Sunday, October 26, 2025

ပကဖ တပ်ဖွဲ့ဝင်ပစ်ခတ်နေတဲ့ လက်နက်က နည်းနည်းထူးခြားတယ်

 စစ်ကိုင်းတိုင်း ဆားတောင်မြို့နယ်မှာ ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ဒေသခံအဖွဲ့တွေပူးပေါင်းပြီး စကမ စစ်ကြောင်းတစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ဗီဒီယိုမှ screenshot ဖြစ်ပါတယ်။


ဗီဒီယိုထဲ ပကဖ တပ်ဖွဲ့ဝင်ပစ်ခတ်နေတဲ့ လက်နက်က နည်းနည်းထူးခြားတယ် ပြောရပါမယ်။ Tripod နဲ့ မို့လို့ ပွိုင့်ဖိုက်စက်‌သေနတ်ကြီးလို့ ထင်ရပေမယ့် ပွိုင့်ဖိုက်မဟုတ်ပဲ ဆိုဗီယက်ရုရှားထုတ် PKM စက်လတ် မျိုးကွဲတစ်ခုဖြစ်မယ် ယူဆရပါတယ်။ PKM ဆိုတာက 7.62x54mm ကျည်သုံး စက်လတ်ဖြစ်ပါတယ်။

ပကဖ တပ်ဖွဲ့ဝင် အသုံးပြုခဲ့တဲ့ PKM က ယာဉ်တင်ဖို့ ရည်ရွယ်တဲ့ PKT, PKTM လို မျိုးကွဲဖြစ်မလားပဲ။

- သေနတ်ဒင် stock, အပစ်လက်ကိုင် pistol grip တွေ မပါတော့ပဲ လက်မနဲ့ဖိရတဲ့ spade shaped trigger ဖြစ်တယ်။
- PKM တွေလို ညာဘက်က ကျည်ကျွေးရပြီး PKM တွေမှာသုံးတဲ့ non-disintergrating ကျည်ခါးပတ် နဲ့ ဖြစ်ပါတယ်။
- စက်လတ်ကို ‌ချိန်ရွယ်ဖို့ iron sight တစ်ခုခု ပါနေတာမျိုး မရှိတာလည်း တွေ့ရပါတယ်။

Tripod mounted machine gun တွေပါသုံးခဲ့တာဆိုတော့ တိုက်ခိုက်မှုဖော်ဆောင်ခဲ့တဲ့ ပကဖအဖွဲ့တွေရဲ့ ပစ်အားက မသေးလှဘူး ပြောရပါမယ်။

Tactical Raptor
Raptorone 

No comments:

Post a Comment