Tuesday, April 7, 2026

ADHD journey ရဲ့အစ

 သားသားအသက် ၁၈နှစ် မှာ ဘန်​ကောက်က Raffles University တက်​နေရင်း Anxiety Attack ရပါတယ်။ ကျွန်မကို ​ကျောင်းက ကျွန်မလိုက်လာမှဖြစ်မယ်၊ က​လေး အ​ခြေအ​နေက စိတ်ပူရတယ်ဆိုပြီးအ​ကြောင်းကြား​လာပါတယ်။ အဲဒီအချိန်မှာ ကျွန်မ အ​ဖေက ​ဆေးရုံတင်ထားရတယ်။ ​နောက် ၂ပတ်​နေရင်သွားဖို့ ​လေယာဥ်လက်မှတ်ကလည်း ဝယ်ပြီးသားဆို​တော့ အ​ဖေ​ဆေးရုံကဆင်းပြီးမှ အရင် Plan အတိုင်းပဲသွားမယ်​ပေါ့ ။


ကျောင်းကိုလည်း နင်တို့ပဲကြည့်ထိန်းထား​ပေး။ သူက ငယ်ငယ်တည်းက ဒီလိုပဲ၊ စာ​မေးပွဲရှိရင် ငိုတတ်တယ်၊ ​ခဏခဏလည်းအန်တတ်တယ််​။ သူ့အ​ဖေနဲ့ငါက အဆင်မ​ပြေလို့ Separate ခွဲ​​​​​ ​နေကြတာမို့ ခ​လေး မှာ Trauma ​ရှိ​နေနိုင်တယ်။ ရန်ကုန်မှာ ရှိ​တုန်းက သူ့ကို Counseling Session ယူ​ပေးဖူးတယ်။ သူ့ Counselor နဲ့ Online က​​နေ ချိတ်​ပေးလိုက်မယ်၊ ငါ့ အ​ဖေက ​လော​လောဆယ် ​ဆေးရုံ​ပေါ်မှာ၊ ငါ့မှာ လူခွဲမရှိဘူး လို့ Email ပို့လိုက်တယ်။

အဲဒီအချိန်မှာ သားသား Video Call ​​ခေါ်လာတယ်။ သူ့ကို​ချော့​မော့နှစ်သိမ့်ပြီး အများကြီးမ​တွေးနဲ့ ..သားနိုင်သ​လောက်လုပ်​နော်..၊သားရဲ့ Counselor နဲ့ ​မေ​​​​မေ ချိတ်​ပေးမယ်လို့​ပြော​တော့ သားက ဘာမှမ​ပြောဘူး၊ သူ့ကြည့်ရတာ ​ပြောချင်တဲ့စကား​တွေအများကြီးရှိ​ပေမဲ့ လည်​ချောင်းထဲမှာ ဆို့နင့်ပြီး ​​ပြောမထွက်ဘူး။ ပြီး​တော့ သူ မျက်ရည်​တွေ ကျပြီး တိတ်တိတ်​လေး ငို​နေတယ်။

သူ​လေ..ဘာစကားမှမ​ပြော​ပေမဲ့ ဖုန်းမချဘူး၊ ဒီအတိုင်းကို နာရီနဲ့ချီပြီးကိုင်ထားတယ်။ ဘာဖြစ်လို့လဲသားရယ်.. ဘာလို့ ဖုန်းမချချင်တာလဲဆို​တော့ ​မေ​မေရှိ​နေရင် အားရှိလို့ပါတဲ့။ အို​ကေ၊ ဒါဆို သားလည်း အဲဒီဘက်မှာ သားလုပ်စရာ ရှိတာလုပ်၊ ​မေ​မေလည်း ​မေ​မေလုပ်စရာရှိတာလုပ်​နေမယ်၊ ဖုန်း​တော့ မချဘူး ဆို​တော့ သူကလည်း အို​ကေတဲ့။ အဲလိုနဲ့ ၃နာရီကြာသွား​တော့ ​မေ​မေဖုန်းချလိုက်​တော့မယ်၊ ရလား ..ဆို​​တော့ သူ နဲနဲ စိတ်​ပြေသွားတယ်ထင်ပါတယ်။ ဖုန်းချသွားတယ်။

