Saturday, October 11, 2025

ဝက်လက်ပေါင်းနည်း

 အရမ်းအရမ်းစားကောင်းတဲ့ ဝက်လက်ပေါင်းနည်း

🤤
နူးအိပီး အရသာရှိတဲ့ ဒီဝက်လက်ပေါင်းကို Singapore မှာ စပြီးစားဖူးတာပါ…နာမည်ကြီးတဲ့ East Coast food court ကဆိုင်ဆို ခဏဏစားဖြစ်တယ်
အဓိက Ingredients က black bean pasteဖြစ်ပါတယ်
Asianဆိုင်​တွေမှာ အထုတ်နဲ့ ရောင်းတယ် အချိုမဟုတ်ဘူး အငန်ပါ
ကိုယ်က​တော့ Korea roasted black bean paste ဗူးသုံးထားပါတယ် ပုံမှာပြထားပါတယ်..ဒီဗူးက korea ပဲ​ခေါက်ဆွဲလုပ်တဲ့အခါမှာလည်း သုံးပါတယ်
ပေါင်းနည်းကလည်း လွယ်ပါတယ်​နော် ပုံ​တွေ​အောက်မှာ ချက်နည်း​လေး ကြည့်​ပေးပါ
Instant pressure cooker နဲ့ပဲဖြစ်ဖြစ် ထမင်း​ပေါင်းအိုးနဲ့ပဲဖြစ်ဖြစ် ပေါင်းလို့ပါတယ်
ပါဝင်ပစ္စည်းတွေက
Black bean paste ၂ ဇွန်းမောက်မောက်
ဂျင်း ကြက်သွန်ဖြူ
သစ်ဂျပိုး ကရဝေးရွက် နာနတ်ပွင့် ငရုတ်ကောင်းစေ့ ဟွာကျောင်းစေ့
ပဲငံပြာရည်အပြစ် ၊ အကျဲ ၂ ဇွန်းစီ
ငံပြာရည် ၁ဇွန်း
ရှာလကာရည် ၂ ဇွန်း
ခရုဆီ ၁ဇွန်း ပါ
🍲အရင်ဆုံး ဝက်လက်​တွေကိုရေစင်​အောင်​ဆေးပီး Air fryer (သို့)ဆီထဲ 10 min ထည့်​ကြော်​ပေးပါမယ်…အ​ခေါက်​တွေ တင်းသွားရင် ရပါပီ …Air fryer ထဲဆို လူပိုသက်သာတယ် ဆီမ​ပေါက်​တော့ဘူး
🍲ကြော်ပီးရင် pressure cooker ထဲ (သို့) ပြုတ်မယ့်အိုးထဲကို ထည့် … ရေမမြုတ်တမြုတ်ထည့် ပါဝင်ပစ္စည်းတွေအကုန်ထည့်ပီး 45 မိနစ် pressure cook ပါမယ်

ထမင်းပေါင်းအိုးဆို ပိုကြာပါမယ်
ပေါင်းပြီးသွားရင်တော့ အရည်ကို စစ်ထုတ်ပီး ကော်မှုန့် ၃/၄ဇွန်းရေဖျော်ထည့်မွှေ ပေးလိုက်ရင် အရည်ပြစ်ပြစ်လေးရပါပီ .. ဒီအရေက ထမင်းနဲ့ ဆမ်းစားရင် အတော်ကောင်းပါတယ်… ချက်စားကြည့်ကြပါအုန်းနော် 🤤🤤 ဝက်လက် နူးနူးအိအိလေးနဲ့ အရမ်းစားကောင်းပါတယ်

Comm#ဝက်လက်​ပေါင်း

No comments:

Post a Comment