Sunday, May 3, 2026

Money, happiness and eternal life - Greed | DW Documentary

 Money, happiness and eternal life - Greed (1/2)Part 1


Money, happiness and eternal life - Greed (2/2)Part 2

Saturday, May 2, 2026

The Science Behind Inflammation – Dr. Berg's Tips for Treating It Naturally

Effects of Fasting & Time Restricted Eating on Fat Loss & Health | Huberman Lab Essentials

Do THIS to Boost Your Metabolism, Lose Fat, & Feel Better Now With Dr. William Li

Lose Fat With Science-Based Tools | Huberman Lab Essentials

မေတ္တာသုတ် ရွတ်ဖို့ မဟုတ်ကျင့်ဖို့ ၁၅ချက်

 ငယ်ငယ်ကမေတ္တာသုတ်ကို ဆွမ်းကျွေးတွေမှာဘုန်းကြီးတွေရွတ်ကြတော့ မမြင်ရတဲ့သတ္တဝါတွေကို ကိုယ်နားမလည်တဲ့ ပါဠိတွေနဲ့ ပြောနေတယ်ထင်မိခဲ့ဘူးတယ်။ နောက်ကျောင်းသားအရွယ် ဦးသုခရဲ့ မေတ္တာသုတ်ဖတ်လိုက်မိတော့မှ ရွတ်ဖို့ မဟုတ်ဘူး ကျင့်ဖို့ ၁၅ချက်ပါတယ် ဘာညာသိပြီး post တွေဘာတွေတင်ဖြစ်ခဲ့တယ်။ ဆရာကြီးအရေးအသားကောင်းတာနဲ့ဘဲ ကျန်တဲ့ သူရေးတဲ့ ရတနသုတ် နဲ့ မင်္ဂလသုတ် တွေလည်း စွဲမက်ခဲ့ဘူးတယ်။