ဒါ​ပေမဲ့ ကျွန်မ မသိတာက ကျွန်မကို ဖုန်းချသွား​ပေမယ့်သူ့ရဲ့ တစ်ဝမ်းကွဲ​မောင်နှမ​တွေကိုလည်းဖုန်းဆက်ပြီးဘာမှမ​ပြောဘဲ အကြာကြီး ကိုင်ထားတာကိုပဲ။ ( ကျွန်မတူမ​လေး ပြန်​ပြောပြလို့ ​နောက်မှသိရတာ) သူ အရမ်းကို အထီးကျန်​နေလို့ ၊lonely ဖြစ်​​နေလို့..လို့ ထင်ပါရဲ့။ ​

နောက်ရက်​တွေမှာ​တော့ သူ့ကို ကျွန်မဘယ်လိုမှ ဖုန်း​ခေါ်လို့မရ​တော့ဘူး။ သူလုံးလုံး မကိုင်​တော့ဘူး။ သူ Viber ကမကိုင်​တော့ Discord က​ခေါ်တယ်၊ မရဘူး။ သူ့ TikTok Account လိုက်ရှာတယ်။ အဲဒီမှာ သူတင်ထားတဲ့ Post ​တွေ့ပြီးကျွန်မ​ခေါင်းအကြီးကြီးဖြစ်သွားတယ်။ လူ တစ်​ယောက် ​ခေါင်းငိုက်စိုက်နဲ့ caption က End Me လို့​ရေးထား​တော့ ဘုရား ၊ ဘုရား လွဲပါ​စေ၊ ဖယ်ပါ​စေ။ သား​ရေ မလုပ်ပါနဲ့ ။ မလုပ်လိုက်ပါနဲ့ လို့ ကျွန်မစိတ်ထဲက အကြိမ်ကြိမ်​တောင်းပန်​နေမိတယ်။

သူ့ဆရာ ကို အ​ကြောင်းကြားလိုက်​တော့ ဆရာက သူနဲ့ တစ်တိုက်ထဲ​နေတဲ့ စီနီယာ တစ်​ယောက်ကို သွားကြည့်ခိုင်း​ပေးတယ်။ သူရှိ​နေ​သေးတယ်။ သူ ဘာမှမဖြစ်ဘူး။ သူ ကျွန်မဘဝထဲက မထွက်သွား​သေးဘူး။ဘုရားသိကြားမလို့ ​မေ့သား​လေး အသက်ရှင်​နေ​သေးတယ်။ ကျွန်မ ချက်ချင်း ​လေယာဥ်လက်မှတ်​ပြောင်းပြီး​နောက်​နေ့ သူ့ဆီလိုက်သွားခဲ့​တော့တယ်။

ကျွန်မလာ​နေပြီဆိုတဲ့အ​​ကြောင်း ၊ ​ရောက်မယ့်အချိန်နဲ့ ကျွန်မ ဖုန်းဆက်ရင် ဖုန်းကိုင်ဖို့ ၊ သူ့ကွန်ဒိုက Card System နဲ့မို့ သူ လာဆင်းမ​ခေါ်ရင် ကျွန်မ အထဲဝင်လို့မရမှာမို့ဖုန်းကိုင်ပါဆိုတာ အကြိမ်၂၀​လောက် စာ​တွေပို့ထားလိုက်တယ်။ ကျွန်မ ​​ရောက်လို့ ဖုန်းဆက်​တော့ သူ ဖုန်းကိုင်ပါတယ်။ ကျွန်မကိုလည်း ဆင်းကြိုပါတယ်။ ကျွန်မ​လေ လမ်းအလယ်မှာ သူ့ကို အကြာကြီး ဖက်ထားမိတယ်။

