Wednesday, November 26, 2025

bread appetizer

ကမ္ဘာကြီးဟာ ဘယ်တော့မှ အေးချမ်းမယ် မထင်ပါဘူး

 ကမ္ဘကြီးဟာ ဘယ်တော့မှ အေးချမ်းမယ် မထင်ပါဘူး၊

အဓိက လူတွေရဲ့ လောဘစိတ် အဏာရူးစိတ် သူများထက်သာချင်တဲ့ အတ္တတွေက အခြေခံထားကြတာ ကိုး၊
သဘာဝတရားမို့ ဇွတ်ပြင်မယ် မလုပ်နဲ့ ၊ အမေရိကန်မှာလည်း သူ့ပြသနာတွေနဲ့သူ၊
ပြည်နယ် အလိုက်ပြသနာပေါင်းစုံရှိတယ်၊
တခုပဲရှိတယ် မဲပေးရွေးချယ်မှုကြောင့် အများဟာ ကောင်းလဲစံ မကောင်းလဲခံရတာပါပဲ၊
အမေရိကန် သမတ ဆိုလည်း အခုဆို ထရမ့်ကို ဘာလုပ်လုပ် အကောင်းမြင်တဲ့ ကိုယ်လို လူရယ် မကောင်းမြင်တဲ့ သူတွေရယ် ရှိကြတာပါပဲ၊
ဝေလွင်လည်း ကိုယ့်အတ္တနဲ့ ချိန်ထိုးရရင် ဒီသမတ ထရမ့်ကိုကြိုက်တယ်၊ လေးစားတယ်၊
ဆိုပါစို့ ဘိုင်ဒန်လက်ထက်မှာ တောင်းစားလို့ လွယ်လွယ်ရသူတွေက အခုလို ဥပဒေတွေ စည်းမျဉ်းတွေတင်းကြပ်ပြီး လွယ်လွယ်တောင်းလို့မရ၊
ကိုယ့် တရားမဝင် ဆွေမျိုးအသိုင်း အဝန်းကို ဖမ်းပြီးပြန်ပို့တာ ခံရသူတွေအဖို့ မနှစ်သက် မုန်းကြတာ သဘာဝ မဟုတ်လား၊
ဒီရောက်လာတဲ့ မြန်မာလူမျိုးတွေအပိုင်းတော့ မပြောတော့ပါဘူး၊ ဘာတစ်ခုမှ နိုင်ငံရေး အပြောင်းအလဲမလုပ်နိုင်သလို ရိုင်းရိုင်းပြောရရင် ခုထိ နိုင်ငံရေး လူရာ မဝင်နိုင်ကြသေးပါဘူး၊
နောက်ပိုင်း သားစဉ်မြေးဆက် ၂ ဆက် ၃ ဆက်တော့မသိဘူး၊
တခုပဲပြောချင်တာက မဲပေးခဲ့တဲ့ မြန်မာဖွား အမေရိကန်နိုင်ငံသားတွေအဖို့ ကိုယ်ရွေးတဲ့ သမတ ဟုတ်ဟုတ်မဟုတ်ဟုတ် မကြိုက်ရင် ကြိုက်သလိုပြောရတယ်၊ လက်ခံတယ်၊ နားလည်တယ်၊
ရီစရာပြောတာကလွဲ လူကြီးလူကောင်းဆန်ဆန် တဖက်က မဲပေးခဲ့တဲ့ သူတွေကိုတော့ မှိုချိုးပစ်ချိုး စော်ကားရင်တော့ အောက်တန်းစားဖြစ်လိမ့်မယ်၊
ပိုဆိုးတာက ကိုယ်တိုင်က မဲပေးခဲ့တဲ့ အဆင့်မရောက်သေးပဲ တခြားသူတွေကို စော်ကားပြောနေရင်တော့ သာမန် အောက်တန်းစားထဲကမှ ဖိနပ်ခွါအောက်က အောက်တန်းစားအဆင့်ဖြစ်လိမ့်မယ်၊
အခုလဲ နယူးရောက်က ဆိုရှယ်လစ် ကွန်မြူနစ်ဆန်ဆန် မြို့တော်ဝန် မန်ဲဒါလီ တက်ပြီဆိုရော လူ နှစ်သန်းလောက်က မကြေမနပ် ပြည်နယ် ပြောင်းမယ် ရွှေ့မယ်နဲ့ စိတ်တွေဆိုးကြပေါ့၊
အဓိက နိုင်ငံရေးထက် ဝင်ငွေမြင့်သူတွေကို အခွန်တိုးကောက်မှာမို့ ကိုယ်ကျိုးထိတော့ မခံချင်စိတ်တွေ ထလာကြတာလည်း သဘာဝမို့လား၊
