Thursday, January 8, 2026

မျက်ရည်နဲ့ ယတြာ | စင်္ကာပူ Vs မြန်မာ

 မျက်ရည်နဲ့ ယတြာ Part 1 | စင်္ကာပူ Vs မြန်မာ

�၁၉၅၀ ခုနှစ်လောက်က အာရှရဲ့ အချမ်းသာဆုံး ဖြစ်လာမယ့်နိုင်ငံကို မေးရင် အားလုံးက "မြန်မာပြည်" လို့ ဖြေခဲ့ကြဖူးတယ်။ ဒါပေမဲ့ နှစ် ၆၀ ကြာတဲ့အခါမှာတော့ ရေဝယ်သောက်ရတဲ့ "ရွှံ့အိုင်" လေးက ကမ္ဘာ့ထိပ်သီးဖြစ်သွားပြီး၊ ရွှေနိုင်ငံကြီးကတော့ မီးစက်သံတွေကြားမှာ ကျန်ရစ်ခဲ့တယ်။ ဒါဟာ ကံတရား မဟုတ်ပါဘူး၊ "ရွေးချယ်မှု" ပါ။ လီကွမ်ယုရဲ့ မျက်ရည်၊ အစ္စရေးကို မက္ကဆီကန်လို့ လိမ်ပြောခဲ့တဲ့ လျှို့ဝှက်ချက် နဲ့ ဦးနေဝင်းရဲ့ ၄၅ ကျပ်တန် ငွေစက္ကူတွေအကြောင်း... သမိုင်းရဲ့ လွဲချော်မှုကြီးကို ဒီ Video မှာ နားဆင်ကြည့်ပါ။

မျက်ရည်နဲ့ ယတြာ Part 2 | စင်္ကာပူ Vs မြန်မာ
နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့အတွက် ယုတ္တိလိုသလား ယတြာလိုသလား? စင်ကာပူက ရှင်သန်ရပ်တည်ရေး စိုးရိမ်စိတ် နဲ့ တိုင်းပြည်ကို တည်ဆောက်ခဲ့ချိန်မှာ၊ မြန်မာပြည်က မာန နဲ့ တိုင်းပြည်ကို ဖြိုချခဲ့ပါတယ်။ လမ်းမောင်းစနစ် ပြောင်းတာကနေ၊ ငွေစက္ကူ ဖျက်သိမ်းတာအထိ... ကျွန်တော်တို့ ဘယ်နားမှာ လမ်းမှားခဲ့လဲဆိုတာကို သမိုင်းသင်ခန်းစာတွေနဲ့အတူ တင်ဆက်ထားပါတယ်။
မင်းသားကနေ သူတောင်းစား ဖြစ်သွားရတဲ့ ဇာတ်လမ်း။ တစ်ဖက်မှာ ဒေါ်လာ ၈ သောင်းခွဲ၊ တစ်ဖက်မှာ ဒေါ်လာ ၁ ထောင်။ တစ်ဖက်မှာ Marina Bay Sands၊ တစ်ဖက်မှာ Ghost City နေပြည်တော်။ ဒီကွာခြားချက်ကြီး ဘယ်လိုဖြစ်လာလဲ? ၁၉၆၀ ကာလတွေဆီ အချိန်ပြန်သွားပြီး သမိုင်းရဲ့ "အကြီးကျယ်ဆုံး လွဲချော်မှု" ကို အတူတူ လေ့လာကြည့်လိုက်ပါ။

ဆယ်​ကျော်သက် သမီး​လေးကို သင်​ပေးဖြစ်​သော......

သမီး​လေးက ငယ်ငယ်တုန်းက အိမ်မှာ စကားများ​ပေမဲ့ ​ကျောင်းမှာ စကားနည်းပါတယ်။

အခုကြီးလာ​တော့ အိမ်မှာ​ရော ​ကျောင်းမှာပါ စကား​တွေပို ​ပြောလာပါတယ်။ အထူးသဖြင့် ​ကျောင်းမှာဆို စကားများတဲ့က​လေး​တွေထဲမှာ ပါပါတယ်။
​တော်​တော် ခင်တဲ့ သူငယ်ချင်း​တွေနဲ့ဆို ​ပြောစရာ​တွေက မကုန်နိုင်​အောင်ပါပဲ။
သက်တူ ရွယ်တူ အမြင်​တွေတူ​တော့ အချင်းချင်း စကား​ပြောရတာ သူတို့အတွက် ​ပျော်စရာ၊ အပန်း​​ဖြေစရာ တစ်ခုလိုပါပဲ။

​မေ​မေကိုယ်တိုင်ကလည်း စကားများတဲ့သူဆို​တော့ အခုလို သူငယ်ချင်း​တွေနဲ့ စကားတ​ပြော​ပြော သွက်သွက်လက်လက်​လေး ဖြစ်လာတာ သ​ဘောကျပါတယ်။ အားလည်း ​ပေးပါတယ်။

ဒါ​ပေမဲ့ မကြာခင် လူကြီးဖြစ်လာ​တော့မှာ ဆို​တော့ အများနဲ့ ဆက်ဆံတဲ့အခါ စကားမှားနိုင်တဲ့ အ​ခြေအ​နေ​လေး​တွေ၊ တိတ်တိတ်​နေသင့်တဲ့ အ​ခြေအ​နေ​လေး​တွေကိုလည်း အခုထဲက တဖြည်းဖြည်း သင်​ပေးဖြစ်ပါတယ်။

ဘယ်အချိန်မှာ တိတ်တိတ်​နေသင့်တယ် ဆိုတာ သိဖို့၊ ကိုယ့်ပါးစပ်ကိုယ် ထိန်းနိုင်ဖို့၊ pause button ​လေးကို အချိန်မီ နှိပ်နိုင်ဖို့ ဆိုတာ အ​လေ့အကျင့်​တွေ လိုပါတယ်။

■ အ​ကြောင်းအရာ တစ်ခုကို ​သေ​သေချာချာ မသိဘဲ ထင်မြင်ချက်​တွေ ဝင်မ​ပေးမိဖို့

■ကိုယ်မကျွမ်းကျင်တဲ့ field ​တွေကို ဝင်မ​ဆွေး​နွေးမိဖို့

■အကျိုးမရှိ အသုံးမဝင် ဘယ်သူမှ တန်ဖိုးမထားတဲ့ အကြံဥာဏ်မျိုး​တွေနဲ့ ဆရာဝင် မ​လုပ်မိဖို့

​■ကောင်းတဲ့ ခံစားချက်ပဲ ဖြစ်ဖြစ်၊ ဆိုးတဲ့ ခံစားချက်ပဲဖြစ်ဖြစ် စိတ်ခံစားမှု​တွေ ပြင်းထန်​နေတဲ့ အချိန်မျိုး ( ဝမ်းနည်း​နေတဲ့အခါ၊ စိတ်တို​နေတဲ့ အခါ၊ စိတ်လှုပ်ရှား​နေတဲ့ အခါ၊ အ​ပျော်လွန်​နေတဲ့ အခါ) မှာ စကား​တွေ အများကြီး မ​ပြောမိဖို့

■ တခြားတစ်​ယောက်​ယောက် စိတ်တို ​ပေါက်ကွဲ​နေတဲ့ အချိန်မှာ တစ်ခုခု ဝင်မ​ပြောမိဖို့

■သူငယ်ချင်းက ဝမ်းနည်း​နေတဲ့အခါ၊ ရှက်ရွံ့​နေတဲ့အခါ၊ ကိုယ်​ရေးကိုယ်တာ ပြသနာ တစ်ခုခု ရှိ​နေတဲ့အခါ စာနာစိတ်​လေးနဲ့ အလိုက်တသိ တိတ်တိတ်​လေး ​နေ​ပေးဖို့

■အမုန်းစကား​တွေ၊ အတင်းအဖျင်း​တွေကြားမှာ ဝင်မရှုပ်မိဖို့

■သူတပါး ထိခိုက်နာကျင်​စေမယ့် စကားမျိုးကို စိတ်လိုက်မာန်ပါ မ​ပြောမိဖို့

■တစ်​ယောက်​ယောက်က ရင်ဖွင့်​နေတဲ့ အချိန်မှာ ကြားဖြတ်မ​ပြောဖို့

■သူတစ်ပါးရဲ့ လျှို့ဝှက်ချက်ကို ​စောင့်ထိန်း​ပေးဖို့

■အပြုသ​ဘော မ​ဆောင်တဲ့ အဆိုးမြင်သက်သက် ​ဝေဖန်တိုက်ခိုက်မှု​တွေကို ခွန်းတုံ့မပြန်ဖို့.....

