Thursday, November 6, 2025

တခြားလူရဲ့ပါးစပ်ကနေ ကိုယ့်ကို မသိချင်ပါနဲ့

တခြားလူရဲ့ပါးစပ်မှာ
သင် ပုံစံဘယ်နှမျိုးရှိမှန်း သင်မသိသလို
သူတို့ကိုယ်သူတို့ ကာကွယ်ဖို့
သင်ကို ဘယ်လိုအပုပ်ချခဲ့မှန်းလည်း
သင်သိမှာ မဟုတ်ပါဘူး။
ဒါတွေကို လိုက်ရှင်းပြစရာ မလိုပါဘူး။
သင့်ကို နားလည်တဲ့သူက
သင့်ကို အမြဲယုံကြည်နေလို့ပါ။
အရမ်းကြိုက်မိတဲ့ စကားတစ်ခွန်းက
"သင်သာ မျက်စိမကန်းရင်
တခြားလူရဲ့ပါးစပ်ကနေ ကိုယ့်ကို မသိချင်ပါနဲ့" တဲ့။
💌

ဒီကနေ့ လူ့ဘောင်လူ့လောကမှာ ရှိတဲ့ တုံးအမှု ဆယ်မျိုး တဲ့...
၁။ လူတကာကို ပိုက်ဆံလျှောက်ချေးပေးတာ
၂။ ညနက်သန်းခေါင်အထိ မအိပ်တာကို အကျင့်တစ်ခုအဖြစ် မွေးမြူတာ
၃။ မျက်နှာသာရဖို့ ငွေ အလွန်အကျွံ သုံးဖြုန်းတာ
၄။ မိသားစုဝင်အပေါ် မကြာခဏ အမြက်ဒေါသထွက်တာ
၅။ အစုစပ်လုပ်ငန်းကို မျက်စိစုံမှိတ် လုပ်တာ
၆။ အကျိုးမရှိတဲ့ လူမှုဆက်ဆံရေးမှာ အချိန်ဖြုန်းတာ
၇။ ကိုယ့်ကျန်းမာရေးကို လျစ်လျူရှုတာ
၈။ ကိုယ့်ကို နာကျင်နစ်နာစေသူကို အမြဲခွင့်လွှတ်တာ
၉။ မိမိကိုယ်ကို တိုးတက်အောင် ဘယ်လိုလုပ်ရမှန်း မသိတာ
၁၀။ အခြားသူကို အလွန်အမင်း မှီခိုတာ

 

No comments:

Post a Comment