ထိုင်းမြောက်ပိုင်းသားကိုကြိုက်ရင် Hung Lay Curry ကိုပါ ကြိုက်သွားမယ်။ ထိုင်းမြောက်ပိုင်းရဲ့ ဆွမ်းကပ်တွေ အလှူတွေမှာ မပါမဖြစ် ဝက်သားဟင်းလေးအတွက် ဟင်းအနှစ်လုပ်မယ်ဆိုရင် ....
ဝက်သားသုံးထပ်သားတွေကို ရေဆေးပြီး အသားတွေချည်း အရင်လှော်
ရေတွေခန်းပြီး ဆီထွက်လာတဲ့အထိအ
ရင်ချက်။ ဆီထွက်လာရင် ဟင်းနှစ်ကြိတ်ထားတာတည့်ပြီး ချက်မယ်။
ပဲငံပြာရည်အနောက်/ ငံပြာရည်/ အချိုမှုန့်/ ဆား/ သကြားထည့်မယ်။
မန်ကျည်းနှစ်အနည်းငယ်ထည့်မယ်။
ပြီးရင် ရေမြုပ်ရုံထည့်ပြီး ဝက်သားနူးအောင်တည်မယ်။
ဂျင်းပါးပါးလှီး/ ကြက်သွန်ဖြူ/ ကြက်သွန်နီ အလုံးလိုက်ထည့်မယ်။
(တချို့က မြေပဲအဆံအစိမ်း ထည့်ကြတယ်)
ဆီပြန်မဟုတ်ဘဲ ဆီကျန်ရေကျန် အနှစ်ပျစ်ပျစ်လေး ချက်တဲ့ဟင်းမို့ ထမင်းနဲ့နယ်စားရင် အရမ်းကောင်း။
ထိုင်းမြောက်ပိုင်းမှာတော့ ဒီဟင်းက နာမည်ကြီးပဲ။
No comments:
Post a Comment