စသဖြင့် သမီးကို သတိ​ပေးဖြစ်ပါတယ်။

တချို့ အ​ခြေအ​နေ​တွေမှာဆို တိတ်တိတ်​နေခြင်းက အ​ကောင်းဆုံး ပြသနာ ​ဖြေရှင်း​နည်းတောင် ဖြစ်​နေတတ်ပါတယ်။

စကား​ပြောတယ်ဆိုတာ ကခုန်သလိုပဲ ဆိုတဲ့ ဥပမာ​လေး ကြားဖူးပါတယ်။ ဘယ်အချိန် ​ရှေ့တိုးရမယ်၊ ဘယ်အချိန် ​နောက်ဆုတ်ရမယ်၊ ဘယ်အချိန် ရပ်​နေရမယ် ဆိုတဲ့ စည်းချက်​တွေကို ကျွမ်းကျင် ပိုင်နိုင်​​နေတာလည်း ​ကြိုးစား ​လေ့ကျင့်သင့်တဲ့ စကား​ပြော စွမ်းရည် တစ်ခုပါပဲ။

Dr.May Mon
14th Nov 2024

Tuesday, January 6, 2026

ဘယ်သူမှ သေချာမရှင်းပြတဲ့ Heart Rate Variability (HRV) အကြောင်း



“ငါ့သားရယ်၊ အဖေနှစ်သစ်မှာ ငွေလည်း မလိုဘူး၊ ရွှေလည်း မလိုဘူး၊ HRV မြင့်တာပဲ လိုချင်ပါတယ်” လို့ ဘယ်သူမှ ပြောတာကြားဖူးမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီစာလေးဖတ်ပြီးသွားရင်တော့ နှစ်သစ်မှာ HRV မြင့်တာပဲ​လိုချင်ပါတယ်ဆိုတဲ့ လူတွေပေါ်လာနိုင်ပါတယ်။ ​Heart Rate Variability (HRV) ဆိုတာကို ကျွန်တော့်အနေနဲ့ Apple, Garmin, Fitbit စတဲ့ Smart Watch တွေမှာ အလိုအလျှောက်တိုင်းတာပေးတဲ့ တိုင်းတာမှုတစ်ခုအဖြစ် စသိခဲ့ပေမယ့် HRV ရဲ့ အရေးပါပုံနဲ့ စိတ်ဝင်စားစရာ နောက်ခံသမိုင်းကြောင်းတွေကို မသိခဲ့ပါဘူး။ အရင် ကျွန်တော်ဝတ်ခဲ့တဲ့ Apple Watch မှာ Apple က ရေးပေးထားတယ်၊ HRV ဆိုတာ နှလုံးခုန်နှုန်းစည်းချက်တွေကြားက မူမမှန်မှုကို တိုင်းတာထားတဲ့ Milliseconds (ms) လေးတွေရဲ့ ပျမ်းမျှကို ယူထားတာပါတဲ့၊ မြင့်လေကောင်းလေဖြစ်ပါတယ်တဲ့။ ဒီလောက်ပဲ ကျွန်တော်လည်း သိခဲ့တာပါ၊ မြင့်ရင် ကောင်းတယ်ပေါ့လေ။ HRV နဲ့ ပတ်သက်လာရင် အရင်ထဲက သတိထားမိတာကတော့ HRV သည် အရက်ဘီယာဝိုင် (Alcohol) တစ်ခုခုများသွားတာ၊ ဒါမှမဟုတ် အရမ်းပင်ပန်းတာမျိုးနဲ့ အိပ်ရေးပျက်တာမျိုးဆိုရင် နောက်တစ်နေ့မှာ ထိုးကျတတ်ပါတယ်။ ကျွန်တော့်အတွက် Alcohol ကတော့ HRV အပေါ်မှာ အကြီးမားဆုံး Effect ရှိတာ သတိထားမိခဲ့ပါတယ်။ HRV မြင့်တဲ့ နေ့တွေမှာ နေရောင်ခြည်လေး ကျပုံနဲ့ လေတိုက်ပုံလေးကအစ လောကကြီးက သာယာလိုက်တာဆိုတဲ့ ခံစားချက်မျိုးကို ရဖူးကြမှာပါ။ HRV နိမ့်တဲ့ နေ့တွေဆိုရင် အသက်ရှူရတာတောင် ခက်ခဲလေးလံနေတတ်ပြီး ခေါင်းအုံခေါင်းကိုက်နဲ့ လောကကြီးက မသာယာဖြစ်နေတာကို ခံစားရပါတယ်။

ဒီတလော ခရီးတွေထွက်ရင်း အိပ်ရေးပျက်တာရော၊ နှစ်ကူးညပတ်လည်မှာ အပျော်နည်းနည်းများသွားတာရောကြောင့် ကျွန်တော် HRV ၃ ရက်လောက်ဆက်ပြီး ကျဆင်းလာတာနဲ့​ သွားကြုံပါတယ်။ ထုံးစံအတိုင်း ဘယ်လိုအမြန် HRV ပြန်တက်အောင် လုပ်ရမလဲ​ရှာဖွေရင်းနဲ့ ဒီ HRV ဆိုတာ တော်တော်စိတ်ဝင်စားစရာ ကောင်းပါလားဆိုတာ သွားတွေ့ပါတယ်။ အရင်ကသိသလို မြင့်ရင် ကောင်းတယ်ဆိုတာထက် ပိုပြီး စိတ်ဝင်စားစရာတွေရှိနေပါတယ်။ ပထမဆုံး ပြောပြချင်တာကတော့ HRV ဆိုတာ တစ်ယောက်နဲ့ တစ်ယောက် နှိုင်းယှဥ်တာထက် ကိုယ့်ရဲ့ နေ့စဥ်ရက်ဆက်တိုင်းတာထားတဲ့ Trend ကိုသာ နှိုင်းယှဥ်သင့်တဲ့ တိုင်းတာမှုတစ်ခုဖြစ်ပါတယ်။ VO2 Max လိုမျိုး တစ်ယောက်နဲ့ တစ်ယောက်နှိုင်းယှဥ်ကြည့်လို့ရတဲ့ Absolute Metric တစ်ခုမဟုတ်ပါဘူး၊ HRV က Relative Metric လို့ခေါ်တဲ့ ကိုယ်နဲ့ကိုယ်ပဲ​နှိုင်းယှဥ်ရတာမျိုးဖြစ်ပါတယ်။ ဥပမာ လူ ၂ ယောက်ကြားမှာ VO2 Max 60 ဆိုတာ 40 နဲ့ နှိုင်းယှဥ်ရင် အရမ်းကောင်းတယ်လို့ ယတိပြတ်ပြောနိုင်ပေမယ့် HRV 60 ms က 40 ms ထက် ပိုကောင်းပါတယ်လို့ ပြောရခက်ပါတယ်။ တချို့လူတွေအတွက် HRV 60 ms က အရမ်းနေလို့ကောင်းပြီး အဆင်ပြေတဲ့ အခြေအနေဖြစ်နိုင်ပေမယ့် တချို့လူတွေ အတွက် 60 ms ဆိုတာ နိမ့်တဲ့ နေ့တွေမှာမှ ရောက်တတ်တာဖြစ်ပြီး၊ အသက်ရှူလို့မဝဘူး ဆိုတဲ့ ခံစားချက်မျိုး ဖြစ်နေနိုင်ပါတယ်။ မိမိရဲ့ Genetics, Age, Lifestyle, and Health History တွေပေါ်မှာ အများကြီး မူတည်ပြီး အရွယ်ရောက်ပြီး လူတစ်ယောက်ရဲ့ HRV Normal Range က 30 - 120 ms အထိဖြစ်နိုင်ပါတယ်။ အသက်ငယ်ရွယ်တဲ့ သူတွေမှာ Average HRV က ပိုမြင့်တတ်ပြီး၊ အသက်ကြီးလာတာနဲ့ အမျှ နည်းလာတာကို တွေ့ရပါတယ်။

ဒီတော့ ဒီ HRV ဆိုတာကြီးက ဘာကြီးလဲပေါ့လေ၊ ဘယ်သူကများ ရှာရှာဖွေဖွေသွားတွေ့ပြီး တိုင်းတာဖြစ်ကြတာလဲ ကျွန်တော်သိချင်လာတယ်။ နှလုံးခုန်နှုန်းစည်းချက်တွေရဲ့ ကြားမှာ မတူညီမှု ရှိတယ်ဆိုတာကို English လူမျိုး Clergyman တစ်ယောက်ဖြစ်တဲ့ Stephen Hales က 1733 ခုနှစ်ကတည်းက မြင်းတွေရဲ့ နှလုံးခုန်နှုန်းကို တိုင်းတာရင်းတွေ့ရှိပြီး မှတ်တမ်းတင်ခဲ့ပါတယ်။ ဒီမတူညီမှုတွေရဲ့ နောက်ကွယ်မှာ Medical Insights တွေရှိတယ်ဆိုတာကို ပထမဆုံး သတိထားမိပြီး လက်တွေ့ အသုံးချခဲ့တဲ့ American လူမျိုး ဆရာဝန် ၂ ယောက်ကတော့ Dr. Edward H. Hon နှင့် Dr. Reuben Lee တို့ ဖြစ်ပါတယ်။​ သူတို့က 1965 ခုနှစ်လောက်မှာ မွေးခင်းစကလေးတွေကြားမှာ အသက်အန္တရာယ်တစ်ခုခုရှိလာနိုင်တဲ့ ရောဂါ၊ ကူးစက်မှုနဲ့ တခြား အခြေအနေတစ်ခုခု ဖြစ်နေပြီဆိုရင် ပထမဆုံး မြင်ရတဲ့ Sign က နှလုံးခုန်နှုန်းစည်းချက်တွေကြားက မတူညီမှုတွေ ကျဆင်းလာပြီး နှလုံးခုန်နှုန်းက စည်းချက်ညီလာတာကို စသတိထားမိခဲ့ပါတယ်။ HRV ms တွေ ထိုးကျတာကို ဆိုလိုတာပါ။