တကယ်တော့ ပရိတ်တွေဆိုတာ ဘုရားဟောတွေထဲကနေ ရွတ်ဆိုဖို့ နိုင်ငံအလိုက် ဒေသအလိုက် ရွေးထုတ်ထားတဲ့ ဘုရားဟောတွေ အခြေပြုထားတဲ့ တရားတွေပါဘဲ။ အရှေ့တိုင်းကပညာရပ်တွေကို နှုတ်တိုက်လက်ဆင့်ကမ်းခဲ့တဲ့စနစ်က သူ့ခေတ်သူခါ စာရေးတာထက်ထိရောက်တဲ့ error checking ပါတဲ့ မှတ်လွယ်တဲ့ စနစ်ပါ။ ရွတ်တာတွေရဲ့ အရသာတန်ဘိုး ယဉ်ကျေးမှု့က အနောက်တိုင်းသားတွေ လက်လှမ်းမမှီခဲ့တဲ့ သူခေတ်သူခါက နည်းပညာပါ။ စာအရေးအသားကို ရှေးက အုပ်ချုပ်ရေး နဲ့ စာရင်းကိစ္စတွေမှာဘဲ အရှေ့တိုင်းမှာက အဓိကသုံးခဲ့ကြတာပါ။ အများစုစာမတတ်ကြပါဘူး။ အခုထိ အချို့ မြန်မာမှု့ပညာရပ်တွေ ဒီလိုကဗျာစာချိုးတွေနဲ့ လက်ဆင့်ကမ်းဆဲပါဘဲ။
တကယ်တော့ မေတ္တာသုတ်ဟာ ခုဒ္ဒကနိကာယ် ထဲက "ခုဒ္ဒကပါဌ" နဲ့ "သုတ္တနိပါတ်" မှာရှိတဲ့ တရားတပုဒ်က ပရိတ်ဖြစ်လာရတာပါ။ အဲဒီထဲမှာ ဟိမဝန္တာနားမုတ်သုံလေတောင်မကျော်နိုင်တဲ့ဒေသ ဝါတွင်းမှာမိုးမပြတ်တတ်တော့ သူတို့ဓလေ့ သုံးလခရီးမထွက်ကြရတဲ့ခေတ်၊ ဒါကို အများနည်းတူလိုက်နာကြရတဲ့ကာလမှာ သာမဏေအချို့ဒေသတစ်ခုမှာ ဒေသခံတွေနဲ့ ဆက်နေဖို့ခက်တဲ့ အနေအထားနဲ့ သူတို့ကျောင်း ပြန်ရောက်လာကြချိန် ဟောတဲ့တရားဘဲလို့နားလည်နေမိတယ်။ သဘောပေါက်မိတာက မတူတဲ့ကွဲပြားတဲ့ဒေသတွေမှာ ထားရမည့်စိတ် နေရမည့်ပုံစံနဲ့ ပွားများနေရမည့် စိတ်ထားတွေနဲ့ ရည်ရွယ်သင့် လုပ်ကိုင်သင့်တာတွေကို ညွန်ပြတာပါဘဲ။
ပရိတ်တို့ထုံးစံ အကျိုးကျေးဇူးတွေနဲ့ ရွတ်ဖို့ရည်ရွယ်ချက်တွေကို ပထမ ၂ ပိုဒ်မှာဟောတယ်၊ ဘာကြောင့်ရွတ်တယ်ဘာညာပေါ့၊ ပြီးမှ လိုက်နာသင့်တဲ့အရာ ထားရမဲ့စိတ် နေရမည့်ပုံစံတွေကို ၂ ပိုဒ် နဲ့ဘဲ ၁၅ချက် ဟောတယ်။
ရိုးသားဖို့ မာန်မထားဖို့ ရောင့်ရဲဖို့ စတာတွေဆိုပါတော့၊ နောက်ပြီးမှ လူတွေရဲ့ ဗီဇစိတ် Human OS (operation System) ကပါလာတဲ့ ခွဲခြားတတ်တဲ့ စိတ်ကိုထိမ်းပြီး ရဟန်းတွေကိုအဲလိုမခွဲခြားဖို့ အမျိုးစုံသူ့ခေတ်သူခါ မတူအောင်ခွဲတာတွေကနေ နှစ်ဖက်လုံးတန်းတူ စိတ်ထားနိုင်ဖို့ ဆုံးမတယ်။ အားလုံးအတွက် စိတ်ထား ညီမျှတဲ့ စိတ်ထားတွေကို အချိန်ပြည့်ရအောင်ကျင့်ဖို့ လူ့ဗီဇစိတ် မိခင်စိတ်လို စေတနာတွေနဲ့ (ဖားပြီးအလိုလိုက် အကြိုက်ဆောင်တာမျိုးမဟုတ်) အကျိုးစီးပွားစိတ်နဲ့ အားလုံးကိုမခွဲခြားဘဲ ဆက်ဆံဖို့ အဲလိုစိတ်ကို အချိန်ပြည့် ပွားများပြီး ဓလေ့အကျင့် Habit ဆောက်ဖို့ လေ့ကျင့်ဖို့ အားလုံးကိုတန်းတူထားနိုင်ဖို့ ဟောခဲ့တယ်လို့ဘဲ သဘောပေါက်မိလာတယ်။
