MISSION ၁။နွေဦးတော်လှန်ရေးမှာ မြင်သလောက်နိုင်သလောက်ပါတင်ကူညီဖြည့်ဆည်းပေးရေး။ ၂။ NUGpay နဲ့SDB bank အသုံးပြုမှု ပြည်သူတွေကြားတိုးတက်စေရေး။ ၃။ပြည်သူသို့တော်လှန်ရေးသတင်းအချက်အလက်အမှန်စီးဆင်းစေရေး။ ၄။မိမိနိုင်ငံအနေဖြင့် အရှေ့တောင်အာရှ၏ ပထမဆုံးဒီမိုကရေစီနိုင်ငံဖြစ်စေရန် တထောင့်တနေရာမှအစဉ်မပြတ်အားထုတ်လှုံဆော်နိုင်ရေး။
Sunday, September 14, 2025
Friday, September 12, 2025
Thursday, September 11, 2025
Wednesday, September 10, 2025
Friday, August 22, 2025
Thursday, August 21, 2025
Tuesday, August 19, 2025
အမဲအစိုကြော်လေးနဲ့
အမဲသားတွေကို အတုံးလိုက် အတစ်လိုက်ပြုတ်ပြီးမှလှီးတာကို ကျွန်တော်မကြိုက်လို့ တခါတည်းကြီးကြီးလှီးလိုက်တယ်။ ပြုတ်လိုက် ကြော်လိုက်ရင် ကျုံ့သွားမှာမို့ တွက်ရတာပေါ့လေ။ အသားတွေသေချာတုံး ရေဆေး ရေစစ် ဆား ဆနွင်း ကြက်သားမှုန့် အချိုမှုန့် ကြိုက်ရာသုံးပေါ့၊ ဆား နဲ့ နယ်နှပ်ထားလိုက်တယ်။ ပြီးရင် ရေနွေးဆူဆူထဲ ဂျင်း ပါးပါးလှီး ကြက်သွန်ဖြူဓါးပြားရိုက် ပြီးထည့်လိုက်တယ်။ ရေနွေးထဲကိုလည်း ဆား ကြက်သားမှုန့်လေးထည့်တယ်။ ပြီးတော့ နူးအောင်ပြုတ်လိုက်တယ်။
အိသွားပြီဆို ဆယ်ယူပြီး အအေးခံတယ်။ ပြီးတော့ အမဲသားတွေကို ထုတယ် ပြားသွားအောင်ပေါ့၊ အသားရိုက်တဲ့တူရှိတော့ ပိုလွယ်တာပေါ့လေ၊ သေးနေတာတွေ ပြားသွားတော့ ကြီးလာတယ်။ ထူတာတွေ ပါးသွားတယ်။ အမဲသားတွေကို ဆီပူပူမှာ ထည့်ကြော်လိုက်တော့ ရဲနေမှ ချလိုက်တယ်၊ ပြီးရင်တော့ ပြုတ်ထားတဲ့ ဂျင်းတွေကိုပဲ ဆယ်ထား ကြက်သွန်နီပါးပါးလှီးထား ကြက်သွန်ဖြူ ဓါးပြား ရိုက်ထပ်လှီးပြီး ဆီနဲနဲထည့်ဆီသတ်တယ်၊ ကြက်သွန်တွေ အိလာပြီဆို မီးလျှော့ပြီး ငရုတ်ခွဲကြမ်းရဲတာလေးဆီသတ်လိုက်တယ်ကြော်တယ်ပေါ့ မီးမျှင်းမှရမယ် တူးသွားတတ်လို့ပါ ဆီသတ်နေရင်း အနံ့ပျောက်ပြီဆို ရေနွေးထည့်တယ် ပါးပါးလေးပါ၊ ပြီးတော့ ကြက်သားမှုန့် ဆား မာလာအကင်မှုန့် ခရုဆီထည့်ပြီး အမဲသားတွေပါ ထည့်လုံးလိုက်တာ ဘာပြောကောင်းမလဲ တကယ်ကိုထူးကဲတဲ့အမဲငရုတ်သီးအစိုကြော်လေးရသွားတယ်။ ထမင်းပူပူလေးနဲ့တွဲစားရင်ပြောမနေနဲ့တော့ လိုက်ပွဲထပ်ယူရလိမ့်မယ်။
ငရုတ်သီးခွဲကြမ်းထည့်ပြီး ဆီသတ်နေတဲ့အချိန် မဆလာနဲ့ကြော်ချင်ရင် ဇီယာ မဆလာထည့်၊ ဗမာလိုကြော်ချင်ရင်ငံပြာရည်နဲ့ အချိုမှုန့်ပဲသုံး ပြုတ်ရင် စပါးလင်နဲ့ပြုတ်ပေါ့။
ထပ်ကွန့်ချင်ရင် ခရမ်းချဥ်သီးအတုံးလေးတွေထည့်ပြီး တရုတ်မဆလာလို့ခေါ်တဲ့ ရှောက်ကော ပါကောမှုန့်ထည့်ပြီး ကြော်နှပ်လေးလုပ်လို့ရသေးတယ်။ မီနူးတွေက အများကြီးထုတ်လို့ရတယ် လုပ်တတ်ဖို့ပဲ လိုတာပေါ့လေ။
အမဲအစိုကြော်လေးနဲ့ ထမင်းပူပူနဲ့ တွဲစားကြည့်ပါ တကယ်ကိုကောင်းလွန်းတာသိပါလိမ့်မယ်
Subscribe to:
Posts (Atom)