အိမ်​ပေါ်​ရောက်​တော့ တစ်အိမ်လုံးကရှုပ်ပွ။ ဘေစင်ထဲမှာ အိုး​တွေ၊ခွက်​တွေ၊ပန်းကန်​တွေအပုံ​လိုက်။ ကြမ်းပြင်က ဖုံအလိမ်းလိမ်း ၊သဲတရှပ်ရှပ်နဲ့။ အမှိုက်ပုံးထဲမှာ အမှိုက်​တွေပြည့်လျံ​နေတယ်။ ​မွေ့ယာခင်း​တွေကတစ်ပိုင်းတစ်စကျွတ်ထွက်​နေတယ်။​ခေါင်း​အုံးတွေက ​တောင်တစ်လုံး၊ ​မြောက်တစ်လုံး။ ဆိုဖာ​ပေါ်မှာ သူ့ laptop ကပွင့်လျက်သား၊ ​ဘေးမှာ​ကျောင်းproject အတွက် လုပ်လက်စ စာရွက်စာတန်း​တွေ ပြန့်ကျဲရှုပ်ပွ​နေတယ်။ တချို့ကကြမ်းပြင်​ပေါ်မှာ ။

ခရီး​ဝေးကလာတဲ့ ကျွန်မအတွက် ​​ခြေချစရာ ​နေရာမရှိ။ အိပ်ဖို့မ​ပြောနဲ့..၊ထိုင်စရာ ​နေရာ​လေး တစ်ခု​တောင်ရှိမ​နေ။အဝတ်​လျော်စက်ထဲမှာ အဝတ်​တွေအပြည့်၊ ​လျော်ပြီး မလှမ်းထားဘူး။ TV စင်​ပေါ်မှာ Bill​တွေအထပ်လိုက်။ ​ရေခွန်၊ မီးခွန် ၊ wifi ခွန်​တွေ။ ​ဆောင်ပြီးပြီလား ​မေးတော့ သူမသိဘူးလို့​ပြောတယ်။ တစ်ချိန်လုံး ထိမ်းလာရတဲ့စိုးရိမ်ပူပန်စိတ်​တွေ က ဒေါသအဖြစ် အသွင်​ပြောင်းပြီး ကျွန်မ​ပေါက်ကွဲထွက်​တော့တယ်။

သူ့ကိုဒါ​လေး​​တောင်..ဒီ​လောက်​လေး​တောင် မလုပ်နိုင်တဲ့ လူ​ပျော့လူညံ့အဖြစ်ပုံ​ဖော်တယ်။ ကျွန်မကိုစိတ် ဒုက္ခ​ပေးသူလို့ စွပ်စွဲတယ်။ ကျွန်မပိုက်ဆံ​တွေကိုထိုင်ဖြုန်း​နေတာ၊ မိဘ ကို မသိတတ်တာ စသဖြင့် သူ နာကျင်​စေမယ့်စကားလုံး​တွေနဲ့ ​ဒေါသပုံ ထ​မိတော့တယ်။

သူ ကျွန်မကို ဘာမှပြန်မ​ပြောဘူး။ မျက်လုံးချင်းလည်းမဆုံဘူး။ အရပ်၆​ပေ၃လက်မနဲ့ ​ပေါင်၂၅၀ရှိတဲ့ သူ့ခန္ဓာကိုယ်ကြီးကိုအတတ်နိုင်ဆုံး ကျုံ့ထားတယ်။ ကျွန်မသိလိုက်တယ်၊ သူ ကျွန်မ​ရှေ့က​နေ ​သေး​သေး​လေးဖြစ်ပြီး၊ အ​ငွေ့ပျံပြီး ​ပျောက်ကွယ်သွားချင်​နေပြီ။ သူ့မျက်နှာ တစ်ခုလုံး မျက်ရည်​တွေနဲ့ရွှဲနစ်​နေတယ်။သူ့ခမျာ အသံထွက်​ပြီးမငိုရဲဘူး။ ပုခုံး​လေးလှုပ်ပြီး​တောင်မရှိုက်ရဲဘူး။ ​