ရဟန်းတွေကို ဟောတဲ့ တရားဆိုတော့ လူတွေ အမြင် လူတွေ ပေတံ လူတွေ အကြိုက် လူ့ဓလေ့နဲ့တော့ မကိုက်သလိုဖြစ်တော့ လက်မခံနိုင်တဲ့ ပုံစံနဲနဲတော့ ဖြစ်တာပေါ့။ အဲဒီတရားမှာ နောက်ဆုံး ပွားများတာကနေ ပုဂ္ဂိုလ် သတ္တဝါ မရှိတာကို တကယ်ရှိတယ်ထင်မှာဆိုးလို့ သတိပေးပြီး တရားအဆုံးသတ်တဲ့ ပဋိပက္ခဖြေရှင်းတဲ့တရားပါ။
ပါချုပ်ဆရာတော်ရဲ့ စာမေးပွဲ Level 1 မှာ ထည့်ထားတော့ ဆရာတော်ကြီး အနှစ်ချုပ်လည်းအတော်များများသိကြပြီးဖြစ်မှာပါ။ ကျင့်စဉ်တွေက မဟာယနဖက်မှာတော့ Bodhicitta ဘုရားအလောင်းရဲ့ အရေးပါတဲ့ ကျင်စဉ်လိုဖြစ်သွားတာပေါ့။ ကျွန်တော်ကတော့ မဟာဂန္ဓာရုံဆရာတော်အရှင်ဇနကာဘိဝံသ ၏ "ကိုယ်ကျင့်အဘိဓမ္မာ" က မာယာ (Maya): မိမိမှာရှိတဲ့ အပြစ်ကို ဖုံးကွယ်ခြင်း သာဌေယျ (Satheyya): မိမိမှာ မရှိတဲ့ ဂုဏ်ကျေးဇူးကို ရှိလေဟန် လုပ်ကြံဟန်ဆောင်ခြင်း ရယ်နဲ့ ဝေဖန်ခံအပြောခံ နုညံ့ဖို့ အတ္တမာန လျော့တာက ဒီစာပိုဒ်ရဲ့ အနှစ်ချုပ်လို့လဲ မြင်မိတယ်။
ထိပ်ကအချီးဖယ်လိုက်ရင် ပထမစာပိုဒ် မှာ ကရဏီယ မတ္ထကုသလေန၊ ယန္တ သန္တံ ပဒံ အဘိသမေစ္စ။ သက္ကော ဥဇူ စ သုဟုဇူ စ၊ သုဝစော စဿ မုဒု အနတိမာနီ ကစတယ်။
သက္ကော able ဝီရိယရှိ စွမ်းနိုင်သူ၊ ဥဇူစ Upright & Straight ဖြောင့်မတ်သူ သုဟုဇုစအလွန်အမင်း ဖြောင့်မတ် မာယာ သာဌေယျ ကင်းသူ။ သုဝစော Obedient/Teachable ဆိုဆုံးမရလွယ်သူ မုဒု Gentle စိတ်ထားနူးညံ့ ခက်ထန်မှုကင်းသူ။ အနတိမာနီ Not Proud မာန်မာန မထောင်လွှာ မမောက်မာသူ လို့ ဆိုပေမဲ့ ဒီအချက်တွေက ချိတ်ဆက်နေသလားတွေးမိတယ်။
အခုနောက်ပိုင်းမှာ ၁၅ ချက်ဆိုတာထက် စာပိုဒ်လိုက်ကို သဘောတွေ့လာမိတယ်။၁၅ချက်ဆိုတာက အဲဒီ ဟာတွေပါတဲ့ ၂ ပိုဒ်လို့ဘဲယူဆမိနေတယ်။
နောက်တစ်ပိုဒ်ဖြစ်တဲ့ သန္တုဿကော စ သုဘရော စ၊ အပ္ပကိစ္စော စ သလ္လဟုကဝုတ္တိ။ သန္တိန္ဒြိယော စ နိပကော စ၊ အပ္ပဂဗ္ဘော ကုလေသွ န နုဂိဒ္ဓေါ။ သန္တုဿကော (Contented): ရောင့်ရဲတတ်ရမယ် (မလိုအပ်တဲ့ လောဘတွေနဲ့ အချိန်မဖြုန်းဖို့)။ သုဘရော (Easy to support): ပြုစုရလွယ်ရမယ် (နေထိုင်စားသောက်မှုမှာ ဂျီမကျဘဲ အလုပ်ကိုပဲ အာရုံစိုက်ဖို့)။ အပ္ပကိစ္စော (Few duties): အလုပ်ကိစ္စ မရှုပ်ရဘူး (Main Goal ကိုပဲ Focus ထားဖို့)။ သန္တိန္ဒြိယော (Peaceful senses): ဣန္ဒြေရှိရမယ် (စိတ်လှုပ်ရှားမှုတွေကို ထိန်းချုပ်နိုင်ရမယ်)။ အားလုံးက အချက်တွေဆိုတာထက် တစ်မျိုးထဲဖြစ်တဲ့ ပေါ့ပါးလွတ်လပ်တဲ့ အသက်မွေးမှု့ သလ္လဟုကဝုတ္တိ ဘဝကို ဘဲ ညွန်းနေသလိုသဘောပေါက်မိတယ်။
