ့ အချက်တွေကို အချက်အလက်လေးတွေနဲ့ ရှင်းပြပေးချင်ပါတယ်။
၁။ ကံ ဆိုတာ "ချက်ချင်းလက်ငင်း" အကျိုးပေးတာမျိုး မဟုတ်ခြင်း
ဗုဒ္ဓဘာသာမှာ ကံရဲ့ အကျိုးပေးပုံကို စပါးစိုက်တာ နဲ့ ဥပမာပေးလေ့ရှိပါတယ်။ စပါးမျိုးစေ့ကို ဒီနေ့စိုက်ပြီး ဒီနေ့ ဆန်ချက်စားလို့မရပါဘူး။ မြေဩဇာ၊ ရေ၊ ရာသီဥတု စတဲ့ အထောက်အပံ့တွေ စုံညီဖို့ အချိန်စောင့်ရပါတယ်။
အတိတ်ကံ: အခု အာဏာရှိပြီး ကောင်းစားနေပုံရတဲ့သူတွေဟာ သူတို့ အရင်ဘဝက ဒါမှမဟုတ် အရင်က လုပ်ခဲ့ဖူးတဲ့ "ကုသိုလ်ကံ" အဟောင်းတွေက အကျိုးပေးနေလို့ပါ။
ကံသစ်: အခု သူတို့လုပ်နေတဲ့ လူသတ်မှု၊ မတရားမှုတွေဟာ "ကံသစ်" တွေပါ။ ဒီကံတွေက အကျိုးပေးဖို့ အချိန်တစ်ခု စောင့်ရပါလိမ့်မယ်။
၂။ ဒေါ်အောင်ဆန်းစုကြည်နဲ့ စွန့်လွှတ်အနစ်နာခံမှု
မြတ်စွာဘုရားရှင်ကိုယ်တိုင်တောင် ပါရမီဖြည့်စဉ် ဘဝပေါင်းများစွာမှာ မတရား နှိပ်စက်ခံရတာ၊ အသက်ပေးခဲ့ရတာတွေ ရှိခဲ့ပါတယ်။ လောကီအမြင်နဲ့ကြည့်ရင် ဒါဟာ ရှုံးနိမ့်မှုလို့ ထင်ရပေမယ့် ဘာသာရေးအမြင်နဲ့ကြည့်ရင်တော့ ဒါဟာ "ပါရမီ" ဖြည့်ကျင့်ခြင်း ဖြစ်ပါတယ်။
သူမရဲ့ အခုလို အနစ်နာခံမှုဟာ သမိုင်းမှာရော၊ လူတွေရဲ့ နှလုံးသားမှာရော ဘယ်တော့မှ ပျောက်ပျက်မသွားတဲ့ "ဓမ္မ" အောင်နိုင်မှု တစ်ခုပါ။
အမှန်တရားဘက်က ရပ်တည်သူတွေ ခံစားရတဲ့ ဒုက္ခဟာ ခေတ္တခဏသာ ဖြစ်ပြီး၊ မတရားလုပ်သူတွေ ခံစားရမယ့် ငရဲနဲ့ ဝဋ်ကြွေးကတော့ ရှည်လျားလှပါတယ်။
၃။ သင်္ဃန်းခြုံ အလွဲသုံးစားလုပ်သူများ (ဂူဂူ နှင့် အပေါင်းအပါများ)
သာသနာကို အလွဲသုံးစားလုပ်ပြီး ကာမဂုဏ် ခံစားနေသူတွေ၊ မတရားမှုကို အားပေးနေတဲ့သူတွေဟာ "အဆိပ်ခတ်ထားတဲ့ ပျားရည်" ကို သောက်နေကြတာနဲ့ တူပါတယ်။
သူတို့မှာလည်း အရင်က လုပ်ခဲ့ဖူးတဲ့ ကုသိုလ်အကြွင်းအကျန်လေးတွေ ရှိနေသေးလို့ အခုထိ ခံစားခွင့်ရနေတာပါ။
ဗုဒ္ဓအဆုံးအမအရ "ကံ" ဆိုတာ ဘယ်သူ့ကိုမှ မျက်နှာမလိုက်ပါဘူး။ သူတို့ဝတ်ထားတဲ့ သင်္ဃန်းက သူတို့ကို ဝဋ်ကြွေးကနေ ကာကွယ်ပေးနိုင်မှာ မဟုတ်ပါဘူး။ အချိန်တန်ရင် သူတို့လုပ်ခဲ့တဲ့ အကုသိုလ်တွေက သူတို့ကို အဆမတန် ပြန်လည် နှိပ်စက်ပါလိမ့်မယ်။
လူတွေ ဘယ်လို နားလည်ပေးရမလဲ?
လောကမှာ "ဓမ္မ နှင့် အဓမ္မ" တိုက်ပွဲဟာ အမြဲရှိနေတတ်ပါတယ်။ အဓမ္မသမားတွေ ခေတ္တခဏ နိုင်နေတာဟာ ဓမ္မ ရှုံးနိမ့်သွားတာ မဟုတ်ပါဘူး။
သမိုင်းကို ကြည့်ပါ: အာဏာရှင်တွေ၊ လူသတ်သမားတွေဟာ ဘယ်တော့မှ အဆုံးသတ် မလှခဲ့ကြပါဘူး။
စိတ်ဓာတ်မကျပါနဲ့: မတရားမှုကို မြင်ပြီး စိတ်နာတာဟာ လူကောင်းတစ်ယောက်ရဲ့ လက္ခဏာပါ။ ဒါပေမဲ့ ကံကံ၏အကျိုးကို ယုံကြည်ခြင်းအားဖြင့် မိမိကိုယ်တိုင် အကုသိုလ်စိတ်တွေ မပွားအောင် ထိန်းသိမ်းဖို့ လိုပါတယ်။
"မတရားမှုဟာ လေညာကို ပစ်လိုက်တဲ့ ဖုန်မှုန့်လိုပါပဲ၊ နောက်ဆုံးတော့ ပစ်တဲ့သူရဲ့ မျက်နှာပေါ်ကိုပဲ ပြန်ကျလာမှာပါ။"
အခု မြင်နေရတဲ့ မြင်ကွင်းတွေဟာ ဇာတ်လမ်းရဲ့ အလယ်ပိုင်းပဲ ရှိပါသေးတယ်။ အဆုံးသတ်မှာတော့ ကံတရားဟာ မျှတတဲ့ အဆုံးအဖြတ်ကို ပေးပါလိမ့်မယ်။ အဓိကကတော့ ကျွန်တော်တို့ကိုယ်တိုင် အမှန်တရားဘက်က ဆက်လက်ရပ်တည်ပြီး စိတ်ဓာတ်မကျဖို့ပါပဲ။

