Sunday, May 26, 2024

ဗိုလ်ချုပ်အောင်ဆန်း စီးခဲ့သည့် Wolseley RC2874

Wolseley RC2874 ကားကို၂၄၅ ရက်ကြာ အချိန်ယူ၍ အသေးစိတ်ပြု ပြင် မွမ်းမံပြီးစီး
-------------- ------------ ---------
ဗိုလ်ချ ုပ်အောင်ဆန်းစီးခဲ့သည့် #WolseleyRC2874 ကားကို ၂၄၅ရက်ကြာအချိန်ယူ၍အသေးစိတ်ပြုပြင်
မွမ်းမံပြီးစီးသွားပြီဖြစ်ကြောင်း #Htoo_Auto_Service မှရေးသားထားကိုတွေ့ရသည်။
ဖခင်ဖြစ်သူစီနင်းခဲ့သည့်ကားကို သမီးဖြစ်သူဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ပြန်လည်မွမ်းမံပြီးစီးချင်သည့်အတွက် Htoo Auto Service ကအသေးစိတ်ပြုပြင်မွမ်းမံပြီး ပြန်လည်အသက်သွင်းလိုက်ခြင်းဟုလည်း သိရသည်။
အဆိုပါကားကိုပြင်ဆင်ပြီးစီးပုံနှင့်ပတ်သက်၍ Lin Htet (EEM) အမည်ရ Facebook အသုံးပြုသူက ယခုကဲ့သို့ရေးသားထားသည်။
-------------- ----------------- ---------
အမေစုကိုယ်တိုင် သူ့အဖေရဲ့ ကားကို ပြန်လည်မွမ်းမံပြီးစီးချင်တယ်ဆိုလို့Htoo Auto Serviceကနေ
245ရက်ကြာ အသေးစိတ်ပြ ုပြင်မွမ်းမံပြီး ပြန်လည်
အသက်သွင်းလိုက်ပြီဖြစ်တဲ့ ကျွန်တော်တို့
ဗိုလ်ချ ုပ်အောင်ဆန်းရဲ့Wolseley RC 2874ကားလေးပါ
Wolseley ဆိုတဲ့ British ကားထုတ်လုပ်ရေးကို 1901 မှာ Vickers နဲ့ Herbert Austin တို့ပူးပေါင်း တည်ထောင်ခဲ့ပါတယ်။ 1921 မှာ Britain ရဲ့ အကြီးဆုံးသော ကားထုတ်လုပ်ရေးလုပ်ငန်းကြီး ဖြစ်ခဲ့ပါတယ်။ 1901~1905 အတွင်း horizontally opposed အင်ဂျင်တပ်ကားများ ထုတ်လုပ်ခဲ့ပြီး 5 hp မှ 24 hp အထိပါဝါရှိပါတယ်။ rpm 1000 အောက်သာ ရှိပါတယ်။ 1909 အထိမှာ 60 hp ထိအင်ဂျင်ပါဝါ တိုးလာခဲ့ပါတယ်။ အဲ့ခေတ်က အင်ဂျင်ပါဝါနည်း သော်လည်း engine displacement များမှာ 5.2 L, 5.85 L, 11.7 L စသည်ဖြင့်ရှိပါတယ်။ cylinder တွေကတော့ ၄ လုံး ၆ လုံး နဲ့ 60 hp မှာ V8 engine ဖြစ်ပါတယ်။ V8 အင်ဂျင်က လေယာဉ်တွေမှာ အသုံးပြုခဲ့ပါတယ်။
1919 ကနေ 1939 အတွင်း Wolseley ကနေ 4 cylinder ကားအမျိုးအစား ၁၂ မျိုးထုတ်ခဲ့ပြီး 6-cylinders ကား ၁၈ မျိုး နှင့် 8 cylinder ကား ၂ မျိုးထုတ်လုပ်ခဲ့ပါတယ်။ ဆက်လက်ထုတ်လုပ်တာတွေမရေးတော့ဘဲ ဗိုလ်ချုပ်ကားကိုဆက်ပါမယ်။
ဗိုလ်ချုပ်ရဲ့ကားလေးကတော့ Wolseley 18/85 ဖြစ်ပြီး 1938 ကနေ 1948 အတွင်းမှာ ထုတ်လုပ်ခဲ့တဲ့ အမျိုးအစားဖြစ်ပါတယ်။ တံခါး ၄ ချပ် saloon ကား ဖြစ်ပြီး 2322 cc displacement နဲ့ straight-6 ဆလင်ဒါ ၆ လုံးထိုးအင်ဂျင်ဖြစ်ပါတယ်။
Wheelbase 2654 mm
Length 4369 mm
Width 1702 mm
Height 1676 mm
Weight 1422 kg ရှိပြီး UK မှာ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။