Dr. Edward H. Hon နှင့် Dr. Reuben Lee တို့က အဲခေတ်တုန်းက အခုလို HRV ကို အလွယ်တကူတိုင်းတာလို့ ရခဲ့တာမဟုတ်ပါဘူး။ သူတို့ဘယ်လိုများ တိုင်းခဲ့လဲ စိတ်ဝင်စားလို့ ကျွန်တော်လိုက်ရှာကြည့်တော့ သူတို့က ကလေးတွေရဲ့ ခေါင်းမှာ Fetal Electrocardiography စက် (fECG) စက်ကိုတိုက်ရိုက် Scalp Electrodes သွယ်ပြီး နှလုံးရဲ့ Electrical Signal R-R Waves ကို စာရွက်နဲ့ အရင်ဆွဲထုတ်ပါတယ်။ ပြီးမှ R-R Waves ကြားက အကွာအဝေးတွေကို ထောက်ချွန်နဲ့ တစ်ယောက်ချင်းတိုင်း၊ မှတ်တမ်းယူပြီးမှ ကွာခြားမှု ms လေးတွေကို ပျမ်းမျှပြန်ယူရတာပါ။ ကလေးတစ်ယောက်အတွက် နာရီနဲ့ ချီပြီး တိုင်းတာတွက်ချက်ရပါတယ်။ ကျန်းမာတဲ့ ကလေးတွေရဲ့ HRV က မြင့်နေတတ်ပြီး၊ ကျန်းမာရေး ပြဿနာတစ်ခုခုတက်တော့မယ့် ကလေးတွေရဲ့ HRV က တကယ့်ပြဿနာကို ရှာဖွေမတွေ့သေးခင်မှာကို အကြို Warning အနေနဲ့ HRV တွေ ထိုးကျနေတတ်ပါတယ်။ ဒီတွေ့ရှိမှုကို လက်တွေ့အသုံးချပြီး သူတို့ ဆရာဝန် ၂ ယောက်ဟာ ကလေးပေါင်းများစွာရဲ့ အသက်ကို ကယ်ဖို့ စောလျှင်စွာ ကြိုးစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီသတိထားမိမှုက အဲဒီခေတ်က ဆေးပညာရှင်တွေကြားမှာတော့ ဘယ်သူမှ လက်မခံချင်တဲ့ တွေ့ရှိမှုပါပဲ၊ ဘာကြောင့်လဲ ဆိုတော့ လူ့ခန္တာကိုယ်ထဲမှာ တည်ငြိမ်မူမှန်နေမှု (Uniformity) ကသာ ကျန်းမာတယ်လို့ တထစ်ချယူဆထားခဲ့ကြတော့ ဒီမတူညီမှု Variability ဆိုတာ ကျန်းမာမှုနဲ့ ဆက်စပ်နေပါတယ်ဆိုတဲ့ အတွေးအခေါ်ကို ပညာတတ်ဆရာဝန်တွေကြားမှာတောင် ဘယ်လိုမှရှင်းပြလို့ မလွယ်ခဲ့ပါဘူး။ လှေနံဓါးထစ်ဆိုတာ ခေတ်အဆက်ဆက်အမြစ်မပြတ်နိုင်တဲ့ စိတ်ရောဂါတစ်မျိုးဆိုတာ တွေ့မြင်ရပါတယ်။

အဲဒီကနေမှ 1970 ခုနှစ်ကျော်လာတဲ့ အချိန်မှာ HRV ကို Biophysiology အရ ပိုပြီး နားလည်လာကြပါတယ်။ HRV ရဲ့ အရေးပါမှုတွေ အဓိက မြစ်ဖျားခံရာကတော့ Brain Stem ထဲကနေ စထွက်လာပြီး လည်ပင်းတလျှောက် ကြောရိုးမကြီးအပြင်ဖက်ကနေ တပြေးထဲဆင်းလာတဲ့ Vagus
Nerve လို့ခေါ်တဲ့ Cranial Nerve တွေထဲမှာ အရှည်ဆုံးဖြစ်တဲ့ အာရုံကြောကြီးဖြစ်ပါတယ်။ ခန္တာကိုယ်ရဲ့ အသက်ရှူခြင်း၊ နှလုံးခုန်ခြင်း၊ သွေးပေါင်ချိန်ကို ထိမ်းခြင်း၊ အစာခြေခြင်း၊ ကိုယ်အပူချိန်ကို ထိမ်းခြင်း၊ အဆိပ်အတောက်များဖယ်ခြင်း၊ ကိုယ်ခံအားစနစ်ကို ထိမ်းညှိခြင်း၊ အညစ်အကြေးများစွန့်ခြင်း စတဲ့ အသက်ရှင်ခြင်းအတွက် အရေးအပါဆုံး Bodily Functions တွေကို မသိစိတ်နဲ့ Regulate လုပ်ပြီး ဦးနှောက်နှင့် တိုက်ရိုက်ချိတ်ဆက်ပေးနေတဲ့ အာရုံကြောကြီးဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ခန္တာကိုယ်မှာ Sympathetic (သိစိတ်ဖြင့်ထိမ်းချုပ်ထားသော) and Parasympathetic (မသိစိတ်ဖြင့်ထိမ်းချုပ်ထားသော) Nervous Systems ဆိုပြီး စနစ် ၂ ခုရှိရာမှာ Vagus Nerve သည် Parasympathetic Nervous System ကို အဓိကထိမ်းချုပ်ထားသော အာရုံကြောကြီးဖြစ်ပါတယ်။ Sympathetic Nervous System ကို Fight or Flight System လို့လည်း ခေါ်ကြပါတယ်၊ ခန္တာကိုယ်က အန္တာရာယ်တစ်ခုခုနဲ့ ကြုံတော့မယ်၊ ယှဥ်ပြိုင်တိုက်ခိုက်ရတော့မယ်၊ အားသွန်ခွန်စိုက်လုပ်ဆောင်ရတော့မယ့် အချိန်တွေမှာ သူက နိုးထလာပါတယ်။ Parasympathetic Nervous System ကတော့ နားနေခြင်း၊ အိပ်စက်ခြင်း၊ အစာခြေဖျက်ခြင်းနဲ့ လုံခြုံဘေးကင်းတဲ့ အခြေအနေမှာ အေးအေးဆေးဆေးနေနေတဲ့ အချိန်တွေမှာ အဓိကအားဖြင့် အလုပ်လုပ်ပါတယ်။ HRV ဆိုတာက ကိုယ့်ခန္တာကိုယ်ဟာ ဒီစနစ် ၂ ခုကြားမှာ ဘယ်လောက်လွယ်လွယ်နဲ့ မြန်မြန် လိုအပ်သလို ပြောင်းလဲအလုပ်လုပ်နိုင်သလဲကို ပြပါတယ်။ (HRV is a window into how flexible your body is between the two systems.)

Parasympathetic Nervous System ကို နားနေ၊ အိပ်စက်၊ အစာခြေချိန်တွေမှာ အသုံးပြုရခက်လာလေ HRV ကျဆင်းမှုကို မြင်ရလေဖြစ်ပါတယ်။ ခန္တာကိုယ်က Sympathetic Nervous System ထဲမှာပဲ​ Stuck ဖြစ်နေတဲ့ ပုံစံမျိုးဖြစ်ပါတယ်။ HRV နိမ့်နေတဲ့ အချိန်မှာ ခန္တာကိုယ်က Stress Hormone တွေ များနေပါတယ်၊ Inflammation တွေ တက်နေတတ်ပါတယ်၊ ပြီးရင် Resting Heart Rate ပါတက်လာပါတယ်။ အသက်ရှူရခက်မယ်၊ အာရုံစိုက်ရခက်မယ်၊ ဘာမှမလုပ်ဘဲကို ပင်ပန်းပြီး အားအင်ကုန်ခမ်းနေပါမယ်။ အဲလိုအချိန်တွေ၊ နေ့တွေမှာ အိပ်ဖို့ကြိုးစားရင်တောင် အိပ်မပျော်တာမျိုး၊ အိပ်ပျော်ပေမယ့် ကောင်းမွန်တဲ့ Sleep Quality မရတာတွေ ဖြစ်လာပါတယ်။ အဲလိုဖြစ်လေ HRV က ပိုကျလေဖြစ်လာတတ်ပြီး သံသရာလည်နေတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒီတော့ HRV ဆိုတာ ကိုယ့်နာရီပေါ်က ဘာမဟုတ်တဲ့ ဂဏန်းလေးတစ်ခုမဟုတ်တော့ဘဲ ကိုယ့်ခန္တာကိုယ်တစ်ခုလုံးမှာ ဘယ်လိုပြဿနာတွေတက်နေပြီနော်ဆိုတာကို ပြနေတဲ့ Early and Extremely Powerful Signal ကြီးတစ်ခုဖြစ်လာပါတယ်။ ခန္တာကိုယ်အပေါ်သက်ရောက်လာတဲ့ Stress မျိုးစုံရဲ့ ဒဏ်ကိုလည်း ခန္ဓာကိုယ်က ဘယ်လောက်လွယ်လွယ်ကျော်လွှားနိုင်သလဲဆိုတဲ့ Resilience ကို ပြတဲ့ Metric တစ်ခုလည်း ဖြစ်လာပါတယ်။ ကျွန်တော်တို့ အပြေးသမားတွေ၊ အားကစားသမားတွေ ပြင်းပြင်းထန်ထန်လေ့ကျင့်တာ လွန်သွားရင်လည်း နောက်နေ့တွေမှာ HRV က ထိုးကျတာကို မြင်ရပါတယ်။ ကမ္ဘာပေါ်မှာ အရမ်းသစ္စာရှိတာ အရှေ့အရပ်ကထွက်တဲ့ နေမင်းကြီးပြီးရင် Stress ကို Signal ပြတဲ့ HRV ပဲရှိပါတယ်။

