Credit to:
1. ဆွီဒင်ကယူကရိန်းကိုယူရိုသန်းပေါင်း ၁၁၆၀(၁.၁၆ဘီလီယံ) တန်ဖိုးရှိတဲ့စစ်လက်နက်တွေထပ်မံပေးပို့ပါမယ်။အခုပေးပို့မယ့်စာရင်းထဲမှာ ASC-890 လေကြောင်းချီစောင့်ကြည့်ရေးနဲ့ထိန်းချုပ်ရေးလေယာဉ် ၂ စင်းလည်းပါဝင်တယ်။ဆွီဒင်ထုတ်နာမည်ကျော် ASC-890 လေကြောင်းချီစောင့်ကြည့်ရေးနဲ့ထိန်းချုပ်ရေးလေယာဥ်ကိုတရုပ်၊ဘရာဇီးလ်၊ပါကစ္စတန်နိုင်ငံတို့ကလည်းဝယ်ယူအသုံးပြုနေကြတယ်။ဒီရေဒါစနစ်ထောက်လှမ်းရေးလေယာဥ်ရရှိလိုက်တာဟာယူကရိန်းစစ်တပ်အတွက်စွမ်းဆောင်ရည်မြင့်တက်လာစေမှာပါ။ဝေဟင်၊မြေပြင်၊ရေကြောင်းပစ်မှတ်များတိုက်ခိုက်ရာမှာပစ်မှတ်ကိုပိုမိုတိကျစွာလမ်းညွှန်နိုင်ပြီးထိရောက်မှုများစွာတိုးတက်လာစေပါလိမ့်မယ်။အခုပေးပို့မယ့်စာရင်းထဲပါဝင်တဲ့လက်နက်နောက်တမျိုးကတော့ဝေဟင်ရော၊မြေပြင်ကပါပစ်ခတ်နိုင်တဲ့အဆင့်မြင့် RB 99-AMRAAM ဒုံးကျည်ပါ။အမေရိကန်ကွန်ဂရက်ကဒေါ်လာ ၆၁ ဘီလီယံယူကရိန်းစစ်ရေးအကူအညီခွင့်ပြုလိုက်တဲ့နောက်ပိုင်းအနောက်မဟာမိတ်နိုင်ငံတွေကလည်းဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်လာကြတာကိုသတိပြုမိကြပါလိမ့်မယ်။

2. "ဒိန်းမတ်ပေးပို့တဲ့လက်နက်တွေကိုနိုင်ငံတကာဥပဒေနဲ့အညီရုရှပိုင်နက်ထဲအထိတိုက်ခိုက်ခွင့်ပြုတယ်"လို့ဒိန်းမတ်ဝန်ကြီးချုပ် Mette Frederiksen ကပြောကြားလိုက်ပါတယ်။ပြင်သစ်သမတ Macron ကဒိန်းမတ်ဝန်ကြီးချုပ်ရဲ့ရပ်တည်ချက်ကိုထောက်ခံကြောင်းကျေညာချက်ထုတ်ပြန်တယ်။
3. ပြီးခဲ့တဲ့နှစ်ယူကရိန်းရဲ့တန်ပြန်ထိုးစစ်စတင်ချိန်ကစပြီးအမေရိကန်ထုတ် GPS ဂြိုဟ်တုလမ်းညွှန်အမြောက်ကျည်၊ဒုံးကျည်တွေရဲ့ပစ်မှတ်တိကျမှုဟာရုတ်တရက်ထိုးကျသွားခဲ့တယ်။အဲဒီအချိန်ကတည်းကအမေရိကန်နဲ့အနောက်မဟာမိတ်တွေကတရုပ်ကိုကြားနေဖို့၊ပူတင်ကိုအဆင့်မြင့်နည်းပညာ(advanced technologies)မပေးဖို့သတိပေးခဲ့ကြတယ်။အစောပိုင်းတုန်းကတရုပ်ဟာရုရှကိုကြားခံနိုင်ငံတွေကတဆင့်တိတ်တဆိတ်ကူညီခဲ့ပေမဲ့မကြာမီကသွားရောက်ခဲ့တဲ့ပူတင်ရဲ့ခရီးစဥ်နောက်ပိုင်းပိုမိုအတင့်ရဲလာဟန်တူပါတယ်။