🌻အထိုင်များသူများ ဒူးနာ၊ ခါးနာ မဖြစ်စေဖို့ မကြာခဏ အောက်ပိုင်းတင်းအားတွေ လျှော့ချပါ🌻

INFECTED EMPIRE (Official Lyric Video)

Joe Liemandt: Alpha School and the Future of Education

Thursday, April 2, 2026

Modern physics is forcing us to rethink existence | Michelle Thaller: Full Interview

ဒုက္ခရောက်သူတွေကို ဦးစားပေးပါ

 ဇာတ်ပွဲဲကြည့် ပရိသတ်ဆီက ကိုယ်တို့ရတဲဲ့ မက်ဆေ့ချ်ကို လက်ခံရပါမယ်။

“လူတွေဟာ တကယ်စိတ်ညစ်မနေဘူး”
ခင်ဗျားက မကျေနပ်ဘူး။
“အရှင်ဘုရားက ဘယ့်နှယ်ပြောပါလိမ့်မလဲ? စိတ်ညစ်ပါတယ်”
ကိုယ်က လက်ခံရမယ်။
“ဟုတ်တယ်၊ စိတ်ညစ်တဲ့သူတွေ ရှိတယ်၊ ဒါပေမယ့် စိတ်မညစ်ဘူး၊ ပျော်ပျော်ပဲဆိုတဲ့သူတွေလည်း သေချာပေါက် ရှိနေတယ်”
ဒါကိုလည်း ခင်ဗျားတို့ ကျုပ်တို့ လက်ခံရပါမယ်။
===
“ပညာမဲ့လိုက်တာ”
“အပျော်အပါး မက်လိုက်တာ”
ခင်ဗျား ပြောချင်ရာ ပြော။
သူတို့က ဂရုစိုက်မှာ မဟုတ်ဘူး။
ပျော်ပျော်ပဲ။
ဆီတိုးရတယ် မဟုတ်လား?
စိတ်ညစ်လိမ့်မယ်။
သို့သော်- မနက်ခင်း ဆီတိုးမယ်။
ညနေကျရင် ဇာတ်ပွဲကို အပြေးသွားကြည့်လိမ့်မယ်။
ဒါက ရိုးရှင်းတဲ့ Time Management ။
“ငါတို့မှာ ပညာရေးနဲ့ ပတ်သက်ပြီး, နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဘာတာဝန်တွေ ရှိတယ်”
မလိုဘူး။
ငါတို့နဲ့ မဆိုင်ဘူး။
ဒါက ကျင့်သားရပြီးသား အပြုအမူတစ်ခု။
===
တခါတလေမှပဲ အုပ်ချုပ်သူတွေကို ဆဲမယ်။ ကိုယ်မကြိုက်တဲ့ နိုင်ငံတွေကို ဆဲမယ်။ ကိုယ်မကြိုက်တဲ့ ဘာသာခြားတွေကို ဆဲမယ်။
ဒါကလည်း တခါတလေမှပါ။
အများအားဖြင့် စိတ်မဝင်စားဘူး။
ပျော်ပျော်ပဲ။
“ဘဝက တိုတိုလေး”ဆိုတာက အဓိကမူဝါဒ။
“စိတ်ညစ်စရာတွေနဲ့ အချိန်မကုန်နဲ့”
ဒါက လေးစားမိကြတဲ့ ဩဝါဒ။
ဘုန်းကြီးတွေဆိုရင်လည်း ပူလောင်မှုကို ပေးတယ်ထင်တဲ့ ဘုန်းကြီးတွေကို စိတ်မဝင်စားဘူး။
