Friday, January 23, 2026

အလုပ်ရဖို့ certificate လိုမလို

 အလုပ်ရဖို့ certificate တွေဖြေသင့်လား ရှင်းပြပါဦးဆိုလို့။ ကိုယ့်ဆီ certificate 2 ခုရှိတာ ဒီနှစ်ထဲတခု expire ဖြစ်မယ် နောက်တခုက နောက်နှစ်။ ဒီ ၂ ခုလုံး renew လုပ်မှာမဟုတ်သလို ဘာ certificate မှလည်း ထပ်ဖြေဖြစ်မှာ မဟုတ်ဘူး။ 

😄

ကိုယ်က အဲလိုလေးတွေ ဖြေရတာကြိုက်ရင် ဖြေပါ။ small win လေးတွေက mood ပိုကောင်းစေမယ်၊ confidence ပိုရှိစေမယ်။ အဲဒီကနေ ကိုယ်ရည်မှန်းထားတဲ့ goal တွေမြန်မြန်ရောက်မယ်ဆိုရင် ဖြေပလိုက် တွေးမနေနဲ့။ အဓိကက ကိုယ့်စိတ်ပဲ။

အဲလိုမဟုတ်ဘူး။ မဖြေချင်ဘူးဆိုရင် ဒီလိုလေးတွေလုပ်လို့ရတယ်။ ကိုယ့်နာမည်နဲ့ domain တခုဝယ်။ media content heavy ဖြစ်မယ်ဆို object storage backend ပါဝယ်၊ ဥပမာ Digital Ocean ဆိုရင် CDN ပါပြီးသားကိုမှ တလ ၅ ဒေါ်လာလားပေးရတာ။ portfolio လေးရေးပြီး host ထား။ ကိုယ့်ရဲ့ AWS, Kubernetes စသဖြင့် လေ့လာပြီးရလာတဲ့ note တွေ၊ blog တွေရေးတင်ထားလိုက်။ ဖတ်ရတဲ့သူတွေမှာ အကျိုးရှိသလို ကိုယ်လည်း စာတကယ်နားလည်လား။ ဘယ်လောက်တိုးတက်တာလဲ နောက်ကျ ပြန်ဆန်းစစ်လို့ရတယ်။

နောက်ပြီး AI subscription ကောင်းကောင်းလေးတခု တနှစ်စာဝယ်။ AI ခေတ်မှာ AI နဲ့စာလုပ် AI ကိုညှစ်ခိုင်းတတ်အောင်လုပ် မဟုတ်ရင် ကျန်ခဲ့မှာ။ တခုတော့ရှိတယ် ပိုက်ဆံပေးပြီး AI ရဲ့ခိုင်းဖတ်ကြီးတော့ သွားမလုပ်နဲ့ပေါ့လေ။

မျက်မှန်တပ်ရင် blue light protection ထည့်လိုက်။ ရေရှည်ဘာအကျိုးတွေရှိလဲ အတိအကျ studies မရှိပေမယ့် ရေတိုကတော့ မျက်လုံးအတော်လေး သက်သာတယ် ကွန်ပျူတာ၊ ဖုန်း တနေကုန်ကြည့်ရတဲ့ software engineer တွေအတွက်။

ပိုတဲ့ပိုက်ဆံတွေကို AWS ပေါ်မှာ လေ့လာရင်း burn ပစ်။ ခပ်မြန်မြန် console နဲ့ ရင်းနှီးအောင်လုပ်ပြီး Cloud Formation တို့ Terraform တို့ကိုချိန်း။ Killerconda မှာ premium ကြေး ဘယ်နှဒေါ်လာမှမရှိဘူး ပေးဝယ်လိုက်ရင် cluster ကိုအချိန်ကြာကြာသုံးလို့ရမယ်။ တခုချင်း စမ်းစရာတွေကို အဲမှာစမ်း Load Balancer, IAM စသဖြင့် full integration လိုလာပြီဆိုမှ EKS ကိုသွား။ လုပ်စရာရှိတာလုပ်ပြီး အကုန်ပြန်ဖျက်ချ။

အဲဒီက လက်တွေ့ရလာမယ့် အတွေ့အကြုံတွေ၊ အမှားတွေ၊ edge case တွေက certificate ​ထက် အများကြီး ပိုတန်ဖိုးရှိတယ်။ နောက်ပြီး ဘီယာဆိုင်မှာ အကင်ကောင်းကောင်းတွေ မှာစား။ ဘော်ဒါတွေကိုကြုံရင် လက်ဖက်ရည်တိုက်။ ဒါတွေလည်းလုပ်မှာ။ certificate လည်းဖြေနိုင်တယ်ဆို ဖြေ။

No comments:

Post a Comment