ကဗျာအရှည်ကြီးရေး။ အညာနဲ့ နုဂျီကိုရန်တိုက်။
စာသားခပ်မိုက်မိုက်တွေနဲ့ တင်စားချက်ကလွန်။
အညာဟာ ဒင်းတို့အတွက် မျက်ရည်ချူဖို့မဟုတ်ဘူး။
ကိုယ့်ဒေသ ကိုယ့်နေရာ ကိုယ့်ဝန်းကျင်
ကိုယ်ထူကိုယ်ထ အလုပ်လုပ်နေကြတယ်။
အညာမှာ နုဂျီရှိဖို့မလိုဘူး။
စုဖွဲ့မှုအားကောင်းတဲ့ ပီဒက်ရှိဖို့ပဲလိုတယ်။
မီး ရှို့ခံရွာထဲ နုဂျီပျောက်လို့ရှာမနေနဲ့။
ရွာသားတွေပင် ပျောက်သူကပျောက်
ပြန်ရောက်သူမှရောက်။
ဖတ်လို့တော့ကောင်းရဲ့။
မျက်ရည်လည်ရွဲ နှာတရှုံ့ရှုံ့ဖြစ်။
ဒါပေမယ့် အညာကို ဘယ်သူတွေကူလဲ
ဘယ်သူတွေ အမှန်တကယ် အညာကိုခရီးသွားသလဲ။
အညာကိုခရီးဖြတ်လျှောက်ဖူးသူက
တကယ့်ကမ္ဘာလှည့်ခရီးသည်အလားပဲ။
အညာဟာ စုတ်ပြတ်နေပြီ မှန်တယ်။
ဒါပေမယ့် အညာဟာ ရိုဟင်ဂျာလို
ပြစားဖို့သက်သက်ရုပ်လက္ခဏာမဟုတ်ဘူး။
ကောင်းလိုက်တဲ့ကဗျာ၊ ရှည်လိုက်တဲ့စာကြောင်းရေ။
ဒါပေမယ့် ဆိုလိုချက်က တိုတိုလေးပါ။
သို့ နုကြည်တဲ့။
ကဗျာထဲကအဖြစ်အပျက် စာသားတွေအားလုံး
သို့ နုကြည်ထံသို့ပဲ။
တိုက်ရိုက်ဘယ်လိုပတ်သက်သလဲ။
အမှန်တကယ် လက်တွေ့မြေပြင်အခြေအနေမှန်အရ
သို့ မအလလို့လိပ်မူရမှာဖြစ်တယ်။


No comments:
Post a Comment