လူဟာသေမျိုးဆိုတဲ့အချက်က စိတ်ဝင်စားဖို့ကောင်းတယ်။
ဆိုချင်တာကလူ့ဘဝဆိုတာ အချိန်အတိုင်းအတာအကန့်အသတ်ရှိတယ်။limit ရှိတယ်။
အကန့်အသတ်ရှိတာသိတဲ့အတွက် ဘယ်လို ကုန်ဆုံးရမလဲ ဘယ်လိုသေချာသုံးရမလဲဆိုတာကလဲ အရေးကြီးပြန်ရော။
Meaning of life တို့ နေပျော်တဲ့ဘဝတို့ဆိုတာ အရေးကြီးပြန်ရော။ နေပျော်ရုံကလဲမပြီးသေးဘူး အဓိပ္ပာယ်ရှိဖို့ကလဲလိုသေးတာ။
မနက်က ကားလမ်းဆုံလမ်းခွ အဝိုင်းလိုနေရာမှာ အိပ်နေတဲ့ခွေး သုံးလေးကောင်တွေ့မိတယ် ။
ဒီကောင်တွေကြည့်ရတာ အေးအေးလူလူပဲ ကားတွေကြားထဲလဲ အေးဆေးပဲ။ နေပျော်တယ်ပေါ့ အဓိပ္ပာယ်တော့မရှိဘူးပေါ့။
နေပျော်တယ်ဆိုတာကကျတော့ တဦးချင်းထားတဲ့ စံ core value နဲ့ဆိုင်မှာပေါ့။
ဥပမာအေးဆေးနေရတာကြိုက်တဲ့သူက အေးအေးချမ်းချမ်းနေရရင် သူ့ဘဝကနေပျော်တယ်ပေါ့။
Luxury ကြိုက်တဲ့သူတွေကျတော့လဲ ချမ်းချမ်းသာသာနေရရင် နေပျော်တယ်ပေါ့။
နေပျော်ဖို့ အဓိပ္ပာယ်ရှိဖို့ကျတော့ multidimensional အသိဉာဏ်နဲ့ သတိလိုတယ်။
ဥပမာဆိုပါစို့ စီးပွားရေးလုပ်ရတာ ဝင်ငွေရှာရတာ ကိုနားလည်တဲ့အသိဉာဏ် မရှိဘူးဆိုရင်လဲ အလုပ်နောက်လိုက်ရှင်းပိုက်ဆံရှာရင်းပင်ပန်းမယ်။
အချိန်တွေကုန်မယ် အဲ့တော့ ငွေကြေးပြည့်စုံလာတဲ့အချိန်လဲကျရော ဘာမှမလုပ်နိုင် မကိုင်နိုင်တဲ့အရွယ်ငုတ်တုတ်မေ့ ဆိုတာဖြစ်လာမှာမျိုး။
နောက်တခုက ကျန်းမာတဲ့ခန္ဓာကိုယ်ဖြစ်ဖို့ ဘယ်လိုနေရမယ် ဘယ်လိုစားသောက်ရမယ်ဆိုတဲ့ အသိမရှိရင်လဲ အသက်က တိုမယ် အဲ့တော့ ခနပဲနေရမယ်ပေါ့။
တိုခြင်းရှည်ခြင်းကလဲ နေပျော်ခြင်းနဲ့တော့သိပ်မအပ်စပ်လှဘူး။ အသက်ရှည်ရှည်နေရပြီး ခုနကလို ရောဂါဗလပွနဲ့ဆိုလဲမဟုတ်သေးဘူးပေါ့။
နေပျော်လို့အသက်ရှည်ရင်တော့ပိုကောင်းတာပေါ့။
ခုနက အသိတွေရှိပြီးတကယ် သတိထားပီးမနေနိုင်ရင်လဲ အလကားပဲ။
နောက် အပေါ်က ပြောတဲ့ ခွေးသုံးလေး ကောင်လိုပဲ ဘဝဟာအေးအေးလူလူဆိုပေမဲ့ အဓိပ္ပာယ်မရှိရင်လဲ မကောင်းလှပြန်ဘူး။
သူ့ဟာသူတော့နေပျော်နေမှာပေါ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်း ဘယ်သူ့အကျိုးမှမရှိပဲ နေပျော်တော့လဲ သိပ်တော့လဲ မနှိပ်လှပြန်ဘူး။
သူ့ဟာသူတော့နေပျော်တယ် ဒါပေမဲ့ သူများတွေကတော့ သူ့ကြောင့် ဒုက္ခရောက်ရတယ်ဆိုရင်တော့ ပိုဆိုးတာပေါ့။
နောက်ပြဿနာတခုကျတော့ ကိုယ့်ဟာကိုယ်ကျတော့ အင်မတန် အဓိပ္ပာယ်ရှိတဲ့အလုပ်တွေလုပ်နေတယ်လို့ထင်ပြီး တကယ်တမ်းကျတော့သူများဒုက္ခရောက်မဲ့အလုပ်တွေနဲ့ ဘဝရှင်သန်နေတဲ့သူမျိုးတွေ။
ကိုယ့်ဟာကိုယ်ကျတော့ အဟုတ်ထင်တာပေါ့။ ဒါမို့ပညာလိုတယ်ပြောတာ။
ဘာတွေ ချန်ထားခဲ့မလဲ ဘာတွေယူသွားခဲ့မလဲ ဘယ်လိုကုန်ဆုံးသွားလဲဆိုတာ ချိန်ဆပြီး စီမံနိုင်ရင်တော့အကောင်းဆုံးပေါ့။
No comments:
Post a Comment