ကိုယ်တိုင်အမဲသားမစားသော်လည်း
စားသောသူအတွက်ချက်ပေးတာပါ။အမဲသားနှပ်အတွက်
-အမဲသား - ၄၀၀ g ကို ရေဆေးကာ အနေတော်တုန်းပြီ
ဆား၊နနွင်း၊ အရသာမှုန်.၊ မာဆလာ၊ ဂျင်းကြက်သွန်ဖြူထောင်း
တို.နှင့် နယ်ကာ ၁၅ မိနှစ်ခန်.နပ်ထားပါ။
-ကြက်သွန်ဖြူ - ၄ မွာ၊ ဂျင်း - လက်တစ်ဆစ်ခန်.
-ကြက်သွန်နီ - ၃ လုံး
-ဆား၊ဆီ၊ နနွင်း၊ ၊အရသာမှုန်.၊ငံပြာရည်၊ မဆလာ - အနဲငယ်စီ
-ပျဉ်းတော်သင် - ၅ ရွက်ကိုရေဆေးထားပါ။
-ငရုပ်သီးအစိမ်းမှုန်. - ထမင်းစားဇွန်း ၁ ဇွန်း
-ကြက်သွန်ဖြူ၊ နီ၊ ဂျင်းကို အခွံခွာရေဆေးပြီး ငရုပ်သီး ၃တောင့်ကို ရေစိမ်ကာ
ငရုပ်စေ.ထုတ်ပြီး ထည်.ကာ ညှက်အောင်ထောင်းပါ။
-ချက်မည်.အိုးထဲသို. ဆီထမင်းစားဇွန်း (4) ဇွန်း၊ကြက်သွန်ဖြူနီဂျင်းထောင်းနှင့်နနွင်း
တို.ကိုထည်.ကာဆီသတ်ပြီး နီညိုရောင်သန်းလာလျှင်မဆလာ၊ပျဉ်းတော်သင်၊
ငံပြာရည်နှင့်အမဲသား၊ဆား၊ အရသာမှုန်.တို.ကိုထည်.ကာ
သမအောင်မွေပြီး ဆီပြန်လျှင်
ရေ ၃၀၀ ML ခန်.ထည်.ပြီး အဖုန်းအုပ်ကာချက်ပါ။
ထိုနောက်ရေခန်းပြီးဆီပြန်လျှင် ရေ ၃၀၀ ML ခန်.ထည်.ကာ
နှစ်ရေသုံးရေခန်.ခန်းသည်အထိ ၁နာရီခန်.
အမဲသားနူးသည်အထိအဖုံးဖုန်းအုပ်
ဆီပြန်သည် အထိချက်ပြီး။အပေါ.အငံမြည်းပြီး
မိမိတွဲစားလိုသည်. အချဉ်ပာင်း၊
အရွက်ကြော်၊ သရက်သီးသုပ် စသည် အသုပ် တစ်မျိုးမျိုးဖြစ်
တွဲစပ်ကာသုံးဆောင်နိုင်ပါပြီရှင်..
-အာလူးကိုထည်.ချက်ချင်ပါက အာလူးကိုအခွံခွာ
ရေဆေးပြီး အနေတော်တုန်းဆားနှင့်နယ်ကာကြော်ပြီး
အမဲသား နှစ်ရေခန်းလျှင် ရောထည်.ကာချက်ပါ။
Crd #
myanmar food
No comments:
Post a Comment