မြန်မာအငတ်ဘေးကို ဖြေရှင်းဖို့ ဒေါ်လာသန်း၁၀၀၀ နီးပါး လိုတယ်လို့ UN က ဆိုထားပါတယ်။
သန်း ၃၀၀ လောက်ပဲ ရသေးတယ်ဆိုပဲ။
ငွေက
ပေါပါတယ်။
US မှာ
မြန်မာပြည်သူပိုင်ငွေ
( အာဏာရှင်ပိုင်မဟုတ်)
သန်း ၁၀၀၀ ရှိတယ်။
US အစိုးရက
Freeze လုပ်ထားလို့
မြန်မာပြည်သူ
သုံးစွဲခွင့် မရတာ။
စင်ကာပူနိင်ငံက ဘဏ်တွေမှာ
စွမ်းအင်ရောင်းရငွေ
ဒေါ်လာသန်း ၇၀၀၀ ရှိတယ်။
ဒါလည်း
မြန်မာပြည်သူ သုံးစွဲခွင့်
မရဘူး။
မြန်မာစစ်ဗိုလ်ချုပ်နဲ့
ခရိုနီ တော်တော်များများဟာလည်း
ဘီလီယံနာတွေပဲ။
အာဏာရှင်အသစ်တွေ
မပြောနဲ့ အာဏာရှင်ဟောင်း
“တရုပ်လူမျိုး”
ဗိုလ်ချုပ်နေဝင်းရဲ့သမီး စန္ဒာဝင်းနဲ့ သား အေးနေဝင်းတွေတောင် ဒေါ်လာ ၄ ဘီလီယံ
ချမ်းသာတယ်။
တရုပ်နေဝင်းက
ဒေါ်လာ ၄ ဘီလီယံကိုခိုးပြီး
တရုပ်ပြည်မှာ စုထားခဲ့တာ။
ခရိုနီတေဇရဲ့ဘဏ်ကနေတဆင့်
စန္ဒာဝင်းဆီ လွဲခဲ့တာ။
US ပိတ်ဆို့မှုကြောင့်
အာဏာရှင်အသိုင်းအဝိုင်းက
တရုပ်ဘဏ်တွေကို သုံးနေကြတာပါ။
ဒါကတပိုင်း။
ပြောချင်တာက၊
မြန်မာနိင်ငံမှာ ငွေမရှားပါဘူး။
ခက်တာက
အငတ်ဘေးအတွက်ကျတော့
ရံပုံငွေ မလောက်ဘူး ဖြစ်နေတာပါပဲ။
ဒါဟာ
လုံးဝခွင့်လွှတ်လို့
မရတဲ့ကိစ္စပဲ။
မြန်မာပြည်သူတွေဟာ လက်ဖြန့်တောင်းခံတတ်တဲ့ သူတောင်းစားတွေ မဟုတ်ကြပါ။
လုပ်ပိုင်ခွင့် မရကြတာသာ
ဖြစ်တယ်။
အခုတောင်
အာဏာရှင်အသိုင်းအဝိုင်းဟာ
သူတို့ဘယ်လောက်
ချမ်းသာကြကြောင်း
ကြွားဝါကြလို့
ကောင်းတုန်းပါ။
ရန်ကုန်မြို့ကြီးမှာ
တွေ့မြင်နေရပါတယ်။
မြန်မာအငတ်ဘေးရဲ့ သဘောသဘာဝက
အဲ့သလိုရှိတယ်။
မြန်မာအငတ်ဘေးပြသနာ။
အငတ်ဘေး။
No comments:
Post a Comment