ဒီလောက် အရေးကြီးတဲ့ HRV ကို တိုးတက်အောင်လုပ်လို့များ မရဘူးလား? ဒီမေးခွန်းကို ကျွန်တော်လည်း ကိုယ်တိုင်မေးခဲ့တာပါ။ အဖြေရှိပါတယ်၊ ၁) ခန္တာကိုယ်အပေါ် Stress ကြီးကြီးမားမား ဖြစ်စေတဲ့ အပြုအမူ/အဖြစ်အပျက်တိုင်းသည် HRV ကို လျှော့ချနိုင်စွမ်းရှိပါတယ် (အဲ့တော့ အဲဒါတွေကို ရှောင်ဖို့နဲ့ ကာကွယ်ဖို့လုပ်ရပါမယ်)၊ ၂) Alcohol သည် HRV ကို လျှော့ချတဲ့ နေရာမှာ အလွန်အစွမ်းထက်ပါတယ်၊ အိပ်စက်မှုကို ဖျက်စီးခြင်း (Sleep Disruption) နဲ့ပါ ပေါင်းလိုက်တော့ အရမ်းကို အစွမ်းထက်သွားပါတယ်၊ ၃) ဒေါသကြီးလွန်းတာတွေ၊ အလုပ်မှာ Stress အရမ်းယူတာတွေ၊ စိတ်အလောကြီးတာတွေ ဒါတွေကိုလည်း သတိနဲ့ လျှော့ချရပါမယ်၊ ၄) ပူလွန်းအေးလွန်းရင် ခန္တာကိုယ်က Stress ဖြစ်နိုင်ပါတယ်၊ ခန္တာကိုယ်ပါမက စိတ်အေးချမ်းမှုကပါ HRV ကို တိုက်ရိုက်သက်ရောက်မှုရှိပါတယ်၊ ၅) ကျန်းမာရေးအတွက် အာဟာရမျှတအောင် စားသောက်နေထိုင်ခြင်းက အရေးကြီးပါတယ်၊ ၆) အားကစားလုပ်ရာမှာ Training Load ကို ကိုယ့်ခန္တာကိုယ်အတွက် သင့်လျှော်သလောက်သာ ပြုလုပ်ဖို့ အရေးကြီးပါတယ်၊ ၇) သေချာအိပ်ပျော်ပြီး High Quality Sleep ရဖို့ ကြိုးစားရပါမယ်။ ဒါတွေကတော့ အခြေခံကျတဲ့ Basic Rules တွေပါ။

ဖြတ်လမ်းလေးတွေလည်း ရှိတယ်ပေါ့လေ၊ ကျွန်တော်တို့လို ဘီယာအေးအေးလေးကြိုက်တဲ့ အပြေးသမားတွေအတွက် အမြန်သုံးပြီး ချက်ချင်းတိုးတက်စေနိုင်တဲ့ Bio Hacks လေးတွေပေါ့။ ၁) Alcohol ကို တတ်နိုင်သလောက် ရှောင်ပါ၊ သောက်ချင်ရင် အိပ်ချိန်နဲ့ ၃ နာရီခွာပါ၊ အစာနဲ့ သောက်ပါ၊ ၂ - ၃ ခွက် ထက်ပိုသောက်ရင် HRV စကျပါပြီ (မူးသွားရင် အရမ်းကျပါပြီ)၊ ၂) အသက်ရှူတာကို ၄ စက္ကန့် ရှူသွင်းပြီး ၈ စက္ကန့်ကြာအောင် ဖြည်းဖြည်းချင်းရှူထုတ်ပါ၊ ဘာမှ မဆိုင်ဘူးထင်ခဲ့ပေမယ့် အသက်ရှူလေ့ကျင့်ခန်းသည် (တရားထိုင်တာလည်း ခပ်ဆင်ဆင်သဘောတရားဖြစ်တယ်) Vagus Nerve ကို တိုက်ရိုက် Stimulation ပေးတာဖြစ်ပြီး Parasympathetic System ကို အားကောင်းလာစေပါတယ်၊ တစ်ခါလုပ်ရင် ၅ - ၁၀ မိနစ်ပဲ တစ်ရက် ၂ ကြိမ်လောက်ဆို လုံလောက်ပါတယ်၊ ၃) Sodium, Potassium, and Glucose မျှတစွာပါဝင်တဲ့ Electrolytes ကို အားကစားလုပ်ပြီးတိုင်း ၁ လီတာဖျော်သောက်ပေးပါ၊ ဓါတ်ဆားမျှတခြင်းက HRV တိုးတက်မှုကို များစွာအထောက်အကူပြုပါတယ်၊ ၄) နံနက်ခင်းနေရောင်ခြည်ကို ၁၀ - ၁၅ မိနစ်ခန့် ခံယူပါ၊ နေရောင်ခြည်မှ Vitamin D သည် အကျိုးကျေးဇူးများစွာရှိပါသည်၊ ၅) Magnesium and Zinc ပေါများစွာပါဝင်သော အစာများကို ရှာစားပါ၊ အိပ်စက်နားနေခြင်းများကို တိုက်ရိုက်အထောက်အကူပေးပါသည် (ဖရုံစေ့ကတော့ ကျွန်တော်အမြဲစားတဲ့ Magnesium Sleeping Supplement လေးတွေပါ၊ တခြား အသီးအရွက်တွေလည်း ကောင်းပါတယ်)၊ ၆) နေ့တိုင်း ပြင်းထန်လွန်းသော အားကစားကို မလုပ်ပါနှင့်၊ Hard Run Days တွေကြားမှာ Easy Run Days တွေအမြဲထားသလိုပဲ တချို့နေ့တွေမှာဆို အေးဆေး နားနေပြီး လမ်းလျှောက်ရုံလောက်လုပ်ခြင်းကလည်း ခန္တာကိုယ်ကို နားနေပြုပြင်ဖို့ အချိန်ပေးခြင်းဖြစ်ပါတယ်၊ ၇) ဘဝမှာ စိတ်အေးချမ်းမှုအစစ်အမှန်ကို ရှာဖွေတည်ဆောက်ပါ၊ ကိုယ်ယုံကြည်သော အဓိပ္ပာယ်ရှိတဲ့ အလုပ်ကို လုပ်ပါ၊ ကိုယ့်မိသားစုနဲ့ မိတ်ဆွေစစ်တွေကို အချိန်ပေးပါ (Psychological Safety and Social Connections ကလည်း HRV အပေါ်မှာ များစွာသက်ရောက်မှုရှိတယ်ဆိုတာတွေ့ရှိထားပါတယ်)။

ကဲ နှစ်သစ်မှာ ငွေလည်း မလိုဘူး၊ ရွှေလည်း မလိုဘူး၊ HRV မြင့်တာပဲ လိုချင်ပါတယ်လို့ ပြောချင်သူတွေ ရှိသွားပြီလား? ကိုယ့် HRV Trend လေးတွေနဲ့ နေထိုင်စားသောက်ပုံလေးတွေလည်း ဝေမျှပေးကြပါဦး။

#nikolasinsightsinaction

Sunday, January 4, 2026

🏃‍♂️🏃 Basic Running Drills ၄ မျိုး

ဟင်းခတ်အမွှေးအကြိုင် in English words

 ပြည်ပမှာ ဟင်းခတ်အမွှေးအကြိုင်တွေကို ဝယ်ရင် Eng နာမည်နဲ့ မြန်မာနာမည်နဲ့တွဲမိအောင်လို့ sharing လုပ်ပေးတာပါ

