Emotional Manipulation ဆိုသည်မှာ
လူတစ်ယောက်ကိုယ့် ကို Guilt-trip နေပြီဆိုရင်
ပြစ်မှုကျူးလွန်ထားတဲ့ ရာဇဝတ်သားတစ်ယောက်လိုခံစားရတယ်
သူငယ်ချင်းနဲ့တွေ့မယ်လို့ပြောထားတယ်
Friend Only လဲဖြစ်တယ်၊ တွေ့မယ့်သူတွေကိုလဲပြောထားပြီးသား
လိုက်လို့မသင့်တော်ဘူးဆိုတာကို
"ငါက နင့် သူငယ်ချင်းလောက်အရေးမပါဘူးလား?"
"ငါ့ကို လူတွေနဲ့ ပေးမတွေ့စေချင်တာလား?"
"Silentတွဲနေတာလား?"
ပြီးတော့ သွားခဲ့ရင်တောင် ဟိုမှာစိတ်လွတ်ကိုယ်လွတ်မပျော်နိုင်ဘဲ
ဖုန်းခဏခဏဆက်ပြီး စိတ်ဒုက္ခ လိုက်ပေးနေတယ်၊
မတွေ့တာကြာတဲ့ သူငယ်ချင်းတွေနဲ့ တွေ့တာကိုပဲ
အပြစ်တစ်ခုလုပ်သလိုခံစားနေရတယ်
သွားခဲ့မိတာ၊ လာခဲ့မိတာကို နောင်တရသလိုဖြစ်နေရင်
သေချာပါတယ် ဒါဟာ Guilt Trip လုပ်ခံရနေတာဖြစ်တယ်
သူမလုပ်စေချင်တာကို Guilt Trip လို့ရသလို
ကိုယ်မလုပ်ချင်ဘဲနဲ့ သူလုပ်ချင်တာကိုလဲ လုပ်လို့ရတယ်
"ငါ့ကို ချစ်ရင် ဒါလုပ်ပေး"
"သူများတွေလဲလုပ်ပေးတာပဲ ဒါလေးတောင်မလုပ်ပေးနိုင်ဘူးလား?"
တောင်းဆိုခွင့်ရှိတယ်၊ လိုချင်တာကို ပြောလို့ရတယ်
ဒါပေမယ့် မလုပ်ပေးနိုင်တာကို ပြစ်မှုတစ်ခုလိုခံစားစေရအောင်ပါ
ငိုပြလိုက်၊ ရန်ဖြစ်လိုက်၊ စိတ်ကောက်လိုက် လုပ်နေရင်
Guilt Trip ဖြစ်သွားတာပဲ
2. Gaslighting
ကိုယ့်ရဲ့ဖြစ်တည်မှု (သို့) အဖြစ်အပျက်တစ်ခုကို
ဇဝေဇဝါဖြစ်အောင် သူ့အမှားဆို ပေါ့သေးသေးဖြစ်အောင်၊
ကိုယ့်အမှားဆို ဆိုးရွားတယ်ဖြစ်အောင် လုပ်ယူခြင်း
စျေးမှာလမ်းကြုံရင် ကြက်ဉဝယ်ခဲ့ပါလို့ ကိုယ်ပြောခဲ့တယ်
သူပြန်လာတော့ ကြက်ဉမပါလာဘူး
"ဟုတ်သားပဲ မေ့သွားတယ်" လို့ဝန်ခံရမယ့်အစား
"မမှာလိုက်ဘူး၊ မကြားမိပါဘူး"လို့ဘူးခံငြင်းနေတယ်
ကြာလာတော့ "အေး ငါပဲမှာဖို့ မေ့သွားတာနေမှာ"ဆိုပြီး
မှာခဲ့တဲ့ လူတောင် မမှာခဲ့သလိုလိုခံစားသွားတယ်
ဒါက အဖြစ်အပျက်တစ်ခုကို Gaslight တာ
ဖြစ်တည်မှုကို Gaslight တာပိုကြောက်စရာကောင်းတယ်
ဉပမာ ကိုယ်အလုပ်မှာ အလုပ်လုပ်တာတော်တယ်ဆိုရင်
အဲ့လောက်လဲ မတော်ပါဘူး ဒါကလူတိုင်းလုပ်တတ်တာပဲ
ဉပမာ ကိုယ့်ကိုကိုယ် လှတယ်လို့ခံယူထားရင်
အသားအရည်ထိမ်းသိမ်းရင်ပိုလှမှာ၊ ဒီအမာရွတ်လေးမရှိရင်
