Friday, October 17, 2025

measuring tools တွေအရေးပါပုံ နှင့် မိမိလျှာ

 Tools တွေ အရေးပါပုံ နှင့် မိမိလျှာကို ချိန်ညှိထားပါ။

စာရေးသူကတော့ တိတိကျကျ science သမား မလို့ နေရာတကာ measuring tools တွေသုံးတတ်တယ်။
အိမ်မှာ အလေးချိန် မျိုးစုံရှိတယ်။ အဆီတိုင်း အပူချိန်တိုင်း လေဖိအားတိုင်း ရာသီဉတုတိုင်း သကြာဓါတ်တိုင်း ရေPH တိုင်း SOIL PH တိုင်း အကုန်ရှိပါတယ်။ အရင်က ကြီးတော်တွေသုံးခဲ့တဲ​့ Microscope ကတော့ ပြောက်သွားတယ်။ Microscope တော့ ပြန်လိုချင်တယ်။ ရှင်းရှင်းပြောရရင် အိမ်ကထွက်တဲ့ produce တွေရဲ့ nutrient value ကိုတောင် သိချင်ပါတယ်။ အဲလိုတိုင်းဘို့ကတော့ လက်ရှိနည်းပညာနဲ့က အလွယ်မရသေးဘူး။ အိမ်မှာ lab ထောင်ထားမှရမယ်။ တိုင်းတာရေးTools တွေမရှိရင် ဘာမှ အသိနိုင်ပါဘူး။ Tools တွေဟာ သိပ်အရေးကြီးသလို tools တွေကို ချိန်ညှိတဲ့ အရာတွေဟာလည်း အရေးပါရှိပါတယ်။
Tools တွေထဲမှာ မိမိတို့ မျက်စေ့၊နား၊ နှာခေါင်း ၊လျှာ ၊လက် နှင့်ခြေထောက် လည်းပါတယ်။ လူတွေဟာ အဲဒိ tools တွေကို အသုံးချပြီး သိအောင်လုပ်တယ်။ ဒီနေ့ Topic မှာ​တော့ လျှာ ကိုပြောပါမယ်။ Tools တိုင်းကို မသုံးမှီနှင့် ရံဖန်ရန်ခါပြန်ပြီး calibrate လုပ်ရတယ်။ စံနှင့် ပြန်ချိန်ညှိရတယ်။ ဒါမှ တိုင်းတာမှု အဖြေမှန်တယ်။ မိမိတို့ လျှာကို စံ တစ်ခုနှင့်ချိန်ညှိထားဘို့ Calibrate လုပ်ထားဘို့လိုမယ်။
TDS Total Dissolved Solid ဆိုတာကို တိုင်းတဲ့ refractometer ဆိုတာရှိတယ်။ အဓိကအားဖြင့် သကြားဓါတ်ကို ကြည့်တာပေါ့။ Wine လုပ်တဲ့ နေရာမှာ အရည်ရဲ့ အချိုဓါတ်ကိုတိုင်းတဲ့ tool ပါ။
အဲဒိ tools နှင့် မိမိလျာ ကို ငယ်ရွယ်တုန်းကောင်းတုန်း sensitive ဖြစ်တုန်း calibrate လုပ်ထားဘို့လိုမယ်။ ဒါမှလည်း အစားသောက်တွေစားတဲ့နေရာမှာ လျှာက မသိပေမဲ့ ဉီးနှောက်က ချိုနေပြီ ဆိုတာကို သိနိုင်လိမ့်မယ်။ သကြားပါဝင်မှုကို brix ဖြင့်တိုင်းတယ်။
စာရေးသူကတော့ သကြားမစားတဲ့ အတွက် 10 brix ဆိုရင် ချိုနေတယ်လို့သိနေပြီဖြစ်တယ်။ 12-15 brix ဟာ စာ​ရေးသူ အတွက်တော်တော် လေးချိုနေပါပြီ။ 10 brix ဆိုတာ 10% အချိုဓါတ်ပါတယ်လို့ပြောလို့ရတယ်။ 1လီတာ မပါန ဆိုလျင် သကြား ၁၀၀ g ပါဝင်တယ်လို့ ဆိုနိုင်တယ်။ ပုံများတွင်ကြည့်ပါ။ brix 0 ဟာ ရေဖြစ်ပါတယ် ။ အဲကစလို့ brix 1 to 20 - 30 etc အားလုံး သကြာဓါတ်ပါရှိပါတယ်။
အဲဒီလို ချိန်ညှိထားမယ်ဆိုရင် ။ စားလိုက်တာနဲ့ brix ဘယ်လောက်ရှိမယ် သကြားဓါတ်ဘယ်လောက် ဝင်သွားတယ်ဆိုတာ ခန့်မှန်းကြည့်နိုင်ပါတယ်။ ပိုအရေးကြီးတဲ့ ကျန်းမာရေးနှင့်ဆက်နေတဲ့ အချက်ကတော့ အသက်ကြီးလာလို့ taste bud တွေ လျော့လာတဲ့ခါမျိုးမှာ ပါးစပ်ထဲမှာ လျာက မချိုဘူးလို့ ​ပြောပေမဲ့ မိမိက ချိုနေပြီ ဆိုတာ brix တိုင်းကြည့်တာနဲ့ သိနိုင်ပါတယ်။
စာရေးသူ အိမ်မှာတောင် brix 12 ကို ဘယ်လိုမှ မနေတဲ့ လူရှိပါတယ်။ brix 15 လောက်မှ အတော်ဘဲ ဆိုတဲ့လူမျိုး။ brix 12 ဟာ ဒီ အချိုကို ဘဲ ပေးပါတယ်။ သို့ပေမဲ့ မချိုဘူးလို့ ထင်နေသူကတော့ တစ်ခုခု ဖြစ်နေပြီလို့ ယူဆလို့ရပါတယ်။ brix 5 ရှိတဲ့ အရည်ကို အချိုဓါတ်မပါဘူး လို့ ညင်းလို့ မရပါဘူး။ မိမိလျှာကို မယုံပါနဲ့။
ဒါကတော့ Refractometer နှင့် brix မိတ်ဆက်ပါ။ brix နှင့် အပင် ပိုးမွှား ဆက်နွယ်မှုကို နောက်တစ်ခါကြ ရှင်းပြပါမယ်။

No comments:

Post a Comment