ပဲနံ့သာစေ့ - ချစ်တီးပဲဟင်း တို့ ကုလားပဲဟင်းတို့မှာထည့်ပါတယ် နို့တိုက်မိခင်တွေ နို့ပေါအောင် စားလို့ရတယ်
မုန်ညှင်းစေ့- ချစ်တီးပဲဟင်း တို့ ကုလားပဲဟင်းတို့မှာထည့်ပါတယ်
ဇီယာစေ့ - မဆလာကုန်နေရင် ဒီဟာများများထည့် မဆလာအနံ့ပဲ
အသားတွေ ချက်ရင် သုံးပါတယ်
ဒီဟာက ဒံပေါက်ချက်ရင် artificial food color မထည့်ချင်ရင် ဒီပန်းကို ရေစိမ်ပြီး Natural food color ထည့်လို့ရပါတယ် သူက အဝါ အနီရောင် လိမ္မော်ရောင် ထွက်တယ်
လေးညှင်း
နံနံစေ့ - ရှမ်းချဉ် လုပ်မလို့တောင် ဝယ်လာသေးတယ်
စမုံစပါး Vs ဇီယာစေ့ မတူဘူးနော်
နာနတ်ပွင့် (သို့)ပါးကော
ဟွာကျောင်း အနီ (အထုံစေ့) Sichuan အစားအသောက်တွေမှာထည့်ပါတယ် ဥပမာ မာလာဟင်း
ဟွာကျောင့် အစိမ်း (အထုံစေ့)
ရှားကော






















Saturday, January 3, 2026

စစ်မှန်သော ရန်သူက saturated fat မဟုတ်ပါဘူး

 Trans Fats - အန္တရာယ်အရှိဆုံး

Trans fats ဆိုတာဘာလဲ:
∙ သဘာဝအဆီတွေကို စက်မှုလုပ်ငန်းနည်းနဲ့ ဟိုက်ဒရိုဂျင်ထည့်ပြီး ခိုင်မာအောင်လုပ်ထားတာ (partially hydrogenated oils)
∙ ကုန်ပစ္စည်းတွေကို သက်တမ်းရှည်အောင်၊ ကြွပ်ကြွပ်ဖြစ်အောင် လုပ်ထားတာ
ဘာကြောင့်အန္တရာယ်ကြီးလဲ:
∙ LDL (ဆိုးတဲ့ cholesterol) တိုးစေပြီး HDL (ကောင်းတဲ့ cholesterol) လျှော့စေတယ် - နှစ်ဖက်စလုံးမှာ ဆိုးတယ်
∙ သွေးကြောနံရံတွေမှာ ရောင်ရမ်းမှု (inflammation) ဖြစ်စေတယ်
∙ သွေးကြောတွေ ကျဉ်းမြောင်းစေတယ် (atherosclerosis)
∙ နှလုံးရောဂါ၊ လေဖြတ်ခြင်း အန္တရာယ် များစွာတိုးစေတယ်
∙ ဆီးချို (Type 2 diabetes) ဖြစ်နိုင်ခြေ တိုးတယ်
∙ ခန္ဓာကိုယ်က trans fats ကို မသိပါဘူး၊ ဇီဝဗေဒအရ လုံးဝမသဘာဝပါ
ဘယ်မှာတွေ့ရလဲ:
∙ Margarine, shortening
∙ ကြော်စာတွေ (fried fast food)
∙ ပက်ကင်ဂျာတွေ၊ ကွတ်ကီး၊ ကိတ်မုန့်အများစု
∙ မိုက်ခရိုဝေ့ဖ်ပြုတ်စရာ ပေါ့ပ်ကွန်းတွေ
∙ လူလုပ် creamer တွေ
∙ ဒိုးနတ်၊ pastries
အချက်ပြတက္ကသိုလ် သုတေသန:
∙ WHO က trans fats ကို ကမ္ဘာ့ကျန်းမာရေးအတွက် အန္တရာယ်အကြီးဆုံးအဖြစ် သတ်မှတ်ထားပါတယ်
∙ နှစ်စဉ် လူပေါင်း ၅သိန်း trans fats ကြောင့် သေဆုံးတယ်လို့ ခန့်မှန်းထားပါတယ်
သကြား/Refined Carbs လွန်ကဲခြင်း
Refined Carbs ဆိုတာ:
∙ အသားတွေ၊ အမျှင်ဓာတ်တွေ ဖယ်ထုတ်ပြီး ဖြူစင်ထားတဲ့ ကာဗိုဟိုက်ဒရိတ်
∙ ဥပမာ: ဖြူထားတဲ့ဆန်၊ ဂျုံမှုန့်ဖြူ၊ သကြားဖြူ၊ ချော့ချော့ဖျော်ရည်တွေ
ဘာကြောင့် အန္တရာယ်ရှိလဲ:
1. သွေးတွင်းသကြား ရုတ်တရက်တက်ကျခြင်း (Blood Sugar Spike & Crash):
∙ Refined carbs ကို စားတာနဲ့ သွေးတွင်းသကြား လျင်မြန်စွာမြင့်တက်တယ်
∙ pancreas က insulin များစွာထုတ်ပေးတယ်
∙ သွေးတွင်းသကြား ချက်ချင်းကျဆင်းတယ်
∙ ပင်ပန်း၊ စိတ်ညစ်၊ ဗိုက်ဆာ (စစ်မှန်သော ဗိုက်ဆာခြင်းမဟုတ်)
2. Insulin Resistance (အင်ဆူလင်ခံနိုင်ရည်ကျဆင်းခြင်း):
သကြားများများစားလေ → Insulin များများထွက်လေ → ဆဲလ်တွေ insulin ကို လျစ်လျူရှုလာတယ် → ဆီးချိုဖြစ်လာတယ်
3. ရောင်ရမ်းမှု (Chronic Inflammation):
∙ သကြားက ခန္ဓာကိုယ်တစ်ခုလုံးမှာ ရောင်ရမ်းမှုဖြစ်စေတယ်
∙ အရေပြား အဟောင်းမြန်တယ် (AGEs - Advanced Glycation End Products)
∙ နာတာရှည်ရောဂါတွေ ဖြစ်စေတယ်
4. ဦးနှောက်ကို ထိခိုက်စေခြင်း:
∙ သကြားများများက “ဦးနှောက်အတွက် အစာ” မဟုတ်ပါဘူး - အဆိပ် ပါ
∙ သတိပညာ ကျဆင်းစေတယ် (brain fog)
∙ Alzheimer’s ကို “Type 3 Diabetes” လို့တောင် ခေါ်ကြပါတယ်
∙ စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်မှု တိုးစေတယ်
5. အဆီစုခြင်း:
∙ သကြားအပိုတွေက အသည်းမှာ အဆီဖြစ်သွားတယ် (fatty liver)
∙ ဗိုက်အဝိုင်းပတ်မှာ အဆီစုတယ် (visceral fat - အန္တရာယ်အများဆုံး အဆီ)
6. စွဲလမ်းမှု (Addiction):
∙ သကြားက dopamine ထုတ်စေတယ် (မူးယစ်ဆေးတွေလို)
∙ ပိုပိုစားချင်တယ်၊ ရပ်လို့မရဖြစ်သွားတယ်
∙ “Sugar rush” ရတယ်၊ ပြီးရင် ပိုဆိုးသွားတယ်
ဘယ်အရာတွေရှောင်ရမလဲ:
Trans Fats:
