ကိုယ့် မြေကြီးဘယ်လောက်ပျက်စီးနေသလဲ သိချင်ရင်လက်ရှိစိုက်ပျိုးလုပ်ကိုင်နေတဲ့ ၄၊ ၅ နေရာကမြေကြီး လက်တဆုပ် ကျုံးပါ။ ရေသန့်ဗူးလွတ်ထဲထည့်ရေအပြည့်ထပ်ဖြည့်ပြီး အဖုံးကို မတင်းမလျော့ ဖုံးပေးပါ။အရိပ်ရပြီး ခြောက်သွေ့တဲ့နေရာမှာ ထားလိုက်ပါ။
ဗူးကို လုံးဝမလှုပ်စေရပါ။မြေကြီးကျုံးတဲ့နေရာဟာမြေသြဇာ တိရိစ္ဆာန်ချေး၊ ဘိုကာချီ အီးအမ်၊ အင်ဇိုင်း နဲ့ အမိုင်နို ၊ဟော်မုန်းဆေးတွေ ဖျန်းထားတဲ့နေရာ မဖြစ်ရပါဘူး
(၂၁) ရက် ကျော်ကြာလာရင် ပုံစံပြောင်းလာရပါမယ်။
အောက်ပါတို့ဟာ အဖြေ ဖြစ်ပါတယ်။
၁။ အရောင်မပြောင်းဘူးကြည်လင်နေတယ် ဆိုရင် သင့်ခြံမှာ မြေဆီ မြေနှစ် မရှိတော့သလောက်ဖြစ်နေပါပြီ။
၂။ အနည်းငယ်နောက်ကျိနေမယ်ဆိုရင်
သင့်ခြံဟာ အလယ်အလတ် အဆင့်ပါ။
၃။ နီညိုရောင် စိမ်းပြာပုပ်ရောင်ဆိုရင်တော့ သင့်ခြံ ဟာ GOOD ပါ။
မြန်မာနိုင်ငံ ရဲ့ လယ်မြေတွေကို
စမ်းသပ်ကြည့်လိုက်ရာ ရေအရောင်ဟာ
အကြည်လင်ဆုံး ဖြစ်နေတာကို ဝမ်းနည်းစရာ တွေ့ရပါတယ်
သစ်တောကြီးတွေရဲ့အောက်ကမြေကို
စမ်းကြည့်ရာ နီညိုစိမ်းပြာမဲပုပ်နေတာတွေ့ရပါတယ်
No comments:
Post a Comment