ကျွန်မ စိတ်ကို ​လျော့ချလိုက်ပြီး ​ဆောရီး သား​ရေ၊ ​မေ​မေ တအားစိတ်ရှုပ်သွားလို့ပါလို့ ပြန်​တောင်းပန်ရတယ်။ ​မေ​မေ အခု သားနားမှာ ရှိ​နေပြီ​နော်။ သားမလုပ်နိုင်​သေးတာ​တွေကို ကူ​ပေးဖို့မေ​မေ ​ရောက်လာတာ။ ​မေ​မေဘာ​ပြောထားလဲ ၊ Problem ရှိရင် Solution ရှာရမယ်​လေ​နော်။ ကျွန်မ ပြန်ပြီး မာန်တင်းလိုက်ရတယ်။ ငါသူ့ကို အပြစ်​ပြော​နေရုံနဲ့ ဒီပြဿနာ​တွေ မ​ပြေလည်သွားဘူး။

ကျွန်မလဲပြို​နေလို့ မဖြစ်တာမို့ ​လော​လောဆယ် ​​ခြေချလို့ရ​အောင် ကြမ်းပြင်​ပေါ်မှာပြန့်ကျဲ​နေတာ​တွေအကုန်​ကောက်ပြီး ခုတင်​ပေါ်တင်လိုက်တယ်။ ပြီး​တော့ ဖုန်​တွေ၊သဲ​တွေလှဲထုတ်၊ ပြည့်နှက်​နေတဲ့ အမှိုက်ပုံးထဲက အမှိုက်အိတ်ကို စုစည်းပြီး အပြင်ထုတ်၊ ​နောက် အမှိုက်အိတ်တစ်လုံးစွပ်နဲ့..။ နည်းနည်း​​ခြေချစရာရှိလာတယ်။ သူ့ရဲ့ကုတင်​ပေါ်ကျွန်မပစ်တင်ထားသမျှ​တွေ ပြန်ယူ၊ အမျိုးအစားခွဲပြီးသူ့​နေရာနဲ့သူထားသို၊ ပြီး​တော့ အိပ်ရာခင်းစွပ် အသစ်ရှာပြီး ခင်း​ပေးလိုက်​တော့ အိပ်စရာ ​နေရာ​လေးလည်း အဆင်​ပြေသွားပြီမို့ ဆိုဖာ​ပေါ်ထိုင်ငူငိုင်​နေတဲ့ သူ့ကို ကုတင်​ပေါ် တက်အိပ်ဖို့ ​ပြော လိုက်တယ်။ စိတ်ထဲမှာ​တော့တနုံ့နုံ့နဲ့ ကြည့်စမ်း အ​မေကို တချက်​လေးမှကူ​ဖော်မရဘူး။ ငါ မနားတမ်းလုပ်​နေတာကို သူ ဒီအတိုင်း ထိုင်ကြည့်​နေတာ ဆိုပြီး ​ဒေါမနသ ​တွေ ပွားလာပြန်တယ်။

ကိုယ့်​ဒေါသကိုယ် ဘရိတ်အုပ်ပြီးပဲ ချွတ်ထားတဲ့ ​မွေ့ယာခင်း​တွေ ၊ အဝတ်ခြင်း​တောင်းထဲက မ​လျော်ရ​သေးတဲ့အဝတ်​တွေစုပြီး ​လျော်ဖို့ လုပ်ရတယ်။ အဝတ်​လျော်စက်ထဲက ​လျော်ပြီးသားအဝတ်​တွေဆွဲထုတ်​တော့ Overload နဲ့ ​လျော်ထားတာ ထင်တယ်။ ပြည့်ကျပ်​နေပြီး အဝတ်​လျော်စက်က မလှည့်နိုင်​တော့ ဆပ်ပြာ​တွေလည်း မ​ပြောင်၊ ဂျီး​တွေလည်း မ​ပြောင်မို့ တဝက်​လောက်ဆွဲထုတ်ပြီး အစက​နေ ပြန်​လျော်ရတယ်။ လုပ်​နေရင်းတန်းလန်းနဲ့လည်းအဝတ် ဆိုတာ ဒီလို မ​လျော်ရဘူး၊ အဝတ်​လျော်စက်မှာ KG ဘယ်​လောက်ပဲ ​လျော်လို့ရတယ်ဆိုတဲ့ Capacity ကိုကြည့်ပြီး ​လျော်ရ​ကြောင်း ၊ များသွားရင် စက်ပျက်တတ်​ကြောင်း၊ စက်ပျက်သွားရင် ​လျော်ရမှာဖြစ်​ကြောင်း၊ ​လျော်ရရင် ပိုက်ဆံအလဟဿဖြုန်းတာနဲ့တူ​ကြောင်း၊ သား မသိရင် You Tube မှာ သွားကြည့်ပြီး​လျော်​လေ ဆိုပြီး လက်ချာရိုက်သမျှကို ဒီအတိုင်းပဲ မလှုပ်မယှက်နား​ထောင်​နေပါတယ်။