∙ အညွှန်းမှာ “partially hydrogenated” ဆိုတာရှိရင် ရှောင်
∙ Fast food ကြော်စာများ
∙ မုန့်စက်ရုံထွက် ကိတ်မုန့်တွေ
∙ Margarine အစား အမှန်တကယ် butter သုံး
Refined Carbs & သကြား:
∙ ချော့ချော့ဖျော်ရည်၊ fruit juice (သစ်သီးဖျော်ရည်တောင် သကြားများတယ်)
∙ သကြားထည့်ထားတဲ့ yogurt
∙ ဂျုံမှုန့်ဖြူ (ပေါင်မုန့်ဖြူ၊ ခေါက်ဆွဲ၊ ပေါင်မုန့်ပြား)
∙ ဆန်ဖြူ (brown rice နဲ့ အစားထိုး)
∙ သကြားလုံး၊ ချောကလက်၊ သကြားလုံးများ
∙ “Low fat” ထုတ်ကုန်များ (fat နည်းအောင်လုပ်တော့ သကြားထည့်ပါတယ်)
ဘာစားသင့်လဲ:
ကောင်းမွန်သော အဆီများ:
∙ အုန်းဆီ၊ သံလွင်ဆီ၊ avocado oil
∙ ထောပတ် (grass-fed)
∙ ငါး (salmon, sardines)
∙ Avocado
∙ သစ်အယ်များ (walnuts, almonds)
ပရိုတင်း:
∙ အသား၊ ငါး၊ ကြက်ဥ
∙ ပဲနုနွယ်စုများ
ကောင်းတဲ့ Carbs:
∙ ဟင်းသီးဟင်းရွက်များ
∙ ဆန်ညို၊ quinoa, oats
∙ ကန်စွန်းဥ၊ ပဲပုပ်
နိဂုံး:
ကျန်းမာရေးအတွက် စစ်မှန်သော ရန်သူက saturated fat မဟုတ်ပါဘူး။ Trans fats နဲ့ သကြားလွန်ကဲခြင်း ပါ။ သဘာဝအစားအစာတွေ (အဆီ၊ ပရိုတင်း၊ ဟင်းသီးဟင်းရွက်) စားပြီး စက်မှုလက်မှုထုတ်ကုန်တွေ ရှောင်ရင် ကျန်းမာနေနိုင်ပါတယ်။​​​​​​​​​​​​​​​​
Saturated Fat အကြောင်း:
သင်ပြောတာမှန်ပါတယ်။ Saturated fat ဟာ အန္တရာယ်မရှိပါဘူး။ တကယ်တော့:
∙ ခန္ဓာကိုယ်က သဘာဝအတိုင်း saturated fat ကိုယ်တိုင်ထုတ်လုပ်ပါတယ်
∙ ဟော်မုန်းတွေ (testosterone, estrogen စတာတွေ) ထုတ်လုပ်ဖို့ cholesterol နဲ့ saturated fat လိုအပ်ပါတယ်
∙ ဆဲလ်အမြှေးပါးတွေ၊ ဦးနှောက်တို့မှာ saturated fat များစွာပါဝင်ပါတယ်
∙ ရှေးခေတ် သုတေသနတွေက saturated fat ကို မှားယွင်းစွာ အပြစ်တင်ခဲ့တာပါ
တကယ်ကြောက်ရမှာ:
သင်ပြောတာ လုံးဝမှန်ပါတယ်:
∙ Trans fats - လုံးဝရှောင်ရမယ် (partially hydrogenated oils)
∙ ကာဗိုဟိုက်ဒရိတ်လွန်ကဲခြင်း - အထူးသဖြင့် refined carbs
∙ သကြားလွန်ကဲခြင်း - ရောဂါအများစုရဲ့ အဓိကအကြောင်းရင်း
သကြားအကြောင်း:
သင့်မေးခွန်းက အရေးကြီးပါတယ်။ အမှန်တရားက:
∙ ဦးနှောက်က glucose သုံးပါတယ်၊ ဒါပေမယ့် ခန္ဓာကိုယ်က သကြားမစားပဲနဲ့ပဲ ကိုယ်တိုင်ဖန်တီးနိုင်ပါတယ် (gluconeogenesis လို့ခေါ်တယ်)
∙ ပရိုတင်းနဲ့အဆီကနေ glucose လုပ်ပေးနိုင်တယ်
∙ ဦးနှောက်က ketones ကိုလည်း စွမ်းအင်အဖြစ်သုံးနိုင်ပါတယ် (MCT oil ကပေးတာက ketones ပါ)
∙ သကြားနည်းလို့သေတာက hypoglycemia ပါ - ဒါက သကြားရုတ်တရက်ကျလွန်းလို့ဖြစ်တာ၊ သကြားမစားလို့မဟုတ်ပါဘူး
နိဂုံး:
သင့်နားလည်မှုမှန်ပါတယ်။ ကျန်းမာသောအဆီများ (saturated fat အပါအဝင်) က ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုတယ်။ ကြောက်ရမှာက trans fats နဲ့ သကြား/refined carbs လွန်ကဲခြင်းပါ။​​​​​​​​​​​​​​​​
အုန်းဆီသည် ဦးနှောက်အတွက် အကျိုးကျေးဇူးအချို့ရှိနိုင်ပါသည်။
အကျိုးကျေးဇူးများ:
∙ အုန်းဆီတွင် Medium-chain triglycerides (MCTs) ပါဝင်ပြီး ဦးနှောက်က တိက်ရိုက်စွမ်းအင်အဖြစ် အသုံးပြုနိုင်သည်
∙ Alzheimer’s ရောగါရှိသူများအတွက် သတိပညာ တိုးတက်စေနိုင်သည်ဟု အချို့လေ့လာမှုများက ညွှန်ပြသည်
∙ ဦးနှောက်ဆဲလ်များကို ကာကွယ်ပေးနိုင်သော antioxidants များပါဝင်သည်
∙ သွေးတွင်းကော်လက်စထရောအဆင့် HDL (ကောင်းသောကော်လက်စထရော) ကို တိုးစေနိုင်သည်
သတိပြုရမည့်အချက်များ:
∙ အုန်းဆီတွင် saturated fat များပါဝင်မှု မြင့်မားသည်
∙ ပမာဏအလွန်အကျွံသုံးစွဲခြင်းသည် နှလုံးသွေးကြောဆိုင်ရာကျန်းမာရေးကို ထိခိုက်စေနိုင်သည်
∙ သုတေသနများအရ ရလဒ်များ ရှုပ်ထွေးနေဆဲဖြစ်ပြီး နောက်ထပ်လေ့လာမှုများလိုအပ်နေသည်
အုန်းဆီကို အစားအသောက်တွင် ပါဝင်အောင် ထည့်သွင်းလိုပါက သင့်လျော်သောပမာဏဖြင့် သုံးစွဲသင့်ပြီး အခြားကျန်းမာသော အဆီအမျိုးအစားများ (သံလွင်ဆီ၊ ငါးအဆီ) နှင့်အတူ ညီမျှစွာ သုံးစွဲသင့်ပါသည်။ ကျန်းမာရေးပြဿနာရှိပါက ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။