လတ်တလော ကယ်လီဖိုးနီးယား နဲ့တက်ဆက် ပြီးရင် တတိယ စီးပွါးကောင်းတဲ့ နယူးယောက်ပြည်နယ်က ဝင်ငွေကောင်းသူတွေ အခုလို သန်းချီစွန့်ခွါရင် နွားရူးရောက် စီးပွါးရေး ကျဆင်းလိမ့်မယ်
တခုပဲပူတယ်၊ အမြင်မတူတဲ့သူတွေ တက်ဆက်တော့ မပြောင်းလာကြပါနဲ့၊
ကိုယ်နဲ့ အမြင်တူတဲ့ ကယ်လီဖိုးနီးယားပဲ ပြောင်းကြပါ၊
တက်ဆက်လို ဆွမ်းဆန်ထဲ လာရောမဲ့ အစား ပိုးထိုးနေတဲ့ အောက်စော်နံ ဧည့်မထ ကယ်လီဖိုးနီးယားမှာ ကြွက်ချေးသွားရောရင် သိတ်မထူး ဘူးမဟုတ်လား၊😆😆 စတာပါ စတာဘာ ဒါ​ပေသည့် မလာနဲ့​နော်၊
လတ်တလော ဗင်နီဇွဲလား လည်း နေ့လား ညလား အကြိတ်ခံရဖို့နီးလာပြီ၊
အမေရိကန်နိုင်ငံရေး တခုခု ခလုတ်တိုက်တာနဲ့ အကြိတ်ခံရလိမ့်မယ်၊
ထရမ့်ကိုတော့ အရင် နိုင်ငံရေးလုပ်စားတဲ့ သမတ လိုတော့ မတွက်ပါနဲ့၊
စီးပွါးရေးသမတမို့ နိုင်ငံ အမြတ်ထွက်ရင် ပြီးရော ပြောချင်တာပြော လုပ်ချင်တာလုပ်လိမ့်မယ်၊
နောက်တစ်ခုက ဂျပန်ဝန်ကြီးချုပ်မ Takaichi ရဲ့ ထိုင်ဝမ်နဲ့ တရုတ်ပေါ် ထားတဲ့ သဘောထား ပြောပြီးတဲ့နောက် တရုတ်အစိုးရဟာ ဆတ်ဆတ်ထိမခံ စွာပါတော့တယ်၊
တရုတ်ပြည်သူတွေ ဂျပန်ကို မသွားဖို့ နှိုးဆော် သတိပေးနေတယ်၊
ဝေလွင်ဖြင့် ဟုတ်မှ ဟုတ်ရဲ့လားလို့ သတင်းပေါင်းစုံ ယူကျူ့နဲ့ အေအိုင်တွေမေး သတင်း အတည်ပြုချက်ရယူပါတယ်၊
ဟုတ်တယ်လည်း ဆိုရော ဝမ်းသာလိုက်တာ မပြောပါနဲ့၊
လာမဲ့လ ဒီဇင်ဘာလ ဝေလွင့် ခမျာ အားတာရယ် ပျင်းတာရယ် လွမ်းတာရယ် စားချင်တာရယ်ကြောင့် 14 nights in Japan သရုပ်သွားဆောင်ပါမယ်၊
တရုတ်တွေနဲ့ ဝေးရင်ဖြင့် ကီမိုနိုဝတ် ဘဲကားလျှောက်လျှောက်တဲ့ ဂျပန်မတု တွေ မြင်ရတာသက်သာမယ်၊
ဆိုင်ကျဉ်းကျဉ်း တွေမှာ စားနေသောက်နေတုန်း အသံဆိုးကြီးတွေနဲ့ အော်ဟစ်ပြောနေတာတွေ မကြားရလာက်တော့ဘူး၊
တန်းစီနေရင် ရူးသလိုပေါသလို ကြားဖြတ်တာတွေ မမြင်ရလောက်တော့ဘူး၊
စျေးသက်သာအောင်ဆိုပြီး လက်ဆွဲအိတ်တွေ ဘူတာထဲ မသိမ်းပဲ လူကြားထဲ သွားလေရာ တွန်းတွန်းသွားပြီး ခရီးသွားတွေ စိတ်ဆင်းရဲတဲ့ အပြုအမူတွေ မမြင်ရလောက်တော့ဘူး၊
ဘာပြောပြော အခုလို မနက်ခင်း အတင်းလေးမှာ ထရမ့်ရော တာကာ့အိချိ ဝန်ကြီးချုပ်မကိုရော လေးစားချစ်ခင်တယ်၊
ဆထက် ထမ်းပိုး အောင်မြင်ကြပါစေ၊