85 hp ပါဝါရှိပြီး OHV (overhead valve) စနစ်ဖြစ်ပါတယ်။ ဒီခေတ်ကားတွေက overhead cam OHC တွေပါ။ MG SA ကားတွေနဲ့ အင်ဂျင်တူဖြစ်ပါတယ်။ Cylinder Bore 69.5 mm နဲ့ Stroke 102 mm ဖြစ်လို့ long stroke engine type ပါပဲ။ Carburetor ၂ လုံးသုံးစွဲထားပြီး ignition timing ကတော့ zero before TDC ဖြစ်ပါတယ်။ ဒီခေတ်လို ignition timing စော/နောက်ကျလို့ မရသေးပါဘူး။ valve timing တွေကတော့ မပြောင်းလဲနိုင်သေးတဲ့ ပုံစံပါပဲ။ Compression ratio ကတော့ 6.5:1 ဖြစ်ပါတယ်။
ဗိုလ်ချုပ်ကွယ်လွန်ခဲ့တာဟာ 1947 ဖြစ်လို့ စစ်ပြီးခေတ် model Wolseley လေးဟာ 1945 /46/47 တစ်နှစ်နှစ်ဖြစ်မှာ ဖြစ်ပြီး RC 2874 နံပါတ် ကိုတော့ Wolseley World ဆိုတဲ့ ဂျာနယ်ကြီးကနေ RG (Rangoon) registration number 2874 ဆိုပြီး ကမ္ဘာအနှံ့က Wolseley ကားတွေကို မှတ်တမ်းတင် ရာမှာ ဖော်ပြထားပါကြောင်းဖြင့်။ ။
Ref...Lin Htet (EEM)
Photo Crd:Htoo Auto Service
=====================================
ဗိုလ်ချုပ်စီးခဲ့သောကားအား နဂိုမူလလက်ရာမပျက်ပြ န်လည်ပြုပြင်ပြီးစီးသွားပြီဖြစ်သဖြင့် Htoo Auto Service မှနဂိုမူလသာသနာရေးနှင့်ယဉ်ကျေးမှု့ဝန်ကြီးလက်အောက်ရှိ နတ်မောက်လမ်းဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်သို့ပြန်လည်ပြီးလွဲပြောင်းပေးအပ်ခဲ့ပါသည် ။
================================
မှန်ခန်းလေးထဲနောက်ဆုံးပြန်ထားခဲ့ပေးလိုက်
ရတဲ့အချိန်ကျွန်တော်ရင်ထဲတော်တော်မကောင်း
ဖြစ်ခဲ့ရပါတယ် ။ အစမှအဆုံးပြုပြင်စဲကာလရက်ပေါင်း၂၀၀ ကျော်
အတူတူနေခဲ့ရတဲ့သံယောဇဉ်
(ဘယ်သောအခါမှမေ့လို့ရမှာမဟုတ်ပါ) ဇော်ထူး
=============================
GSM ရဲ့လုပ်ငန်းစဉ်တွေဆိုတာ
သုတပေါင်းကူးရေးလုပ်ငန်းတွေပါပဲ ...
ခုတင်ပြမယ့်ကိစ္စကတော့
ဗိုလ်ချုပ်အောင်ဆန်း
ဘုရင်ခံရဲ့ အမှုဆောင်ကာင်စီ
ဒုတိယသဘာပတိ ရာထူးကိုလက်ခံခဲ့ပြီးနောက်
ရရှိခဲ့သောကားကို ပြန်လည်ပြင်ဆင်ခဲ့ပြီးကြောင်းပါ ..
ဗိုလ်ချုပ်အနေနဲ့ လုပ်ကြံခံရသည့်
မနက်ပိုင်းထိစီးနင်းခဲ့ပါတယ် ...
ကားအမျိုးအစားနဲ့ အတိအကျမှတ်တမ်းများကိုတော့
ဗိုလ်ချုပ်ပြတိုက်မှာ သွားရောက်လေ့လာနိူင်ပါတယ် ..
HTOO AUTO Serviceကိုလာရောက်ညီနှိုင်းခဲ့တဲ့
ယဉ်ကျေးမှုဌာနက ပုဂ္ဂိုလ်တွေရဲ့
အကူအညီတောင်းခံမှုကြောင့်
ပြုပြင်ဆောင်ရွက်ပြီးချိန်မှာပြတိုက်ကို
မလွှဲပြောင်းခင်မှာ သွားရောက် လေ့လာခဲ့ပါတယ်...
ဗိုလ်ချုပ်ရဲ့ ကားကို ပြင်ဆင်ပေးတဲ့အခါ
မူလ အတိုင်း ဖြစ်အောင် ဆောင်ရွက်ထားကြောင်းသိရပါတယ် ..
ကိုဇော်ထူးရဲ့ ခွင့်ပြုချက်နဲ့ သည် ဖိုင်ကိုတင်ပါတယ် ..
-
Credit to:

Khin Nay Chi Aye


Original Post: https://www.facebook.com/kanady.aye/posts/pfbid02UnsEbQGqqVKrrp5Rug2pUopEMS4d4w1D2XwBoi32qrgay8bmxE7VhFn4Dz4Aw3P8l
All reactions:
60
15
32
Like
Share

No comments:

Post a Comment