ကျွမ်းကျင်လိမ္မာမှု

 “အလိမ္မာ စာမှာ ရှိသည်” ဆိုတဲ့ စကားရှိပါတယ်။ လိမ္မာတယ်လို့ ဆိုရင် အချို့က လူကြီးမိဘစကားကို နာခံတာ (obedience) လို့ နားလည်တတ်ကြပါတယ်။ ဒါပေမယ့် ဒီနေရာမှာ နာခံမှုဆိုတာထက် ကျွမ်းကျင်လိမ္မာမှု (skillfulness) ဆိုတဲ့ အဓိပ္ပါယ်က ပိုပြီး ဆီလျော်မယ်ထင်ပါတယ်။

ကျွမ်းကျင်လိမ္မာမှုကို နှစ်မျိုး ထပ်ခွဲနိုင်ပါတယ်။
ပထမအမျိုးအစားက ဆေးပညာ၊ အင်ဂျင်နီယာပညာ၊ ဥပဒေပညာ စတဲ့ ပညာရပ်နယ်ပယ်အလိုက် ကျွမ်းကျင်မှုမျိုး (professional skills) ပါ။
ဒုတိယအမျိုးအစားကတော့ critical thinking skill, creative thinking skill, communication skill, problem solving skills စတဲ့ ဘယ်နယ်ပယ်မှာမဆို အသုံးချနိုင်တဲ့ ကျွမ်းကျင်မှုမျိုး (transferable skills) ပါ။
“အလိမ္မာ စာမှာ ရှိသည်” ဆိုပေမယ့် ကျွမ်းကျင်လိမ္မာမှုကို စာဖတ်ရုံသက်သက်နဲ့တော့ မရနိုင်ပါဘူး။ တက္ကသိုလ်ကနေ ဘွဲ့တစ်ခုခု ရထားရုံနဲ့လည်း မရသေးပါဘူး။ အတွေ့အကြုံကနေသာ ကျွမ်းကျင်လိမ္မာမှုကို ရနိုင်ပါတယ်။ ဒါကြောင့် အချို့တက္ကသိုလ်တွေက ဘွဲ့မပေးခင်မှာ အလုပ်သင်အဖြစ် လုပ်ငန်းခွင်အတွေ့အကြုံ ယူခိုင်းတာပါ။ ကျောင်းပြီးလို့ အလုပ်ဝင်ရင်လည်း လုပ်ငန်းကျွမ်းကျင်တဲ့ ဆရာသမားတစ်ဦးဦးရဲ့ လမ်းညွှန်မှုကို ယူရပြန်ပါတယ်။ လုပ်ငန်း မကျွမ်းကျင်သေးချိန်မှာ ခက်ခဲနေတတ်ပါတယ်။ မခက်ခဲတောင် ချောချောမွေ့မွေ့ မဖြစ်တာမျိုးတွေ ကြုံရတတ်ပါတယ်။ လုပ်ငန်းကျွမ်းကျင်သွားတဲ့ အခါမှာတော့ လုပ်ငန်းအထာကျသွားပြီး “သမားရိုးကျ” အတိုင်း လုပ်နိုင်သွားပါတယ်။ “သမားရိုးကျလုပ်နိုင်တယ်” ဆိုတာက ကိုယ့်ရှေ့က ဆရာသမားတွေရဲ့ လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်နိုင်သွားတာပါ။ (တိုးတက်ဖို့အတွက် ရှေ့က ဆရာတွေထက် ကျော်ပြီး လုပ်နိုင်ဖို့ လိုတယ်လို့ ပြောရင်လည်း၊ ကိုယ်ရှေ့ကလူတွေလောက် လုပ်နိုင်အောင်တော့ အရင် ကြိုးစားရပါသေးတယ်)။
ကိုယ်တိုင် “သမား” ဖြစ်ဖို့အတွက် ကိုယ့်ရှေ့က ဆရာသမားတွေထံ တပည့်ခံရတာမျိုးကို Discipline လို့ ခေါ်ပါတယ်။ Discipline ဆိုတာက တပည့် (Disciple) ဆိုတဲ့ ဝေါဟာရက ဆင်းသက်လာပါတယ်။ သင်္ချာ၊ သမိုင်း၊ ဥပဒေ၊ စီးပွားရေးစတဲ့ ပညာရပ်နယ်ပယ်တွေကိုလည်း Discipline လို့ သုံးပါတယ်။ မိမိကိုယ် မိမိ ထိန်းထိန်း သိမ်းသိမ်းနေတတ်တာ၊ စနစ်ကျတာ၊ စည်းကမ်းရှိတာကိုလည်း Discipline လို့ သုံးပါတယ်။
ပထမ Discipline ကတော့ သင်္ချာဆရာတစ်ယောက်လို၊ ရှေ့နေတစ်ယောက်လို၊ ဆရာဝန်တစ်ယောက်လို စဉ်းစားတွေးခေါ် လုပ်ဆောင်တတ်ဖို့ လေ့ကျင့်သင်ကြားပေးပါတယ်။ အသိပညာနဲ့ professional skill ရအောင် သင်ယူရပါတယ်။
ဒုတိယ Discipline ကတော့ ဘဝမှာ ကြုံတွေ့လာမယ့် ပြဿနာအမျိုးမျိုးကို ရင်ဆိုင်ဖြေရှင်းရာမှာ လိုအပ်မယ့် အရည်အသွေးတွေကို သင်ယူရပါတယ်။ (Survival skills တွေလို့လည်း ခေါ်ချင် ခေါ်နိုင်ပါတယ်)။
မင်္ဂလသုတ်က “ဗာဟုသစ္စ ဉ္စ, သိပ္ပ ဉ္စ” ဆိုတဲ့ မင်္ဂလာနှစ်ပါးက ပထမ discipline မျိုးနဲ့ ဆိုင်ပါတယ်။ “ဝိနယော စ သုသိက္ခိတော, သုဘာသိတာ စ ယာ ဝါစာ” ဆိုတဲ့ မင်္ဂလာနှစ်ပါးကတော့ ဒုတိယ discipline နဲ့ ဆိုင်ပါတယ်။ ပညာရေးဆိုတာက ဗဟုသစ္စလို့ ခေါ်တဲ့ knowledge တင်သာမက သိပ္ပလို့ ခေါ်တဲ့ professional skills/ disciplinary skills တွေကိုလည်း ရအောင်ယူရပါတယ်။ ပြီးတော့ သုသိက္ခိတနဲ့ သုဘာသိတ လို့ခေါ်တဲ့ transferable skills တွေရအောင်လည်း ယူရပါတယ်။
ဒါပေမယ့် ယေဘုယျအားဖြင့် ပညာရေးမှာ မသိသေးတဲ့ ဗဟုသုတ အသစ်တွေကို သင်ကြားတာကိုပဲ ဦးစားပေးတတ်ကြပါတယ်။ သမိုင်းဆိုရင် နေ့စွဲတွေမှတ်ဖို့, သင်္ချာဆိုရင် ပုံသေနည်း အသစ်တွေကို မှတ်ကြရတယ်။ ဒါပေမယ့် သမိုင်းပညာရှင် တစ်ယောက်လို, သင်္ချာပညာရှင် တစ်ယောက်လို စဉ်းစားတတ်ဖို့ဆိုတဲ့ Disciplinary Thinking အပိုင်းမှာ အားနည်းနေတတ်တယ်... ။ အထူးသဖြင့် အချက်အလက်တွေကိုပဲ ဦးစားပေးမယ် ဆိုရင် အလွတ်ကျက်ပညာရေးပဲ ဖြစ်သွားနိုင်သလို disciplinary thinking မှာ အားနည်း သွားနိုင်ပါတယ်။ ပိုဆိုးတာကတော့ အလွတ်မှတ်ထားတဲ့ အချက်အလက် ဆိုတာတွေက မသုံးရင် ပြန် မနွှေးရင် လွယ်လွယ်နဲ့ မေ့ပျောက်သွား တတ်ပါတယ်။
Skills တွေကတော့ (စက်ဘီးစီးတာ, ရေကူးတာ တွေလို) အသုံးမချဘူး လေ့ကျင့် မနေဘူးဆိုရင်တောင် (သိပ် မကျွမ်းကျင်တာသာရှိမယ်) လွယ်လွယ် မေ့ပျောက်သွားမှာ မဟုတ်ပါဘူး။
အကယ်၍ ပညာရေးကနေ စာတွေလောက်ပဲ ရခဲ့ပြီး ကျွမ်းကျင်မှုတွေ မရခဲ့ရင် အသက်မွေးဖို့ အတွက် ခက်နိုင်ပါမယ်။ စာတင်မက ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုကိုပါ ရခဲ့ရင်တော့ ဒီပညာနဲ့ အသက်မွေးနိုင်ပါလိမ့်မယ်။ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုတွေကို ရှာမှီးဆည်းပူးရင်း ဝေဖန်ပိုင်းခြားစဉ်းစားတတ်မှု၊ ပြဿနာဖြေရှင်းနိုင်မှု၊ တီထွင်ကြံဆနိုင်မှု၊ ပြောဆိုဆက်ဆံမှုစတဲ့ အရည်အချင်းတွေကိုပါ ရခဲ့မယ်ရင်တော့ ကိုယ်သင်ယူခဲ့တဲ့ ပညာရပ်နဲ့ အလုပ်မလုပ်ဘဲ အခြားနယ်ပယ်တစ်ခုခုမှာ အသက်မွေးမယ်ဆိုရင်တောင် အများကြီးအသုံးတည့်နေဦးမှာပါ။
ဒီတော့ ပညာတွေ သင်တယ်၊ စာတွေ ဖတ်တယ်ဆိုတာက သမားရိုးကျ (ဆရာကျကျ) တွေးခေါ် ပြောဆို လုပ်ဆောင်နိုင်ဖို့ ကျွမ်းကျင်လိမ္မာဖို့ ဆရာ့ထံ၊ စာအုပ်ထံမှာ တပည့်ခံတာ၊ Disciplined ဖြစ်အောင်လုပ်တာလို့ ဆိုချင်ပါတယ်။ ဒါဆိုရင် “အလိမ္မာ စာမှာရှိသည်” ဆိုတဲ့ စကားက ‘အလိမ္မာ’ ရဲ့ အဓိပ္ပါယ်ကို နာခံမှုရော၊ ကျွမ်းကျင်မှုပါ ယူနိုင်ပါလိမ့်မယ်။
P.S. Disciplinary Thinking အကြောင်းအသေးစိတ်ကိုတော့ Multiple Intelligence Theory ရဲ့ ဖခင် Howard Gardner ရေးတဲ့ Disciplined Mind, Five Minds for Future စတဲ့ စာအုပ်တွေမှာ ဖတ်နိုင်ပါတယ်။

Friday, December 26, 2025

Frequency

 လူ​တွေမှာလည်း ဖရီကွင်စီရှိပါတယ်။

အဆင့်မြင့်ခြင်း နိမ့်ချင်း
​ကောင်းခြင်း ဆိုးခြင်း
ယုတ်ခြင်း မြတ်ခြင်း
ကို ဆိုလိုတာ မဟုတ်ဘူး။
အသိ နဲ့ ခံစားမှု ဖရီကွင်စီ ညီမှ ချိတ်မိမှ
တဖက်က ​ပို့​ပေးတဲ့ (​ပြောချင်၊ ဆိုလိုချင်တဲ့) ဟာကို
တဖက်က ပြန်လည် ဖမ်းယူ သိရှိနားလည်း ခံစား နိုင်တာမျိုးကို ဆိုလိုတာ။
ဖရီကွင်စီ မတူရင် မညီရင် ညှိမရရင် ကိုယ်​ပြောတာ သူနားမလည် သလို သူ​ပြောတာလည်း ကိုယ်နားမလည်ဘူး။
ဖရီကွင်စီတိုင်းကို သိရှိ ခံစား နားလည်းနိုင်သူ​တော့ ရှိတယ်။
သူက​တော့ အလုံးစုံကို ထိုးထွင်းသိမြင် ဆင်ခြင်နိုင်တဲ့ ဗုဒ္ဓဘုရားပါပဲ။
ကိုယ်​ပြောတာ သူလက်မခံလို့လည်း စိတ်မဆိုး စိတ်မပျက် နဲ့ သူ နဲ့ ကိုယ် နဲ့ ဖရီကွင်စီ မတူကြဘူး လို့သာ သိလိုက်ပါ။
သူ​ပြောတာ ကိုယ်လက်မခံနိုင်လို့လည်း စိတ်မ​လေနဲ့။
ဘဝမှာ အချိန်အခါ ​အ​ခြေအ​နေ ​ပေါ်မူတည်ပြီး ဖရီကွင်စီကလည်း အ​ပြောင်းအလဲရှိတယ်၊ တူချင်တဲ့ အချိန် တူသွားနိုင်ပြီး၊ ကွဲချင်တဲ့ အခါလည်း ကွဲသွားနိုင်တယ်။
သူ နဲ့ ကိုယ် အဆင့် နိမ့်ခြင်း မြင့်ခြင်း ​ကောင်းခြင်း ဆိုးခြင်း ယုတ်ခြင်း မြတ်ခြင်း ​တွေ စဥ်းစား ထည့်တွက် မ​နေပါ နဲ့ ဖရီကွင်စီ မတူလို့ ​ပေါင်းမရတာ လို့သာ မှတ်ယူလိုက်တာ​​ပေါ့။
ဖရီကွင်စီ တူချိန်မှာ ဖမ်းယူရရှိတဲ့ ခံစားသိရှိမှု​တွေကို ဖရီကွင်စီမတူချိန်မှာ ခွင့်လွှတ်နားလည်၊ စာနာတတ်ဖို့ သုံးလို့ရရင် သုံးနိုင်ရင် ပိုအဆင်​ပြေတာ​ပေါ့။ 