နိပကော ရင့်ကျက်အောင်ကြိုးစားဖို့ နဲ့ အသားကျဖို့ အပဂဗ္ဘော စိတ်နေစိတ်ထား အနေအထိုင် အပြောအဆို မရိုင်းပြဖို့၊ ကုလေသွ န နုဂိဒ္ဓေါ ဆိုရတဲ့ မေတ္တာဘောင်ကနေရာဂဖက် ရောက်တာ၊ သူပူကိုယ်ဆွေး( သဟသောကီ) နဲ့ သူပြုံးကိုယ်ပျော်(သဟနန္ဒီ) ဘောင်မကျော်ဖို့ ကလည်း လူတွေအတွက်တော့ ခက်နိုင်ပါတယ်။ "န စ ခုဒ္ဒံ သမာစရေ ကိဉ္စိ၊ ယေန ဝိညူ ပရေ ဥပဝဒေယျုံ" (ပညာရှိတွေ ကဲ့ရဲ့မယ့် အသေးအဖွဲ အမှားလေးတောင် မလုပ်နဲ့။) ဆိုတာကလည်း နေထိုင်နည်း အနုပညာတစ်ခုပါဘဲ။
ချုပ်ရရင် အတွင်းစိတ်- ဖြောင့်မတ်ပြီး မာနကင်းတယ် (ဥဇူစ၊ အနတိမာနီ)။ အပြင်ပန်း-ဆက်ဆံရေး: နူးညံ့ပြီး ဆုံးမရလွယ်တယ် (မုဒု၊ သုဝစော)။ နေထိုင်မှုပုံစံ- ရောင့်ရဲလွယ်ပြီး ပေါ့ပေါ့ပါးပါးရှိတယ် (သန္တုဿကော၊ သလ္လဟုကဝုတ္တိ) ဘဲဆိုပါတော့။
ကွန်ဖျူးရှပ်ရဲ့ Yi ( ဖြောင့်မတ်တာ) Li (ယဉ်ကျေးတာ) ကလည်း ခပ်ဆင်ဆင်ပါဘဲ။ ရောမ က Stoicism ပညာရှင်တွေကလည်း ရိုးရှင်းစွာနေဖို့နဲ့ စိတ်တည်ငြိမ်အောင်ထားဖို့ ကလည်း တူတယ်လို့ပြောရမှာပါဘဲ။ ဟိန္ဒူမှာလည်း Kautilya (ကောက်ကျစ်ခြင်း) ရှောင်ဖို့ Amanitvam (မာနကင်းခြင်း): Adambhitvam (ဟန်မဆောင်ခြင်း): တွေက မူရင်းတန်ဘိုးတွေ မကွာပါဘူး။ အစ္စလာမ်ဘာသာ (Islam) လည်း ရိုးသားခြင်း (Sidq): ဒါဟာ ဥဇူစ ပါပဲ။ အပြောနဲ့ အလုပ် ညီရမယ်၊ ဟန်မဆောင်ရဘူး (မာယာ၊ သာဌေယျ ကင်းရမယ်) ဆိုတာကို အလေးအနက်ထားပါတယ်။ ရောင့်ရဲခြင်း (Qana'ah): ဒါဟာ သန္တုဿကော နဲ့ အဓိပ္ပာယ် အေးချမ်းစေတယ်လို့ ဆိုပါတယ်။
ထိုင်းတောရ ဆရာတော်ကြီးတွေ (ဥပမာ - Ajahn Chah အာဇာန်ချား) ကတော့ "Simplicity" (ရိုးရှင်းမှု) ကို အဓိကထားပြီး ပုံဖော်ပါတယ်
"မေတ္တာ" ဆိုတာ စကားလုံးမဟုတ်ဘူး၊ "နေထိုင်မှုပုံစံ (Lifestyle)" ဆိုတဲ့ concept နဲ့ ရိုးသားတယ်၊ ပေါ့ပါးတယ်၊ ငြိမ်သက်တယ် ဆိုတဲ့ Image နဲ့ "The Peaceful Warrior" (အေးချမ်းသော သူရဲကောင်း) ပုံရိပ်လို့သူတို့လည်းယူဆတယ် မေတ္တာရဲ့ ရန်သူအမာက ဒေါသ အပျော့က လောဘ လို့ သူတို့ ပုံဖော်တာတွေ့ရတယ်။
ဒါတွေကတော့ ပထမပိုင်းဖြစ်တဲ့ ခံယူကျင့်ကြံနေထိုင်နည်းဆိုပါတော့၊ နောက်တစ်ခုကတော့ သတ္တဝါတွေကို ခွဲခြားမှု့ပါ။ ငယ်ငယ်က ကြောက်တတ်-မကြောက်တတ်တို့၊ ရှည်-တို-အလတ်တို့ အော်ခဲ့ရပေမဲ့ နားလည်မိတာက သူခေတ်သူ့အခါက ပုဂ္ဂိုလ်သတ္တဝါတွေကို ခွဲခြားပုံတွေ ပြထားပြီး ခွဲတဲ့ ဒီဖက်နဲ့ ဟိုဖက် အတူတူဆိုတော့ အဓိပ္ပါယ်က မခွဲရဘူးလို့နားလည်လိုက်တာပါဘဲ။