ဟရ ဟတ်ချိဘွန်း Hara hachi bu

 ဒီမနက် ရုံးတက်တာနဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက် သွေးကြောပြတ်ဆုံးပြန်ပြီ၊ အသက်က ၆၀ မပြည့်သေးဘူး၊

ဝေလွင့် ကိုယ်တွေ့ ဘဝ မှတ်တမ်း ဂျပန်လူမျိုးတွေ ယေဘူယျ အသက်ရှည် သလောက် အမေရိကန်တွေ အသက်ငယ်ငယ်နဲ့ ဆုံးပါးကြရတဲ့ အကြောင်းလေး ပြောပြချင်လာတယ်၊
မနက်အစားအစာ ကစလိုက်ရင် အမေရိကန်တွေဟာ ပြုပြင်ထားတဲ့ အစားတွေ ပေါင်မုန့်၊ Donuts ၊ အာလူးကြော် ဝက်ပေါင်ခြောက် ကော်ဖီ သကြား နို့ ဒိန်ချဉ် အစရှိတာတွေပဲ စားသုံးတာများတယ်၊
ဂျပန်တွေဆိုတာ မနက်ဆို Miso, NATTO, အသီးအရွက်လေး ချဉ်ပတ်စိမ်တာလေး ငါးကင်လေး စသဖြင့် စားသုံးရင် ဆီမပါ probiotic. Fiber စတာတွေပဲ နေ့တဓူဝစားတာများတယ်၊
စားကြပြီဆိုလည်း ဂျပန်တွေဟာ အေးဆေးငြိမ်သက်စွာဖြေးဖြေးစားသုံးတတ်ပေမဲ့ အမေရိကန်တွေ ဘာစားစား ဂမူးရှူးထိုး တဝတပြဲစားကြပါတယ်၊
စားလို့ တော်ရုံ ဝပြီ ၈၀% လောက်ဝရင် ဂျပန်တွေ ဆက်မစားပါဘူး၊
ဂျပန်လို ဟရ ဟတ်ချိဘွန်း Hara hachi bu ခေါ်ကြပါတယ်၊
အမေရိကန်ကတော့ စားရင် တနင့်တပိုးစားကြတာ၊ မြင်ရတာနဲ့ကို ကြက်သီးထလောက်တယ်၊
ဂျပန်တွေဟာ ငါးအစားများသလောက် အမေရိကန်တွေ အသားအစားများတယ်၊
ငါးလည်း တော်ရုံ မစားတတ်ကြဘူး၊ ငါးအရိုးဘယ်နားရှိမှန်းတောင်သိပုံမရဘူး၊
ဂျပန်တွေ သဘာဝအရသာ Umami ကို ရှာဖွေဖော်ထုတ်စားတတ်သလောက် အမေရိကန်ကတော့ သကြား ဆီ ဆား နဲ့ အရသာခံတာများတယ်၊-
တနေ့တနေ့ ဂျပန်လူမျိုးတွေ အလုပ်သွားဖို့ နာရီဝက် တနာရီ အပြေးလမ်းလျှောက် စက်ဘီးစီး သွားလာ ခန္ဓာကိုယ်ဟာ အလိုလို လေ့ကျင့်နေသလိုဖြစ်ပေမဲ့ အမေရိကန် မြို့ပြဖွဲ့စည်းမှုတွေအရ ကားနဲ့ သွားလာတာ ပုံမှန်ဖြစ်နေတော့ တနေ့ တမိုင်လမ်းလျှောက်တဲ့လူဆိုတာ တော်တော်ရှားနေပြီ၊ သီးခြားလမ်းလျှောက်ရဖို့ Gym သွားကြရတဲ့အဖြစ်၊