ရုရှဟာတရုပ်ဆီကရရှိတဲ့အဆင့်မြင့်နည်းပညာအကူအညီနဲ့ဂြိုဟ်တုဆက်သွယ်ရေးလှိုင်းကိုအနှောက်အယှက်ဖြစ်စေမယ့်ဆူညံသံထုတ်လွှင့်ပြီး(noise jamming)အမေရိကန်နဲ့အနောက်နိုင်ငံထုတ်အမြောက်ကျည်၊ဒုံးကျည်တွေရဲ့ GPS လမ်းညွှန်စနစ်စွမ်းဆောင်ရည်ကျဆင်းအောင်လုပ်နိုင်ခဲ့တယ်။အဆိုပါတရုပ်နည်းပညာဆူညံသံထုတ်လွှင့်မှု(noise jamming)ကြောင့်အမေရိကန်ထုတ် Excalibur အမြောက်ကျည်တွေရဲ့ပစ်မှတ်တိကျမှုဟာ ၅၅% ကနေ ၆% အထိကျဆင်းသွားပါသတဲ့။အမေရိကန်လက်နက်တွေဖြစ်တဲ့ JDAMs နဲ့ HIMARS ဒုံးလက်စနစ်တွေကိုလည်းအနှောက်အယှက်ပေးနိုင်ကြောင်းအစီရင်ခံစာတွေကဖော်ပြကြတယ်။
တရုပ်ဆီကအဆင့်မြင့်နည်းပညာအကူအညီလိုသလောက်ရရှိခဲ့တဲ့အတွက်ရုရှရဲ့လက်နက်ထုတ်လုပ်ရေးဟာလည်းအရှိန်အဟုန်ပိုကောင်းလာခဲ့တယ်။ဒီအကြောင်းတရားတွေဟာပူတင်ကိုထိုးစစ်သစ်တရပ်ထပ်မံဆင်နွှဲဖို့တွန်းအားဖြစ်စေခဲ့ပါလိမ့်မယ်။ယူကရိန်းရဲ့ဒုတိယအကြီးဆုံးမြို့ Kharkiv ကိုဦးတည်တဲ့ထိုးစစ်စတင်လိုက်ချိန်မှာတော့အမေရိကန်နဲ့တကွအနောက်မဟာမိတ်အများစုရဲ့သည်းခံစိတ်ကုန်ဆုံးသွားပါတော့တယ်။ဗြိတိန်၊ပိုလန်၊ကနေဒါ၊ချက်၊ဒိန်းမတ်၊နော်ဝေး၊ဆွီဒင်၊ဖင်လန်၊နယ်သာလန်နဲ့ဘောလ်တစ်နိုင်ငံတွေကသူတို့ပေးပို့တဲ့လက်နက်များနဲ့ရုရှနယ်နမိတ်အတွင်းပစ်ခတ်ခွင့်ပြုကြောင်းကျေညာကြပါတော့တယ်။ဒိန်းမတ်ကဆိုရင်သူတို့ပေးအပ်မယ့် F-16 တိုက်လေယာဥ်တွေကိုရုရှပိုင်နက်ထဲအထိအသုံးပြုခွင့်ပေးမယ်ဆိုတဲ့အထိပြောနေပါပြီ။အမေရိကန်ကလည်းခွင့်ပြုဖို့သေချာသလောက်ရှိနေပါပြီ။
အမေရိကန်နဲ့အနောက်မဟာမိတ်တွေဘက်ကအခုလိုခွင့်ပြုရတာဟာ"တရုပ်ကြားဝင်လို့"ဆိုတဲ့အကြောင်းပြချက်ပေးကြလိမ့်မယ်။ပူတင်နဲ့ရှီကျင့်ဖျင်တို့ငြင်းမရမယ့်ထောက်လှမ်းရေးအချက်အလက်များစွာရှိပြီးသားဖြစ်မှာပါ။အခုနောက်ပိုင်းအမေရိကန်ကပေးပို့တဲ့အမြောက်ကျည်၊ဒုံးကျည်တွေမှာနည်းပညာအပြောင်းအလဲလုပ်ထားတယ်လို့တီဗွီတူးသတင်းထောက်တယောက်ရေးတင်တာဖတ်ရတယ်။ပြီးခဲ့တဲ့ရက်က Jason Jay Smart ရေးထားတဲ့ဆောင်းပါးထဲကလိုဘိုင်ဒင်မှာရွေးချယ်စရာ ၂ လမ်းပဲရှိပါတော့တယ်။ယူကရိန်းအနိုင်ရရှိဖို့အတွက်လိုအပ်သမျှခွင့်ပြု(ဖြည့်ဆီး)ပေးဖို့၊ဒါမှမဟုတ်ထရမ့်ပ်ရဲ့အိမ်ဖြူတော်အပြန်ခရီးလမ်းခင်းပေးခဲ့တဲ့မိမိကိုယ်မိမိအပြစ်တင်ဖို့ပဲ။ယူကရိန်းအနိုင်ရအောင်လုပ်မလား၊ဒါမှမဟုတ်ထရမ့်ကိုသမတရာထူးပြန်ပေးမလား။ဘိုင်ဒင်ဘက်ကဆုံးဖြတ်ချက်ခိုင်မာဖို့ပဲလိုတာပါ။မဟာမိတ်တွေကတော့ဝန်းရံဖို့အဆင်သင့်။
No comments:
Post a Comment