Gym ဆော့လိုက်ရင်၊ ဝိတ်ချလိုက်ရင် စသဖြင့်
ငါကတော်တယ်၊ လှတယ်၊ စိတ်ဓာတ်ခိုင်မာတယ်ဆိုတဲ့
ကိုယ့်ရဲ့ဖြစ်တည်မှုတွေကို သူကတဖြည်းဖြည်း Gaslight လုပ်ပြီး
ပြောင်းယူသွားတာဖြစ်တယ်
3. Playing the Victim
လုပ်လိုက်ပေမယ့် ခံရသူအမြဲလုပ်ပြနေခြင်း
အရှင်းဆုံးဉပမာက ကိုယ့်ကို ပါးရိုက်လိုက်ပြီး
အား လက်နာသွားပြီဆိုပြီး ငိုပြတာပဲ
ကိုယ့်ပေါ် Cheat လုပ်ခဲ့ရင်တောင်မှာ
နင်က ငါ့ကို နားမှမလည်ပေးနိုင်တာ
နင်က ငါ့ကို Attention မှမပေးတာ
ငါတစ်ယောက်ထဲ အထည်းကျန်နေတာကိုး
ကိုယ့်အပေါ် မကောင်းတာလုပ်ခဲ့ရင်တောင်
နင်သိတာပဲ ငါ့ငယ်ဘဝက ဘယ်လိုဆိုတာ
နင်ငါ့ကို ပိုပြီးနားလည်ပေးရမှာ ခွင့်လွတ်ပေးရမှာ
တောင်းပန်တယ်ဆိုတာလဲမရှိ၊ ပြောင်းလဲမယ်ဆိုတာလဲမရှိ
ကိုယ်လုပ်ခဲ့တဲ့အရာပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘဲ
ဘာပဲဖြစ်ဖြစ် အရာရာဟာ သူ့ကြောင့်မဟုတ်ဘဲ
သူများကြောင့်ဆိုပြီး အဖြစ်အပျက်တိုင်းမှာ
Victim နေရာမှာ ရှေ့ဦးအောင် ရှိနေတာပြောတာဖြစ်တယ်
4. Love-Bombing & Withholding Affection
တခါတခါ အရမ်းချစ်ပြပြီး၊ တခါတခါ အရမ်းအေးစက်တာ
သူအမြင်မကြည်တဲ့ချိန်၊ သူမကျေနပ်နေတဲ့ချိန်
စကားပြန်မပြော၊ ဖုန်းမကိုင်၊ လာမတွေ့ဘဲပြစ်ထားပြီး
သူအမြင်ကြည်နေတဲ့ချိန်၊ ကိုယ့်စီက တစ်ခုခုလိုအပ်နေတဲ့ချိန်
ပန်းစီးတွေ၊ ချောကလပ်တွေ၊ လက်ဆောင်တွေနဲ့
ရောက်ရောက်လာတာကိုဆိုလိုတယ်
ဒါက ချစ်တာမချစ်တာ ထက်
Manipulation လုပ်တဲ့ Tool အနေနဲ့သုံးတာဖြစ်တယ်
ဒါဟာ ကြောက်စရာကောင်းတယ်
ဒါလိုခံစားမှုတွေကို အမြင့်အနှိမ့်တွေပေးပြီး
ဒီအမြင့်အနိမ့်တွေအပေါ် တစ်ဖက်လူက
Roller Coaster စီးရသလို နှစ်မြောသွားပြီး
ရုံးမထွက်နိုင်တဲ့သူဖြစ်သွားတတ်တယ်
လက်ရှိလုံးဝ ဆိုးရွားနေရင်တောင် တချိန်သူငါ့ပေါ် ပြန်ကောင်းမှာပဲ
တချိန် သူစိတ်ငြိမ်သွားမှာပဲ ဆိုပြီးစောင့်နေတတ်တယ်
5. Moving the Goalposts
ဂိုးတိုင်ရွေ့ခြင်း
သင်ဟာ ပင်နယ်တီကစ်တာကောင်းတဲ့ဘောလုံးသမားဆိုပါဆို့
ကစ်တိုင်းကစ်တိုင်း ဂိုးတိုင်က ရွေ့ရွေ့သွားတယ်ဆိုရင်
သင် ဘလယ်လိုကန်ကန် ဘယ်လိုဂိုးမလဲ?