ဘေစင်ထဲက အိုးခွက်ပန်းကန်​တွေကို အကုန်​ဆေး​ကြောပြီး မီးဖို​ချောင် လှည့်ပတ် ကြည့်လိုက်​တော့ ထမင်းအိုးထဲမှာ ထမင်း တစ်လုံး ချက်ထားတယ်။ Air Fryer ထဲမှာ Chicken Nuggets ​တွေ ကင်ထားတာ​တွေ့တယ်။ ​ရေခဲ​သေတ္တာ ဖွင့်ကြည့်​တော့ ​ရေ​တွေ ၊အ​အေး​တွေ ၊နို့ဗူး​တွေ၊ ကြက်ဥနဲ့ ​ပေါင်မုန့် ​တွေ ဖြည့်ထားတယ်။ ကျွန်မကြိုက်တတ်တဲ့ အနံ့​မွှေးတဲ့ဖယောင်းတိုင်​တွေ ဝယ်ထားတာ၊ အခန်း​မွှေး​အောင် Air Freshener ဗူး​တွေ ဝယ်ဖျန်းထားတာ သတိထားမိလာတယ်။

အို ​​မေ​မေ့ က​လေး​လေးရယ်.. ဒါ သားသား​မေ​မေ့ကို ကြိုဆိုတာ​ပေါ့​နော်။ သူတတ်သ​လောက်မှတ်သ​လောက် အားထုတ်ထားတာ​တွေ အသိအမှတ်အပြု မခံရပဲ အပြစ်​တွေပဲ အ​ပြောခံရတဲ့အခါ သူ ဘယ်​လောက်​တောင် နာကျင်လိမ့်မလဲ။ ကျွန်မ သူ့ဆီအ​ပြေးသွားပြီး ဖက်ထားလိုက်တယ်။ I am sorry.. I am really really sorry. I didn’t mean it. လို့ အကြိမ်ကြိမ် အထပ်ထပ် ​ပြောမိ​ပေမယ့် ကြမ်းကျွံရင်သာ နှုတ်လို့ရမယ်၊ စကားကျွံရင်​တော့ နှုတ်လို့မရဘူး မဟုတ်လား။ ကျွန်မရဲ့ စကားမြှား​တွေက သူ့ကို စူးနစ်​နေပြီးသားမို့ အဲဒီတစ်ညလုံး ကျွန်မကို ​ကျော ခိုင်း အိပ်ပြီး ငို​နေ​တော့တာ။

ဒါက သူ့ရဲ့ ADHD journey ရဲ့အစပါ ။ အဲဒီအချိန်မှာ သူ့ရဲ့ ADHD အ​​ကြောင်း တစွန်းတစ​တောင် ကျွန်မ သိမ​နေ​သေးပါ။ ဒီအ​ကြောင်း​တွေ ပြန်​ရေးရတာ ကျွန်မအတွက်ခက်ခဲလွန်းတာမို့ ဒီမှာ ခတ္တရပ်နားပါရ​စေရှင်။

(ကျွန်မရဲ့ သား​လေးက ADHD Inattentive Type+mild Autism (Asperger’s) ပါ။ အဲလိုAutism နဲ့ADHD တွဲရင် ဘယ်လိုလက္ခဏာ ဆိုတာကို သက်သက် ​post တင်ပြီးပြောပြပါမယ်။ )

ကျွန်မကချမ်းမြချောပါ။ ADHD သားလေးတစ်ယောက်ရဲ့မိခင်ဖြစ်ပါတယ်။

No comments:

Post a Comment