Tuesday, May 28, 2024

ကျနော်နဲ့လက်ပံလှတိုက်ပွဲခန့်မှန်းချက်(စာစုအသစ်)

 #ကျနော်နဲ့လက်ပံလှတိုက်ပွဲခန့်မှန်းချက်(စာစုအသစ်)

တိုင်းပြည်ကအရာရာဆုတ်ယုတ်နေချိန်facebookပေါ်ကပြသနာတွေကမိုးဦးကျပေါက်တဲ့မှိုတွေလိုဟိုနေရာတစဒီနေရာတစ မမြင်ချင်မှအဆုံးဖြစ်နေပါတယ်
မပြီးနိုင်မစီးနိုင်ဆဲကြဆိုကြညစ်ညစ်ပါတ်ပါတ်တွေအော်ကြနပန်းလုံးကြဆံပင်တွေဆွဲကြတာရန်ဖြစ်ကြတာငယ်ငယ်ကရပ်ကွက်ထဲမှာအာကြမ်းလျာကြမ်းငါးစိမ်းသည်တွေလမ်းဘေးနေလမ်းဘေးစားဂျလေဘီတွေလုပ်ရပ်လို့ထင်မိတာဒီဘက်ခေတ်မှာတော့အင်တာနက်ပေါ်လူမှု့ကွန်ယက်ပေါ် ကားအပျံစားဖုန်းအပျံစားမိတ်ကပ်တွေလှတပတလိမ်းမျက်ခုံးမွေးအထူကြီးတွေဆွဲပြီးအပြိုင်အဆိုင်ဆဲကြဆိုကြတာမကြား၀ံ့မနာသာတွေliveလွင့်ပြီးပြိုင်ကြတဲ့မြန်မာ့ယဥ်ကျေးမှု့အသစ်ကိုအထူးအဆန်းတွေ့ရပါတော့တယ်
အခုလဲfacebookက မမ နှစ်ယောက်အပြိုင်အဆိုင်ဆဲဆိုကြပြီးလက်ပံလှမှာတွေ့ကြမယ်ဆိုချိန်းနေကြတာကျနော်မမြင်ချင်မှအဆုံးရှယ်သူတွေကရှယ် ဟိုဘက်ဒီဘက်ထောက်ခံသူကထောက်ခံ ဖြစ်ချင်တိုင်းကိုဖြစ်နေကြပါတယ်
Facebookက liveအစီအစဥ်လေးအသစ်ထည့်ပေးတာကမ္ဘာပေါ်ကတိုင်းပြည်တွေဘယ်လိုအကျိုးရှိရာသုံးကြသလဲမသိပေမယ့်ကျနော်တို့မြန်မာပြည်ကတော့ရန်ဖြစ်ရင်liveလွင့်ဆဲဖို့အသုံးကျတဲ့appတခုအဖြစ်ကြံကြံဖန်ဖန်အသုံးချနေပါတယ်
အခုလဲသူတို့နှစ်ယောက်ပြသနာဘယ်လိုအဆုံးသတ်မလဲစိတ်၀င်စားသူတွေရော ရာသီပေါ်ပြသနာ တခုနဲ့attentionရှာချင်သူတွေကရော လက်ပံလှရွာကိုပွဲသွားကြည့်မယ်လှော်နေကြချိန်ကျနော်ကအဖြေကိုကြိုခန့်မှန်းမိနေပါတယ်
ဘာလို့ခန့်မှန်းမိသလဲဆိုကျနော်၁၀တန်းဖြေပြီးမုံရွာသကြန်အလည်သွားချိန်ကျနော့်ဘကြီးအဖြစ်နဲ့တူနေမလားထင်မိလို့ပါ
ကျနော်ငယ်ငယ်၁၆ ၁၇နှစ်လောက်က မုံရွာသကြန်အမျိုးတွေညီအကိုတွေနဲ့လည်ကြပါတယ်
အဲဒီအချိန်ကမုံရွာသကြန်ကိုကျနော်သဘောကျမိပါတယ်
ဘာကြောင့်လဲဆိုတော့မုံရွာမြို့ကတခြားရန်ကုန်မန္တလေးတို့နဲ့မတူပါဘူး
