Wednesday, March 4, 2026

ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း

အ​​ဝေးမသွားခင် သမီး​လေးကို တဖွဖွ သင်ရတာ​လေး​တွေ

ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း

လူကြီး မဖြစ်ခင် ​လေ့ကျင့်ပြင်ဆင်​ပေးသင့်တဲ့ စွမ်းရည်​တွေထဲမှာ အ​ရေးအကြီးဆုံး တစ်ခုက ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း ပါပဲ။

မိဘ​တွေ၊ ဆရာ​တွေ၊ မိသားစုဝင်​တွေရဲ့ ကူညီထိန်း​ကျောင်းမှု မပါဘဲ
■ ကိုယ့်ကိုယ်ကိုယ် စည်း​​တွေဘောင်​တွေချပြီး တိတိကျကျ လိုက်နာနိုင်တာမျိုး
■ ​ကောင်းမွန်တဲ့ အ​လေ့အကျင့်​တွေကို စွဲစွဲမြဲမြဲ ကျင့်သုံးနိုင်တာမျိုးပါ။

အလွယ်​ပြောရမယ် ဆိုရင်​တော့
■လုပ်ချင်​ပေမဲ့ မလုပ်သင့်တာကို မလုပ်တာမျိုး
■ မလုပ်ချင်​ပေမဲ့လည်း လုပ်သင့်တာကို လုပ်နိုင်တာမျိုးပါ။

မိဘနဲ့ ရင်အုပ်မကွာ ရှိ​နေသ​ရွေ့ မသိသာ​ပေမဲ့ မိသားစုနဲ့ ခွဲပြီး ​ထားရတဲ့အခါ အင်မတန် လိုအပ်တဲ့ အရည်အချင်း တစ်ခု ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် ထိန်းတယ်ဆိုရာမှာလည်း အ​ပြောအဆို၊ အပြုအမူ​တွေကစလို့ အ​တွေး​တွေ၊ စိတ်ခံစားမှု​တွေအဆုံး အကုန် အကျုံးဝင်ပါတယ်။

က​လေးတို့ရဲ့ ​နေ့စဥ်ဘဝမှာ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ရခက်တာ​တွေ အများသားပါ။

​■ဒေါသ မကြီး​မိအောင်
■သူငယ်ချင်း​တွေ၊ ​မောင်နှမ​တွေနဲ့ ရန်မဖြစ်​မိအောင်
■မတည့်တာ​တွေ မစားမိ​အောင်
■မုန့်ဖိုး​တွေ အများကြီး မသုံးမိ​အောင်
■အချိန်မဆွဲမိ​အောင်
■ဂိမ်း​တွေ အကြာကြီး မကစားမိ​အောင် စသဖြင့်
စိတ်အလိုဆန္ဒ​တွေ၊ သာယာမှု​တွေကို ငြင်းဆန်ရတာ၊
ကိုယ့်ကိုယ်ကိုယ် တားဆီးရပ်တန့်ရတာ
က​လေးတို့အတွက် မလွယ်ပါဘူး။

■ ည​စော​စောအိပ်ပြီး မနက်​စော​စော ထဖြစ်​အောင်
■ အိမ်စာ​တွေ အချိန်မီ ပြီး​အောင်
■​ ရောင်စုံ အသီးအရွက်​တွေ စားဖြစ်​အောင်
■ ညတိုင်း ပုံမှန် စာကြည့်ဖြစ်​အောင်
■ တစ်ကိုယ်​ရေ သန့်ရှင်း​အောင်
စသဖြင့်
မကြိုက်ပေမဲ့လည်း လုပ်ကိုလုပ်ရမယ့်အရာ​တွေအတွက် ကိုယ့်ကိုယ်ကိုယ် တွန်းနိုင်ဖို့၊ ခိုင်းနိုင်ဖို့ ဆိုတာလည်း motivation ​တွေ အများကြီး လိုပါတယ်။

ကိုယ့်ကိုယ်ကိုယ် ​ရေရှည် ထိန်းချုပ်နိုင်ဖို့ဆိုတာ က​လေးမှာ အ​တွေ့အကြုံ​တွေ၊ အ​လေ့အကျင့်​တွေ အများကြီး လိုပါတယ်။

ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း ရှိ​လာအောင် ဘယ်လို ​လေ့ကျင့်​ပေးရမလဲ????????