အမေရိကန်တွေဟာ အဝလွန်နေတာ ၄၀% လောက်ရှိနေပြီ၊
ဒီအတိုင်းသာ အစားအသောက် အနေအထိုင် ကို မပြောင်းလဲပဲ နေလို့ကတော့ သက်ပြည့် အနားယူအသက်အခုဆို ၆၇ နှစ်ကနေ နောင် ၇၀ ထိတိုးခဲ့ရင် တော်တော်များများ အနားမယူခင် ဆုံးပါးဖို့ပဲရှိလိမ့်မယ်၊
မူလတန်းကျောင်းသားဘဝ ကျောင်းကနေ့လည်စာကအစ ပြုပြင်ရလိမ့်မယ်၊
ဂျပန်ကျောင်းသား ကလေးတွေ စားတဲ့ အစားဟာ ကျန်းမာရေးနဲ့ ညီညွတ်အောင် ဆီမပါ ပြားမပါ အဟာရကြွယ်သလောက် အမေရိကန်ကလေးတွေဟာ ပီဇာ နို့ အာလူးကြော် ဘာကြော် ညာကြော် နဲ့ သကြားတွေနဲ့ ယဉ်ပါးစာပဲစားရင်း ကြီးပြင်းကြရတယ်၊
မိဘတွေကိုယ်တိုင်က အသိမှန်မရှိစားသုံးနေသမျှ သားသမီးကလည်း ဒီအတိုင်း လိုက်စားသုံးကြတာပါပဲ၊
ဂျပန်တွေ နေ့စဉ် ရေသောက် green tea သောက်နေချိန်မှာ အမေရိကန်တွေ သကြားအချိုရည်နဲ့ ဆိုဒါသောက်တာက ဓလေ့ဖြစ်နေပြီ၊
မက်ဆီကန်မိဘတွေကိုယ်တိုင် ရေမသောက်တတ်ပဲ တနေ့တနေ့ ကိုကာကိုလာ နှစ်လီတာ ဘူးကြီးတွေ ထိုင်ထိုင်သောက်နေတာ မြင်ရတွေ့ရတာ အတော်လး စိတ်မကောင်းဖြစ်ရတယ်၊
အစိုးရပိုင်းနဲ့ ရုံးအပိုင်း က ဝင်ထိန်း ကျောင်း ပညာပေးရမှာထက် သူတို့ အုပ်ချုပ်ရေးပိုင်းကအစ ဒီအတိုင်း ပြုမူနေထိုင်နေမှတော့ ပိုဆိုးတော့တာပေါ့၊
တခုတော့ရှိတယ်၊ ပညာတတ် ချမ်းသာသူတွေကတော့ အသက်ရှည်ခြင်းကိုလိုလားသလောက် အနေအထိုင် အစားအသောက်ကတော့ အာရှဆန်တဲ့ အနေအထားကိုမြင်တွေ့နေရတယ်၊
မှာချင်တာ တခုကတော့ အမေရိကန်လို ဥစ္စာရှာ၊ အမေရိကန်လို လူသားဆန်တဲ့စိတ်မွေး၊ အမေရိကန်ရဲ့ ကောင်းတဲ့ အကျင့်တွေ အတုယူရုံကလွဲ အစားအသောက်နဲ့ ကျန်းမာရေးလိုက်စားမှုကို ဂျပန်အတုခိုးကြပါပဲ ပြောပါရစေ
အိုကီနာဝါ ဂျပန်တွေဟာ အသက်ရာကျော် များသလောက် အခုထိ သွားလာ လုပ်ကိုင်နေကြတာ မြင်ရတာ အားကျ စိတ်ချမ်းသာစရာတွေပါပဲလေ၊
နောင် နှစ်ပတ်​လောက်ဆို သက်ရှည်စာ​လေး​တွေ သေ​သေချာချာ သွားစားအုံးမှပါ၊

Desi Chicken Gravy