Relationshp မှာ ဂိုးတိုင်ရွေ့တယ်ဆိုတာ
လက်ဆောင်ယူလာရင်၊ ပန်းမပါဘူးလားမေးတယ်
လက်ဆောင်ရော၊ ပန်းရောပါရင်
ဘယ်စားသောက်ဆိုင်ကို လိုက်မကျွေးဘူးလားမေးတယ်
ညာဘက်ကန်ရင် ဂိုးတိုင် ဘယ်ရွေ့ပြီး
ဘယ်ဘက်ကန်ရင် ဂိုးတိုင် ညာရွေ့တယ်
တစ်ခုရရှိတိုင်း အဲ့တစ်ခု တကယ်မလိုပါဘူး
နောက်တစ်ခုကမှပိုအရေးကြီးတာ ပြောတယ်
နောက်တစ်ခုရလာတော့ ဟိုတစ်ခု၊ ဟိုတစ်ခုရတော့ ဒီတစ်ခု
ကြာလာတော့ ကိုယ်က သူလိုချင်တဲ့အရာတွေ
မပေးဆပ်နိုင်တဲ့သူ၊ မဖြည့်ဆည်းနိုင်တဲ့သူ ဖြစ်လာပြီး
နင် ငါ့လိုလူမျိူးရတာ တော်တော်ကံကောင်းတယ်မှတ်
နင် ငါ့လိုလူမျိုးရှာကြည့်ဦး ဆိုပြီး Gaslight ပါလုပ်ပြီး
Relationship မှာ ထိပ်ကနေလိုချင်တာ
Manipulate လုပ်လို့ လွယ်သွားအောင်လုပ်တာဖြစ်တယ်
6. Triangulation
တတိယလူကို ဗန်းပြန်ပြီး ကိုယ်လိုချင်တာကို ထိန်းချုပ်ရယူခြင်း
ကိုယ်နဲ့ အတည်တွဲနေတာကို ဟိုလိုလိုဒီလိုလိုနဲ့
တခြားသူနဲ့ သွားပြီး Flirt တာဖြစ်တယ်
ပြတ်ချင်လို့လဲမဟုတ်ဘူး၊ တစ်ဖက်ကို ကြိုက်လို့လဲမဟုတ်ဘူး
တဖက်ကအဲ့လိုလုပ်တော့ ဒီဖက်က ဂရုပိုစိုက်ပြရင် ရပ်သွားတယ်
သူလုပ်ချင်တာမရတော့တာနဲ့ တပြိုင်နက် ပြန်သွား Flirt တာ
Jealous ဖြစ်အောင်လုပ်တာ၊
ဒီဖက်လူ စိတ်ပူအောင်လုပ်တာပြန်လုပ်တယ်
7. Passive-Aggression
မရင်ဆိုင်ဘဲ ဒေါသထွက်ခြင်း၊စိတ်ပျက်ခြင်း
Active-Aggression ဆိုတာချစ်သူရည်းစားနှစ်ယောက်
မျက်နှာခြင်းဆိုင် သူတစ်ခွန်း၊ ကိုယ်တစ်ခွန်းရန်ဖြစ်နေတာဆိုရင်
Passive-Aggression ဆိုတာ တစ်ယောက်ထဲကပဲဖြစ်ဖြစ်
နှစ်ယောက်စလုံးဖြစ်ဖြစ် တစ်ယောက်နဲ့တစ်ယောက် မရင်ဆိုင်ပဲ
ပြဿနာကို ပွင့်ပွင့်လင်းလင်းမရင်ဆိုင်ဘဲ၊ အရွဲ့တိုက်နေပြီး
မျက်နှာချင်းမဆိုင်ဘဲ ရှောင်နေတာကိုဆိုလိုတယ်
ဒီချိန် တဖက်သူက ဘာလုပ်လို့လုပ်ရမှန်းမသိဘဲ
ပူလောင်ပြီးကျန်ခဲ့တယ်
ဒါတွေကတော့ လူတွေတစ်ယောက်ပေါ်တစ်ယောက်
မသိစိတ်ကဖြစ်စေ သိသိနဲ့ဖြစ်စေ သုံးတဲ့
Emotional Manipulation Tactic တွေပဲဖြစ်တယ်၊
ကိုယ်ကိုယ်တိုင်သုံးမိနေရင်လဲ သတိထားပြုပြင်ပြီးရှောင်ဖယ်နိုင်ဖို့ဖြစ်ပြီး
သူများကိုယ့်ပေါ်သုံးနေရင်လဲ ချက်ချင်း Call Out လုပ်နိုင်ဖို့ရယ်
နောက်ဆုံး ပတ်ဝန်းကျင်မှာသုံးနေတာမြင်ရင်လဲ
သုံးနေတဲ့သူကို တားဆီးနိုင်ဖို့နဲ့ သုံးခံနေရသူကို ကာကွယ်ဖို့
မျှဝေပေးလိုက်ပါတယ်
No comments:
Post a Comment