Monday, November 3, 2025

Beef stew

🍛အရသာရှိတဲ့ Beef stew ချက်ကြမယ် 🍛
ဒီညစာတော့ အာဟာရလည်းရှိ တစ်ခွက်ထဲနဲ့လည်း စားလို့မြိန်တဲ့ Beef stew ချက်ပါတယ်
STEW ချက်ရင်တော့ Instant pot လေးနဲ့မှ အချိန်ကုန်သက်သာတာဆိုတော့ instant pot နဲ့ပဲ ချက်ဖြစ်တယ်
ထမင်း​ပေါင်းအိုးနဲ့ ချက်လည်းရတယ်
စျေးသိပ်မကြီးတဲ့ beef Sirloin Tip Steak ကိုသုံးထားပါတယ် Stew beef လည်း​ကောင်းတယ်
အသားကို အတုံးအ​နေ​တော်တုံးပီး ဆား ငရုတ်​ကောင်း နဲ့ နှယ်ပီး အ​ပေါ်ယံတင်း​အောင် ဒယ်အိုးထဲမှာ ဟိုဘက်ဒီဘက်ကင်လိုက်ပါတယ် မကင်လည်းရတယ်
ပြီးရင် Instant pot ထဲထည့် ကြက်သွန်နီ ခရမ်းချဉ်သီး နဲ့ ကြက်သွန်ဖြူကို ကြိတ်ထည့်ပါတယ်…
အ​ရောင်တင် ဆနွင်းမှုန့် မဆလာ ဆား ငရုတ်​ကောင်း ထည့်ပါတယ်
ဆီနည်းနည်းနဲ့ 100% beef stock သို့ chicken stock ထည့်ပါ ရေနည်းနည်းထည့် အဖုံးပိတ်ပြီး meat stew မှာ 30 min timer ပေးလိုက်ပီး တည်ထားလိုက်ပါ…
အာလူး ဥနီ နဲ့ မှိုတို့ကို အဆင့်သင့်လုပ်ထားပါ အချိန်ပြည့်သွားတာနဲ့ လေထုတ် အဖုံးဖွင့်ပီး vegetables တွေထည့်ပါ meat stew mode နဲ့ပဲ ဆက်တည်ထားလိုက်ပါနော် အဖုံးပိတ်စရာမလိုပါ
အနံ့လေးပိုကောင်းဖို့ Thyme နဲ့ ကရဝေးအရွက်လေးထည့်ပါတယ် (မထည့်လည်း မဆလာနဲ့တင်မွှေးနေပါပီ)
အားလုံးကျက်ရင်​တော့ အရသာအပေါ့အငံမြည်းပီး ထမင်းနဲ့ ငရုတ်သီးထောင်းနဲ့ စားလိုက်ရင် ကောင်းမှကောင်းပဲ…

#cherryaung 

No comments:

Post a Comment