လူငယ်တွေက ကိုယ့်ချစ်သူရည်းစား (သို့) အိမ်ထောင်ဖက်ကို
လူပုံအလယ်မှာ ဂုဏ်ယူဝံ့ကြွားရတဲ့သူတစ်ယောက်ဖြစ်စေချင်
တာ ကိုယ်တိုင် ဂုဏ်ယူဝံ့ကြွားလို့ရအောင် မစွမ်းဆောင်ချင်ကြ
ဘူး...။
တစ်ချို့ကျတော့ ကိုယ့်ကိုယ်ကိုအားနွဲ့သူပါ (သို့) ဥာဏ်မမီလို့
မှတ်ယူပြီး ချစ်သူရည်းစား (သို့) အိမ်ထောင်ဖက်ရဲ့စရိုက်
လက္ခဏာကို ခရေစေ့တွင်းကျမလေ့လာဘဲ ဇွတ်အနစ်နာခံပြီး
လူတစ်လုံးသူတစ်လုံးဖြစ်အောင် ပံ့ပိုးပေးတယ်...။
ကိုယ့်ဒူးတောင် ကိုယ်မယုံရတဲ့ခေတ်ပျက်ကြီးမှာ ဖူးစာဖက်
(သို့) အိမ်ထောင်ဖက်တွေကို အချိန်တန်ရင် ကိုယ့်အိပ်ထဲဖိတ်
မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ မျက်စိစုံလုံးကန်းပြီး အစစအရာ
ရာ အလိုလိုက်အကြိုက်ဆောင်ကာ လက်ညှိုးညွှန်ရာရေဖြစ်
စေတယ်...။
လူဆိုတာက တစ်ဆင့်မြင့်လာရင် ကိုယ်တိုင်ကြောင့်၎င်း၊ အ
ပေါင်းအသင်းသူငယ်ချင်းကြောင့်၎င်း၊ ပတ်ဝန်းကျင်အသိုင်း
အဝိုင်းကြောင့်၎င်း စိတ်ကြီးဝင်လာတတ်သလို ရေမြင့်တော့
ကြာတင့်လာတယ်။ "ငါ" ဆိုတဲ့မာန်မာနစိတ်ဝင်လာကြတယ်
အချိန်မီလမ်းကြောင်းမှန်ပေါ် ပြန်တည့်ပေးနိုင်သူတွေထက်
မီးလောင်ရာလေပင့် မြှောက်ပင့်ပေါင်းသူတွေပေါတဲ့ ခေတ်
ကာလမှာ မထားသင့်မထားအပ်တဲ့ စိတ်ရိုင်းတွေဝင်လာပြီး
အနစ်နာခံပံ့ပိုးပေးသူအပေါ်မှာ အထင်အမြင်သေးတဲ့စိတ်
ဖြစ်လာကာ ကျေးဇူးကန်း ခြေစုံကန်ထွက်သွားဖို့ ဝန်မလေး
တော့ဘူး...။
ချစ်သူရည်းစားနဲ့ အိမ်ထောင်ဖက်ကို ချစ်ခင်မြတ်နိုးတန်ဖိုး
ထား အနစ်နာခံပံ့ပိုးပေးတတ်သလို ကိုယ့်ကိုယ်ကိုလဲ ချစ်ခင်
မြတ်နိုးတန်ဖိုးထားကာ ၎င်းတို့နဲ့တန်းတူ ဂုဏ်ယူဝံ့ကြွားလို့ရ
တဲ့သူဖြစ်အောင် ထပ်ကြပ်မကွာလိုက်ပြီး ကိုယ့်ဝမ်းစာကိုယ်
ဖြည့်ကြဖို့ တိုက်တွန်းမျှဝေလိုက်ရပါတယ်...။
No comments:
Post a Comment