Wednesday, December 24, 2025

ပရိုတင်းများလွန်းလျှင် အန္တရာယ်ပေးနိုင်သကဲ့သို့နည်းလွန်းလျှင်လည်း ယင်းကပေးသော အကျိုးကျေးဇူးများကို မရ

 ခန္ဓာကိုယ်ရှိ ဆဲလ်အသီးသီးကို တည်ဆောက်ဖြစ်ပေါ်စေခြင်း၊ ယင်းတို့ကို တတ်နိုင်သမျှ တာရှည် တည်တံ့အောင် ထိန်းသိမ်းခြင်း၊ ထိခိုက်ပျက်စီးလျှင် ပြန်လည်တည်ဆောက် ပြည့်ဖြိုးစေခြင်းတို့အတွက် ပရိုတင်းပါသောအစားအစာတို့ကို စားသောက်ရသည်။ ပရိုတင်းကို အသား ငါး ဥ နို့တို့မှအပြင် ပဲအမျိုးမျိုး၊ အစေ့အဆံ၊ ထောပတ်သီး၊ အာလူးစသည်တို့မှလည်း ရနိုင်သည်။

ပရိုတင်းကို အမိုင်နိုအက်စစ်အမျိုးပေါင်း ၂၀ ဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည်။ အမိုင်နိုအက်စစ် အများအပြားကို ခန္ဓာကိုယ်က ဓာတ်ပြုထုတ်လုပ်နိုင်သော်လည်း ကိုးမျိုးကိုမူ ခန္ဓာကိုယ်က မထုတ်လုပ်နိုင်ဘဲ အစားအသောက်များမှသာ ရနိုင်သဖြင့် အဆိုပါအမိုင်နိုအက်စစ်ကိုးမျိုးကို 'လိုအပ်သော အမိုင်နို အက်စစ်များ'ဟု ခေါ်သည်။ အဆိုပါအက်စစ်ကိုးမျိုးစလုံး ပါဝင်သည့် အစားအစာများမှာ အသား၊ ဥနှင့် နွားနို့တို့ ဖြစ်ကြသည်။ ပဲသီးပဲတောင့်များ၊ အစေ့အဆံများ၊ အသီးအရွက်များ၌ အက်စစ်ကိုးမျိုးစလုံး အတူတကွ မပါဝင်သော်လည်း ယင်းတို့အားလုံးကို မျှတစားသောက်လျှင် ကိုးမျိုးစလုံး ရရှိနိုင်သည်။
ကျန်းမာသောလူငယ်တစ်ဦးသည် ကိုယ်အလေးချိန် ၁ ပေါင်လျှင် တစ်ရက် ပရိုတင်း ဝ ဒသမ ၃၆ ဂရမ်ခန့် (၁ ကီလိုလျှင် ဝ ဒသမ ၈ ဂရမ်) စားသင့်သည်။ ထို့ကြောင့် ပေါင် ၁၅၀ လေးသောလူငယ်သည် တစ်ရက် ပရိုတင်း ၅၄ ဂရမ်ခန့် စားသင့်သည်။ အသက် ၃၀ ကျော်ချိန်မှစ၍ ခန္ဓာကိုယ်တွင်း ပရိုတင်းပမာဏသည် ၁၀ နှစ်လျှင် ၃ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းဖြင့် သဘာဝအလျောက် လျော့နည်းကုန်ခန်းသောကြောင့် အသက် ၈၀ အထက်ရောက်သူများ၏ ခန္ဓာကိုယ်သည် ငယ်ရွယ်စဉ်ကထက် ပရိုတင်းပမာဏ ၂၅ ရာခိုင်နှုန်းခန့် သဘာဝအလျောက် လျော့နည်းသွားပြီ ဖြစ်သည်။ ထို့ကြောင့် အသက်ရလာလေ ပရိုတင်းကို ပိုလိုလာလေ ဖြစ်သည်။ အသက် ၅၀ အထက်တို့သည် ကိုယ်အလေးချိန် ၁ ပေါင်လျှင် တစ်ရက် ပရိုတင်း ဝ ဒသမ ၅၅ ဂရမ်မှ ဝ ဒသမ ၇ ဂရမ်ခန့်အထိ စားသင့်သည်။ (ပရိုတင်းကို အတိုင်းအတာဖြင့်သာ စားသင့်သောရောဂါသည်များလည်း ရှိရာ ထိုသူတို့အဖို့ ဆရာဝန်များ၏ ညွှန်ကြားချက်အရ စားရန် ဖြစ်သည်။)
ကြက်ပေါင်တစ်ဖက် ပရိုတင်း ၁၇ ဂရမ်ခန့်၊ ချက်ပြုတ်ပြီး ပဲတစ်ခွက်တွင် ပရိုတင်း ၁၈ ဂရမ်ခန့်၊ ကြက်ဥတစ်လုံးတွင် ပရိုတင်း ၆ ဂရမ်ခန့်၊ နို့တစ်ခွက် ပရိုတင်း ၉ ဂရမ်ခန့်ပါသည်ကို ထောက်၍ မိမိတို့၏ အစားအသောက်များ၌ ပါဝင်သော ပရိုတင်းပမာဏကို အကြမ်းမျှ ခန့်မှန်းသိရှိနိုင်သည်။ ပရိုတင်းအများအပြားပါသော အစာများကို စားရာတွင် သတိပြုသင့်သည်မှာ လူ့ခန္ဓာကိုယ်သည် တစ်ကြိမ်စားလျှင် ပရိုတင်း ၂၀ ဂရမ်မှ ၄၀ ဂရမ်ကြားသာ ချေဖျက်စုပ်ယူနိုင်သောအချက်ကို ဖြစ်သည်။ ဥပမာ - အရိုးထုတ်ပြီး ဘဲကင်တစ်ကောင်တွင် ပရိုတင်း ၂၀ဝ ဂရမ်ခန့်ပါသဖြင့် ဘဲကင်တစ်စိတ်ကို တစ်ထိုင်တည်းစားသူ၏ ဗိုက်ထဲသို့ ပရိုတင်း ၅၀ ဂရမ်ခန့် ဝင်သွားသော်လည်း ခန္ဓာကိုယ်သည် ၂၀ ဂရမ်မှ အများဆုံး ၄၀ ဂရမ်ကြားကိုသာ ချေဖျက်စုပ်ယူနိုင်သည်။ ထိုထက်ပိုသော ပရိုတင်းများကြောင့် ဗိုက်အယ်နေတတ်သည်။ အစာမကြေဖြစ်တတ်သည်။ ကျောက်ကပ်ကို ဝန်ပိစေနိုင်သည်။ ထို့ကြောင့် ပရိုတင်းအများအပြားပါသော အစားအသောက်များကို လေးနာရီခန့်ခြား၍ စားသင့်သည်။
ပရိုတင်းများလွန်းလျှင် အန္တရာယ်ပေးနိုင်သကဲ့သို့ နည်းလွန်းလျှင်လည်း ယင်းကပေးသော အကျိုးကျေးဇူးများကို မရနိုင်ပေ။ ခန္ဓာကိုယ်တွင်း၌ ပရိုတင်းနည်းမနည်း သတိထားနေသင့်သည်။ ပရိုတင်းနည်းသောအခါ ပေါ်ပေါက်တတ်သည့် လက္ခဏာများမှာ ခြေလက်ရောင်ခြင်း၊ အားနည်းခြင်း၊ မကြာခဏဆာလောင်ခြင်း၊ အရေပြား ခြောက်သွေ့အက်ကွဲခြင်း အကွက်ထခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ခြေသည်းလက်သည်းများ ကျိုးပဲ့လွယ်ခြင်း၊ မကြာခဏဖျားခြင်း၊ စဉ်းစားတွေးခေါ်ရာတွင် အမှားအယွင်းများလာခြင်းစသည်တို့ ဖြစ်သည်။