Friday, January 3, 2025

၀က်လက်စွပ်ပြုတ်

 ဒီတပတ်တော့ ရိုးရှင်းလွယ်ကူပြီး နူးနူးအိအိနဲ့ အရသာရှိတဲ့ ၀က်လက်စွပ်ပြုတ်လေး ချက်စားကြရအောင်။ အိမ်မှာပဲ ချက်စားတော့ စိတ်ကြိုက်စားနိုင်သလို လွတ်လွတ်လပ်လပ် စားလို့ ရတော့ ပိုစားဝင်တာပေါ့နော်။


၀က်လက်စွပ်ပြုတ် လုပ်တော့မယ်ဆို လိုအပ်တာတွေကတော့

၀က်လက် တစ်ချောင်း(သန့်စင်ပြီး အနေတော်တုံးပြီး ဆားဆနွင်းနယ်ထားပါ)

ကြက်သွန်ဖြူ၊ ကြက်သွန်နီ အနည်းငယ် (မညက်တညက်ထောင်းထားပါ)

စပါးလင်နုနု အနည်းငယ် (တစ်ဝက်ကို ထောင်းထားပါ။ တစ်ဝက်ကို အထုံးလေး လုပ်ထားပါ)

ငံပြာရည် အနည်းငယ်

ပဲငံပြာရည် (ကြာညို့ ) အနည်းငယ် လိုအပ်ပါတယ်။

ပြီးရင်တော့ ၀က်လက်အတုံးလေးတွေကို ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ စပါးလင် ၊ ငံပြာရည် ၊ ပဲငံပြာရည် တို့ ထည့်ပြီး နယ်ပါ။ ချက်မယ့် အိုးထဲထည့်ပါ။ စပါးလင် အထုံးလေးပါ ထည့်ပေးပါ။

အကုန်အိုးထဲရောက်ပြီဆိုရင်တော့ အညှီနံ့လေးပျောက်အောင် ရေမထည့်သေးဘဲ ခဏလေး လုံးပေးပါ။အသားထဲက အရည်လေးတွေ ခမ်းပြီး အသားအပေါ်ယံတင်းလာပြီဆိုမှ ရေထည့်ပါ။

ရေထည့်ရင်တော့ အသားမြှုပ်တဲ့အထိ ထည့်ပါ။ အဖုံးအုပ်ပြီး ဟင်းရေတွေ ဆူပြီး ဝေမကျအောင် ဂရုစိုက်ဖို့တော့ လိုပါတယ်။

ရေနှစ်ခါလောက်ထည့်ပြီးရင်တော့ နူးပါပြီ။ ၀က်လက်နုနုကလည်း ၀က်ခြေထောက်ထက်စာရင် အနူး ပိုမြန်ပါတယ် ။

၀က်လက်စွပ်ပြုတ်ကို နံနံ၊ ငရုတ်ကောင်းမှုန့်၊ သံပုရာသီး ၊ ငရုတ်အလှော်တို့ ထည့်ပြီး ကြိုက်နှစ်သက်သလို ပြင်ဆင်ပြီး အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

၀က်လက်စွပ်ပြုတ်လုပ်မယ်ဆို ၀က်လက်ဖြူဖြူ နုနုလေးတွေ ရွေးဖို့တော့ လိုမယ်နော် ။ ဒါမှ အချိန်အကြာကြီး ပြုတ်စရာမလိုဘဲ ၀က်လက်စွပ်ပြုတ်နူနူးအိအိလေး ရမှာဖြစ်ပါတယ် ။ ဒီအစီအစဉ်ကို စနေနေ့ ညနေတိုင်း တင်ဆက်ပေးမှာဖြစ်တာမို့ တနင်္ဂနွေနေ့ အားလပ်ရက်မှာ တစ်ပျော်တစ်ပါး ချက်ပြုတ်စားနိုင်ကြပါပြီ။
#creditoriginaluploaded 
See less

Wednesday, January 1, 2025

Bill Eddy: How to Deal With High Conflict People andrew huberman

"The Modern World Is In Chaos" - Win The Game Of Life & Outsmart Everybody Else | Robert Greene

BBQကင်စားဖို့ ရောင်းတန်းဝင်အကင်များ

တရုတ်ဟင်းပွဲတွေထဲမှာ နာမည်အရမ်းကြီးတဲ့ တရုတ်စတိုင်ဝက်သားနီချက်လုပ်နည်း

တစ်ရပ်ကွက်လုံးမွှေးကြိုင်သွားစေမဲ့ ကြက်တောင်ပံ ကြက်သွန်ဖြူအစပ်ကြော်လုပ်နည်း

ကြက်သောက်စမ်း ချက်နည်း

ငရုတ်သီးဆားထောင်း နှင့် အခြားထောင်းနည်း ( ၁၁ ) မျိုး စုစည်းမှု

ငါးကင်နည်း(7)မျိုး

တရုတ်အိမ်ချက်စတိုင် 'ကြက်ပေါင်နှပ်' ရိုးရှင်းပြီး အရသာရှိတဲ့ချက်နည်း။ Homestyle Braised Chicken Legs