မင်္ဂလသုတ်နဲ့ အခြားမှာ လူတွေကို အမျိုးစောင့်ရှောက်ဖို့ မိသားစုတာဝန်ယူဖို့ အများအတွက်ကြိုးစားဖို့ ဆုံးမတာတွေနဲ့ဆို လူတွေကိုခွဲဖို့ ဟောပေမဲ့ ရဟန်းတွေမို့လို့ မခွဲရဘူး ဆိုတဲ့ တရားဖြစ်သွားရတယ်လို့ဘဲ သဘောပေါက်မိတယ်။ Human OS(operation system) အရကိုက ငှက်တွေ မျောက်တွေစတဲ့ မျိုးဆက်တွေကတည်းက ခွဲခြားတာက ဖြစ်တည်လာပြီးသားဘဲလေ။ ဒီမှာ သူဟောတဲ့ သူတွေရဲ့ ပန်းတိုင်နဲ့ ဘဲဆိုင်မယ်လို့ ဘဲ သဘောပေါက်မိတယ်။
လွတ်မြောက်မှု့နဲ့ပတ်သက်ရင်တော့ အနှောင်အဖွဲ့ နဲလေရှင်းလေ ကောင်းလေဆိုတာကတော့ မြင်သာပြီးသားပါ။ တာဝန်ဆိုတာတွေကတော့ လူအဖွဲ့အစည်းရဲ့ Culture တွေအရ ရှိနေမှာပါဘဲ။ ဘက်တွေ Identity Politic တွေ လူမျိုးတွေ ဘာသာတွေ fanတွေ အစွဲတွေပေါ့။
နောက်တစ်ခုကတော့ ဆုတောင်းတွေပါ။ Vision Mission လို အရေးပါတဲ့ ဆုတောင်းက ဒီထဲမှာ သုခိနော၊ ခေမိနော၊ သုခိတ္တာ နဲ့ န ပရော ပရံ နိကုဗ္ဗေထ၊ နာတိမညေထ ကတ္ထစိ န ကဉ္စိ။ နဲ့
ဗျာရောသနာ ပဋိဃသည၊ နာညမညဿ ဒုက္ခ မိစ္ဆေယျ တွေပါပါတယ်။
နှုပ်ကျိုးနေတာကတော့ လုံးစုံများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေ ဥပါဒ်ရန်ဘေးကင်းစင်ဝေး ငြိမ်းအေးကြပါစေဆိုတာ နဲ့ ဘဲ ပတ်လည်ရွတ်ကြတော့ ဒါက သုခိနော၊ ခေမိနော၊ သုခိတ္တာဘဲပါတာပါ။ "In gladness and in safety, may all beings be at ease." လို့ပြန်ကြတယ်။
ဒီဆုဘဲ တောင်းသလိုလိုဆိုပေမဲ့ ၅၂၈ မေတ္တာမှာ ခွဲသလို ဆိုရင် တကယ်က ကျန်တဲ့ လူအချင်းချင်းလှည့်ပတ်ခြင်း အထင်သေးချင်းအချင်းချင်း ဆင်းရဲလိုချင်းအချင်းချင်းပါ ပါရမှာပါ။ တကယ်က ရွတ်ဖို့ ထက် ဒီတောင်းဆုတွေ အတိုင်း ပတ်ဝန်းကျင်ကို စေတနာထားပြီး ကံသုံးပါးဆောက်တည်ရမယ်လို့နားလည်မိတာပါဘဲ။
န ပရော ပရံ နိကုဗ္ဗေထ: က လှည့်ဖျားတာ ဂျင်းထည့်တာ ဟန်ဆောင်တာတွေ လိမ်လည်တာတွေလို့နားလည်ပြီး၊ နာတိမညေထ ကတ္ထစိ န ကဉ္စိ: ကတော့ အထင်မသေးရဘူးဆိုတာ မထီမဲ့မြင် မလေးမစား မလုပ်ဖို့ပါဘဲ၊ "ကတ္ထစိ န ကဉ္စိ" က "ဘယ်နေရာမှာမဆို၊ ဘယ်သူ့ကိုမဆို" တန်းတူရည်တူ ဆိုပါတော့
အင်္ဂလိပ်လိုဆိုရင် တရားဝင်ပြန်ဆိုတာက "Let no one deceive another, Nor despise anyone anywhere. Neither from anger nor ill-will, Should anyone wish harm to another."