👉👉👉 အသိဥာဏ်ရှိဖို့ အ​ရေးအကြီးဆုံးပါပဲ။
အမှန်/ အမှား ​ခွဲခြားသိနိုင်တဲ့ ဥာဏ်ရည်၊
ဝေဖန်ပိုင်းခြား ​တွေး​ခေါ်နိုင်စွမ်း၊
အကျိုးအ​ကြောင်း ဆက်စပ် ​တွေး​ခေါ်နိုင်စွမ်း​တွေ ရှိဖို့ လိုပါတယ်။
ကိုယ့်အန္တရာယ်ကိုယ် သတိပြုတတ်၊ ​ရှောင်ရှားတတ်ရပါမယ်။
ကိုယ့်ကို အ​နှောင့်အယှက် ​ပေးနိုင်တဲ့ အရာ​တွေ၊ လူ​တွေနဲ့ ခပ်​ဝေး​ဝေးမှာ ​နေနိုင်ရပါမယ်။

👉👉👉 စည်းကမ်း​တွေကို လိုက်နာ တတ်ဖို့ လိုပါတယ်။
အသက်အရွယ်နဲ့ လိုက်​လျော ညီ​ထွေရှိမယ့် စည်းကမ်း​တွေကို လိုက်နာခိုင်းရပါမယ်။
ဘာ​ကြောင့် ဒီစည်းကမ်းကို လိုက်နာဖို့ လိုသလဲ ဆိုတာ က​လေးကို အမြဲ စိတ်ရှည်လက်ရှည် ရှင်းပြ​ပေးသင့်ပါတယ်။
စည်းကမ်းသတ်မှတ်ပြီးရင်လည်း တသမတ်တည်း ထားရပါမယ်။ ဒီ​နေ့ တင်းလိုက်၊ ​နောက်​နေ့ ​လျှော့လိုက် မလုပ်ရပါဘူး။
​ကျောင်းစည်းကမ်း၊ အိမ်စည်းကမ်း၊ လမ်းစည်းကမ်း၊ ကစားရင်​တောင် ကစားပွဲရဲ့ စည်းကမ်း​တွေကို အ​လေးအနက် ထားတတ်​အောင် သင်​ပေးရပါမယ်။
စည်းကမ်းလို့ တိတိကျကျ သတ်မှတ်ထားတဲ့ ပြဌာန်းချက်​တွေ၊ မဖြစ်မ​နေ လိုက်နာရတဲ့ ကိုယ်ကျင့်တရား​တွေ ရှိသလို လူပီသဖို့၊ လူသားဆန်ဖို့ ဖြည့်ဆည်းရတဲ့ လူ့ကျင့်ဝတ်​တွေကိုလည်း အခွင့်ကြုံတိုင်း လက်​တွေ့ သင်ကြား​ပေးသင့် ပါတယ်။
ကိုယ့်ကိုယ်ကိုယ် လုံခြုံ​အောင် ကာကွယ်ရင်း သူတပါးကိုလည်း မထိခိုက်​အောင် ​စောင့်ထိန်းနိုင်ဖို့ သင်ကြား​ပေးကြရမှာပါ။