ရန်ကုန်မှာက ကားနဲ့မလည်ရင် မဏ္ဏုပ်တွေကရေမပက်ကြပါဘူး မုံရွာကမြို့ကလည်းအရမ်းမကျယ်တော့ကျနော်တို့ညီအကိုတွေတင်မက အဖွဲ့လိုက်အဖွဲ့လိုက်လမ်းတွေစုလျောက်ကြပြီးရေပက်ခံထွက်ကြပါတယ်
မုံရွာသားတွေကလူပျော်လူနောက်တွေများလို့မျက်နှာမှာမိတ်ကပ်နှုတ်ခမ်းနီတွေချယ် အိုးမဲတွေသုတ် ကျိုက်ထီးရိုးက၀ါးသေနတ်ကြီးတွေမှာမချစ်ရင်ပြစ်မယ်တို့လိုစာတွေရေး ရမ်ဘိုလို၀တ်သူက၀တ်ပေါက်ကရ၀တ်စုံတွေ၀တ်သူက၀တ် သူ့အုပ်စုနဲ့သူ အပျ်ုတွေရေပက်ကြတဲ့မဏ္ဏုပ်တွေရှေ့လမ်းလျောက်ရာကပြေး၀င် သီချင်းသံနဲ့အုပ်စုလိုက်ကကြခုန်ကြ မူးကြနဲ့ ပကာသနမရှိတကယ့်ပျော်စရာမြို့ကြီးလို့အမှန်အတိုင်းကျနော်သုံးသပ်မိပါတယ်
ကျနော်တို့ညီအကိုတွေသူငယ်ချင်းတွေအများကြီးလည်ကြတဲ့အုပ်စုမှာခေါင်းဆောင်အဖြစ်
ဦးလေးတိုး(အခုကွယ်လွန်)ကဦးဆောင်ပါတယ် အရမ်းပျော်တတ်နောက်တတ်တဲ့ဘကြီးပါ သူ့ရဲ့သားအရင်း ကိုကျော်မြင့်သိန်း(ကွယ်လွန်)လည်းပါပါတယ်
(ကိုကျော်မြင့်သိန်းက သူတို့သူငယ်ချင်းတွေရဲ့သကြန်ကားလည်းညပိုင်းထွက်တော့သူကLeadဂစ်တာသမားခေါင်းဆောင်ပါ)
(ကျနော်leadသမားဖြစ်ချင်တာသူlead guitar တီးနေတာမုံရွာမှာ၇တန်းကျောင်းသားအရွယ်ဘေးကထိုင်ကြည့်ဖူးရာကစ၀ါသနာပါမိတာပါ)
မုံရွာမှာညီအစ်ကို သားအဖ တူအရီးသကြန်မှာအပျော်ရေကစားကြရင်အရက်အတူသောက်ကြတယ် သကြန်ပြီးရင်သူ့နေရာသူပြန်အလုပ်လုပ် စည်းကမ်းလဲမရေးထားဘဲသိနေကြလို့ကျနော်တို့ကလေးတွေက အကိုကြီးတွေ ဘကြီးတွေရဲ့ရီစရာအပျော်အနောက်အကအခုန်တွေနောက်မှာသကြန်လည်ကြတာအပျော်ဆုံးပါ
ဒီလိုလည်ကြရင်းနဲ့မဏ္ဏုပ်တခုရှေ့မှာ ကိုယ့်လိုအမူးအရူးအိုးမဲအခြယ်အသအပြောင်အနောက် တဖွဲ့တခုနဲ့ညှိကြပါတော့တယ်
အကိုတွေနဲ့ဟိုဘက်ကငမူးတွေနဲ့ငြိကျတော့ကျနော်တို့လည်းအရေးကြုံလက်မနှေးသူတွေမို့ချဖို့အသင့်ပြင်ထားကြပါတယ် နှစ်ဖွဲ့ကဘယ်လိုမှငြိလို့ဖြန်ဖြေလို့ကိုမရတာပါ
သူမှန်တယ်ကိုယ်မှန်တယ်ငြင်းကြချိန်အဆိုးဆုံးကအဖွဲ့ခေါင်းဆောင်ဘကြီးနဲ့ ဟိုဘက်အုပ်စုဘက်ကခေါင်းဆောင်ဘိုးတော်ပါ သူတို့နှစ်ယောက်ကတယောက်နဲ့တယောက်အပျင်းစားတွေစိန်ခေါ်နေကြပါတယ်( တသသနဲ့အေသင်ကို ကိုစောင်းရေးတာမဟုတ်ဘူးနော်🤣🤣)