ပြီးရင်တော့ တကယ့်ကျင့်ရမည့်အလုပ်က အားလုံးကို အချိန်တိုင်း မိခင်က တစ်ဦးတည်းသောသားကို ထားတဲ့ စိတ်နဲ့ အကျိုးလိုလား ရမယ်ဆိုတာ နဲ့ ဟောပြီး ဒီစိတ်နဲ့ အားလုံးကို မခွဲဘဲ အချိန်ပြည့်တစ်ချိန်လုံး ပုဂ္ဂိုလ်သတ္တဝါတွေကို ပွားများနေရမယ်ဆိုတယ်။ သို့ပေမဲ့ ပွားရင်း တကယ်မရှိတဲ့ ပညပ်ကို စွဲလမ်းပြီး ရှိတယ်ထင်သွားတာမျိုးလဲ မဖြစ်ဖို့ ဟောပြီးတရားချတယ်ပေါ့။
အဲဒီမှာ မိခင်သားအပေါ်ထားတဲ့ စိတ်ဆိုတဲ့ တရားဟောချိန် BC 600 က အဲဒီခေတ် အဲဒီဒေသ စိတ်ရောက်နိုင်မှ အခြေခံသိမှ ပိုမြင်နိုင်မယ်လို့တော့ထင်တယ်။
သားကို ထားတဲ့ စိတ်က လူကြီးဖားတာ အလိုလိုက်တာမျိုး စိတ်မကွက်ပြီးရောထက် ပိုပြီး ကောင်းစေလိုတဲ့ စိတ် လိုအပ်ရင် အတိုက်ခံရတဲ့စိတ် မပျက်စီးစေလိုတာ ထိုးမကျွေးတာ စတာတွေမှာ ကွာမယ်လို့ သတိပြုမိတယ်။
Oxford ဆရာတော်ကတော့ အဲဒီတစ်ပိုဒ်ထဲ တရားတစ်ပုဒ်သတ်သတ်ဟောသွားဘူးတယ်။ ဒီအပိုင်းကို အပေါ်ကလိုရှင်းရင် post သိပ်ရှည်သွားမှာမို့ အခုကို အတော်ရှည်လို့ ချုပ်ပါရစေ။
ဘာရယ်လို့ မဟုတ်ပါဘူး ဒီနေ့ ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ အမှတ်တရ ပြောနေကျ တရားကိုဘဲ ကိုယ်တစ်ဦးထဲ အမြင်အသိပြောင်းလာတာ ကို မိတ်ဆွေတွေကို ဝေမျှတာပါဘဲ။ ပင်စင်စားအရွယ်နီးလို့ ဂေါပကလောင်းတွေလို တရားငြင်းတဲ့ သဘောမဟုတ်ပါဘူး။
တကယ်က တရားတင်မဟုတ်ဘူး အခုနောက်ပိုင်း စုံထောက်ရှားလေ့ဟုန်းပြန်ဖတ်မိတော့ ငယ်ငယ်ကလို အရသာမရဘဲ သူခေတ်သူ့ခါ သူဓလေ့ဘဲ မြင်မိသလို GodFather ဖတ်မိပြန်တော့လည်း လူဆိုးဂိုင်းတွေထက် Power Play ကြတဲ့ သူတွေ နိုင်ငံရေးသမားတွေ အာဏာရှင်တွေ ကော်ပိုရိန်တွေ ကအစ Game Theory ထဲက ဇာတ်ကောင်တွေလိုလို ပြောင်းမြင်တယ် Power politic culture ပြောရမလား။ War & Peace ဖတ်ပြီး ဇာတ်ကောင်စုံ အရောင်စုံတွေရဲ့ စရိုက်တွေကနေ အဖြစ်အပျက်တွေ ဖြစ်ကြာတာတွေကိုလည်း အရင်ကနဲ့ မတူမြင်မိလာတာမျိုးပါ။
မတွေ့တာကြာတဲ့ မိတ်ဆွေဟောင်းတွေအတွက် အမှတ်တရပါဘဲ Attention Business ခေတ်ကြီးမှာ ဒီလိုစာရှည်တွေ ဖတ်မည့်သူလည်း မရှိကြတော့တာလည်း သဘောပေါက်ပါတယ်။ ဖတ်ပေးနိုင်သူတွေကိုလည်းကျေးဇူးတယ်ပါတယ်။ ငယ်ငယ်က အစားအစာဟောင်းလွမ်ဆွတ်တတ်တဲ့ ရွယ်တူတန်းတူ Online မိတ်ဆွေသူငယ်ချင်းတွေအတွက်ပါဘဲ။ Trend အရတော့ အောက်နေပါပြီလေ။

ဟင်းမချက်ချင်လို့ နံရိုးလေးဘဲ အလွယ်ပေါင်းစား ဖြစ်တယ်