👉👉👉 ကိုယ့် စိတ်ခံစားမှု​တွေကို ကိုယ့်ကိုယ်ကိုယ်နားလည်ဖို့ လိုပါတယ်။
ကိုယ့်စိတ်ကိုယ်ထိန်းနိုင်​​အောင်လည်း ငယ်ငယ်ထဲက ဂရုတစိုက် ​လေ့ကျင့်​ပေးခဲ့သင့်ပါတယ်။
​ပေါက်ကွဲပြီး ဖွင့်ထုတ်တဲ့ ပုံစံမျိုးကို အားမ​ပေးရပါဘူး။
စိတ်ခံစားမှု​တွေ ပြင်းထန်လွန်းရင် အသက်ရှူ​လေ့ကျင့်ခန်း​တွေ၊ စိတ်ထိန်းတဲ့ ​လေ့ကျင့်ခန်း​တွေ လုပ်ခိုင်းပါ။
က​လေးကို သိပ်အလိုလိုက်လွန်းရင် ဖျက်ဆီးသလို ဖြစ်သွားတတ်ပါတယ်။ ငယ်ငယ်ထဲက ဆန္ဒ​တွေ၊ ​လောဘ​တွေ၊ ​ဒေါသ​​တွေကို ထိန်းနိုင်​အောင် အ​လေ့အကျင့် လုပ်​ပေးထားသင့်ပါတယ်။
ကိုယ့်ကိုယ်ကိုယ် သနားလွန်း​နေတာမျိုး၊ စိတ်​ပျော့လွန်းတာမျိုး၊ စိတ်အလိုလိုက်လွန်းတာ​မျိုး​တွေ က​လေးမှာ ​ပေါ်လာရင် အချိန်မီ ပြုပြင်​ပေးသင့်ပါတယ်။
က​လေး​တွေက ငယ်တုန်းမှာ ကိုယ့်ခံစားချက်​တွေ၊ ကိုယ့်ဆန္ဒ​တွေကိုပဲ ဗဟိုပြု​ပြီး နေကြတာ များပါတယ်။ ကိုယ့်​ကြောင့် တခြားသူ မထိခိုက်​အောင်ဆိုတာမျိုး ထည့်မ​တွေးတတ်ပါဘူး။ လူကြီးက ​ပြောပြ​ပေးမှ တခြားသူ​တွေကို စာနာတတ်၊ ထည့်တွက်တတ် လာတာပါ။
တစ်ခုခု မ​ပြောခင်၊ မလုပ်ခင် စဥ်းစား ချင့်ချိန်တဲ့ အ​လေ့အကျင့် လုပ်​ပေးရပါမယ်။
စိတ်လိုက်မာန်ပါ မတုံ့ပြန်မိခင် ကိုယ့်ကိုယ်ကိုယ် ​ချော့တတ်ဖို့၊ နှစ်သိမ့်အား​ပေးတတ်ဖို့၊ အာရုံလွှဲတတ်ဖို့ လိုပါတယ်။

👉👉👉 ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတဲ့ က​လေး​လေး ဖြစ်ဖို့လည်း လိုပါတယ်။
ကိုယ့်ကိုယ်ကိုယ် ယုံကြည်တဲ့သူ၊ အ​ကောင်းမြင် တန်ဖိုးထားတတ်သူ​တွေပဲ ကိုယ့်ကိုယ်ကိုယ် ထိန်း​ကျောင်းနိုင်ဖို့ ကြိုးစားကြတာပါ။
မိဘ​တွေ ကိုယ်တိုင်ကလည်း က​လေးကို ယုံကြည်​မှု​တွေ ပေးရပါမယ်။
​ရွေးချယ် ဆုံးဖြတ်ခွင့်​တွေ၊ အခွင့်အ​ရေး​တွေ၊ လွတ်လပ်ခွင့်​​တွေ ​ပေးရပါမယ်။ က​လေး တစ်​ယောက်နဲ့ တစ်​ယောက် လွတ်လပ်မှုကို ခံနိုင်ရည်ရှိပုံချင်း မတူတဲ့အတွက် ကိုယ့်က​လေးရဲ့ အသိဥာဏ်နဲ့ ရင့်ကျက်မှု​ပေါ် မူတည်ပြီး တဖြည်းဖြည်း တိုး​ပေးသွားသင့်ပါတယ်။

👉👉👉 ​ကောင်းမွန်တဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းခွင့် ရဖို့လည်း လိုပါတယ်။
Peer pressure ​ကြောင့် ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်တဲ့ က​လေး​တွေ အများကြီးပါ။
အ​ပေါင်းအသင်း​ကောင်းဖို့ အင်မတန် အ​ရေးကြီးပါတယ်။
အများလုပ်တိုင်း လိုက်မ​လုပ်ဘဲ လိုအပ်လာရင် No ​ပြောရဲ​အောင်၊ ​No ပြောဖို့ အားမနာ​အောင် လည်း ​လေ့ကျင့်​ပေးဖို့ လိုပါတယ်။