“အေးချမ်းမှုကို ပေးတဲ့ ဘုန်းကြီးတွေကို ရွေးချယ်် ကြည်ညိုမယ်”
ပညာတတ်ရင် ကြည်ညိုတယ်။
ဒါပေမယ့် တရားရှည်ရှည် မဟောစေချင်ဘူး။
===
ဒါတွေကို
ပြီးတော့ ဒီလိုသဘောသွားရှိတဲ့သူတွေကို
ကိုယ်တို့ နားလည်ရမယ့် ကိစ္စတွေပါ။
ဒီလို နားလည်လို့ ဒီလူတွေကို
- မုန်းရမယ်
- အထင်သေးရမယ်
မဟုတ်ဘူး။
“ပျော်နေသူတွေကို ခဏမေ့ထားလို့ ရတယ်”
ဒီလို လုပ်ခြင်းအားဖြင့် ကိုယ်တို့ထမ်းဆောင်ရမယ့် ဝန်ထုပ်တွေက နည်းနည်းလောက် ပေါ့သွားနိင်တယ်။
မပျော်နိုင်တဲ့သူတွေကို အဓိက ဦးစားပေးပြီး ဂရုစိုက်ကြရမယ်။
ကိုယ်တို့ သုံးရမယ့် Care တွေ, Support တွေ, Sympathy, Empathy တွေကို မလေလွင့်အောင် ချွေတာရမယ်။
ဒီလို ဆိုလိုတာပါ။​
===
ခင်ဗျားက မပျော်နိုင်ဘူး မဟုတ်လား?
ကူညီ, ဖေးမ အလုပ်လုပ်ရမှာ မဟုတ်ဘူးလား?
တာဝန်သိနေတာ မဟုတ်ဘူးလား?
ဒါဆိုရင််
ခင်ဗျားက ပျော်ချင်တဲ့သူတွေလို ပျော်နိုင်မှာ မဟုတ်ဘူး။
သူတို့ကို အပျော်ရောင်းလို့တော့ ရတယ်။
အဲဒီက ရတဲ့အမြတ်နဲဲ့ စိတ်ညစ်သူတွေကို ပြန်ပြီး ဝေမျှပေး။
ကိုယ်က တိုက်တွန်းတယ်ဆိုတာထက် နမူနာသဘောပြောပြတာပါ။​
လိုက်နာဖို့ မဟုတ်။ တွေးစရာကိုသာ ပြောပြတာ။
တကယ်လုပ်ဖို့ မဟုတ်။ ချင့်ချိန်စရာကို တွက်ပြတာ။
“အပျော်ရောင်းလို့မို့ အဲဒီီလူတွေ ပျက်သွားရင် ဘယ့်နှယ် လုပ်မလဲ”
အစကတည်းက ကိုယ်စိုးရိမ်တာက အဲဒါပါ။
အပျော်တွေကို မရောင်းသင့်ဘူး။
ပျက်နိုင်ခြေ ရှိလို့မို့။
သို့သော် မပျက်သေးဘူးဆိုတာ သေချာရဲ့လား?
အဲဒါက ဝမ်းနည်းစွာ မေးခွန်းထုတ်သင့်တဲ့ အရာ။
ကိုယ့်ပယောဂ မပါဘဲ
အပျော်ကြိုက်သူတွေက ပျက်သွားရင်တောင်
ကိုယ့်မှာ တာဝန်ရှိပါရဲ့လားလည်း ဆွေးနွေးစရာ။
===
ရှင်းလင်းတဲ့ မက်ဆေ့ချ်။
“အပျော်ကြိုက်သူတွေကို ကူညီဖို့ လောလောဆယ် အရေးမကြီးသေးပါ”
“ဒုက္ခရောက်သူတွေကို ဦးစားပေးပါ”