သူတို့လိုလူကြီး၂ယောက်ကစကားစစ်ထိုးနေကြတာရန်ဖြစ်မယ်ဆိုတာကြီးမို့ မလွဲမသွေချကြဖို့နောက်လိုက်တွေအားလုံးကအသင့်ပြင်ထားပါတယ် (ဒီခေတ်လိုလူသေတဲ့လက်နက်နဲ့ချတာမဟုတ်ဘဲ လူချင်းထိုးကြကြိတ်ကြတဲ့ခေတ်မလို့ ရန်ဖြစ်ရဲကြတာပါ)နောက်ဆုံးကျနော်တို့လူငယ်တွေအားလုံးတိုးတိုးငြိထားကြပါတယ်
မင်းကဟိုဘက်က ဘယ်ကောင်ကိုထိုး
ငါကဒီဘက်ကဘယ်သူ့ကိုကန်မယ်စသ
ဖြင့်လူပါmarkingပေးပြီးနေကြပါပြီ
နောက်ဆုံးပြစ်မိန့်ကိုစောင့်နေကြချိန် ထင်ထားတဲ့အချိန်ရောက်လာပါတော့တယ်
ဟိုဘက်အုပ်စုခေါင်းဆောင်ဘကြီးကကျနော့်ဘကြီးကိုနောက်ဆုံးစကားမေးပါတယ်
မင်းကဘာလုပ်ချင်လဲကွ လို့မေးတာပါ
ကျနော့်ဘကြီးက ငါကတော့ဟောဒီလိုထိုးချင်တယ်ကွဆိုနှစ်ဘက်စထိုးကြကြိတ်ကျဖို့အဆင်သင့်ဖြစ်နေချိန် ကျနော့်ဘကြီးက
အဘက တော့ပြေပြေလည်လည်ဘဲဖြစ်ချင်တာပါလို့မထင်မှတ်ဘဲဖြေလိုက်တော့ဟိုဘက်ကလည်းငါတို့ကလည်းပြေပြေလည်လည်ဖြစ်ချင်တာပါလို့ပြန်ပြောလိုက်သံကြားရတော့
နှစ်ဘက်လုံးကလူငယ်တွေဘာဆက်လုပ်ရမှန်းမသိတော့ဘဲအလည်ကဘိုးတော်နှစ်ယောက်ကိုသာ၀ိုင်းပြီးဆဲကြရပါတော့တယ်
သူတို့ဘဲတားမရဆီးမရ ထိုးကြိတ်မယ့်ပုံစကားနဲ့ရန်ဖြစ်နေကြတာတကယ်ထင်ပြီးနောက်ကလူငယ်တွေက တကယ်ချတော့မယ်ဆိုမှသူတို့ကပြေပြေလည်လည်ဖြစ်စေချင်တာဆိုပြီးပြောတော့ အားလုံးထိုးမရကြိတ်မရဖြစ်ကုန်ကြပါတော့တယ်
နှစ်ဘက်ကလူငယ်တွေလည်းအဘိုးကြီးနှစ်ယောက်ကိုခင်များတို့ကအစောကြီးထဲကပြေပြေလည်လည်ဖြစ်ချင်တာပါဆိုဘာလို့ရန်စကားပြောနေသေးလဲ
အခုတော့ကျုပ်တို့မှာထိုးမရကန်မရဖြစ်ကုန်ပြီလို့ငိုရအခက်ရယ်ရအခက်နဲ့ပြောကြရင်းကိုယ့်လမ်းကိုယ်ဆက်သွားကြရပါတော့တယ်
လက်ပံလှတိုက်ပွဲလဲကျနော့်စိတ်ထင် ကျနော့်ဘကြီးလိုအပေါက်မျိုးဘဲချိုးမှာပါလို့ကိုယ်ထင်တဲ့ဘက်မဲပေးနေမိပါတော့တယ်🤣🤣🤣
Credit to:

Naing Zaw




No comments:

Post a Comment