👉👉👉 ကိုယ့်အ​ကြောင်းကိုယ် ​ကောင်း​ကောင်း သိဖို့လည်း လိုပါတယ်။
ကိုယ့်ရဲ့ အားနည်းချက်​တွေ၊ အားသာချက်​တွေ၊ ပန်းတိုင်​တွေကို ရှင်းရှင်းလင်းလင်း သိထားမှ ကိုယ့်ကိုယ်ကိုယ် အ​ကောင်းဆုံး ထိန်း​ကျောင်းနိုင်မှာပါ။
က​လေးရဲ့ ရည်မှန်းချက်​တွေအတွက် အချိန်​ပေးပြီး ​ဆွေး​နွေး​ပေးပါ။ဖြစ်ချင်တာ​တွေကို ချ​ရေးခိုင်းပါ။ ဘယ်လို ပြီး​မြောက်​အောင် လုပ်မလဲဆိုတာ အ​သေးစိတ် plan ​တွေ ဆွဲခိုင်းပါ။
စိန်​ခေါ်မှု​တွေ၊ အခက်အခဲ​တွေကို ခွဲခြမ်းစိတ်ဖြာပြီး တစ်ဆင့်ချင်း၊ တစ်ကန့်ချင်း ​ဖြေရှင်းတဲ့ အ​လေ့အထကို သင်​ကြားပေးပါ။

👉👉👉 အချိန် စီမံ ခန့်ခွဲမှု​တွေ၊ ​ငွေ​ရေး​ကြေး​ရေး စီမံ ခန့်ခွဲမှု​တွေကိုလည်း အ​လေ့အကျင့် လုပ်​ပေးရပါမယ်။

👉👉👉 ပြဿနာ တစ်ခုခု ကြုံလာတိုင်း ​ခေါင်း​အေး​အေးထားပြီး ​ပြေ​ပြေလည်လည် ​ဖြေရှင်းတတ်​အောင် သင်​ပေးပါ။
က​လေးကိုယ်တိုင် ​ဖြေရှင်းဖို့ အခွင့်အ​ရေး ​ပေးပါ။

👉👉👉 က​လေးက လုပ်သင့်တာ​တွေ သူ့ဘာသာသူ အစပြုလုပ်တဲ့အခါတိုင်း၊ မလုပ်သင့်တာ​တွေကို ကြိုးစား​ရှောင်ရှားနိုင်တဲ့ အခါတိုင်းမှာ အသိအမှတ်ပြု ချီးကျုး​ပေးရပါမယ်။
မိဘ​တွေကိုယ်တိုင်ကလည်း ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း ရှိရပါမယ်။

က​လေးက ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်တယ်လို့ ချိီးကျူးခံရရင်ကိုပဲ
■ ဥာဏ်ပညာရှိတယ်
■ ရင့်ကျက်တယ်
■ စိတ်ဓါတ် ကြံ့ခိုင် သန်မာတယ်
■ ဇွဲ​ကောင်းတယ်
■ စိတ်အားထက်သန်မှု ရှိတယ် စတဲ့ အရည်အချင်း ​တော်​တော်များများကို ကိုယ်စားပြုပါတယ်

မိဘကို ​ကြောက်လို့၊ မလွန်ဆန်နိုင်လို့ လိမ္မာ​နေတာမျိုးထက် ကိုယ့်ကိုယ်ကိုယ် ​လေးစားတန်ဖိုးထားပြီး
ကိုယ့်စိတ်ကိုယ်နိုင်ပြီး
ကိုယ့်ကိုယ်ကိုယ် ထိန်းကျောင်းနိုင်တဲ့ သားသားမီးမီးတို့ ဖြစ်လာ​အောင် ကျွန်မတို့ အများကြီး ကြိုးစားကြရမှာပါ။

​ဒေါက်တာ ​မေ​မွန်

မတ် ၁၂၊ ၂၀၂၅ 

No comments:

Post a Comment