MISSION ၁။နွေဦးတော်လှန်ရေးမှာ မြင်သလောက်နိုင်သလောက်ပါတင်ကူညီဖြည့်ဆည်းပေးရေး။ ၂။ NUGpay နဲ့SDB bank အသုံးပြုမှု ပြည်သူတွေကြားတိုးတက်စေရေး။ ၃။ပြည်သူသို့တော်လှန်ရေးသတင်းအချက်အလက်အမှန်စီးဆင်းစေရေး။ ၄။မိမိနိုင်ငံအနေဖြင့် အရှေ့တောင်အာရှ၏ ပထမဆုံးဒီမိုကရေစီနိုင်ငံဖြစ်စေရန် တထောင့်တနေရာမှအစဉ်မပြတ်အားထုတ်လှုံဆော်နိုင်ရေး။
Monday, February 24, 2025
Sunday, February 23, 2025
Hung Lay Pork Curry
ထိုင်းမြောက်ပိုင်းသားကိုကြိုက်ရင် Hung Lay Curry ကိုပါ ကြိုက်သွားမယ်။ ထိုင်းမြောက်ပိုင်းရဲ့ ဆွမ်းကပ်တွေ အလှူတွေမှာ မပါမဖြစ် ဝက်သားဟင်းလေးအတွက် ဟင်းအနှစ်လုပ်မယ်ဆိုရင် ....
Monday, February 17, 2025
စကားကြီး(၁၀)မျိုး
စကားကြီး(၁၀)မျိုး ရှင်းတမ်း နှင့် လင်္ကာ
Sunday, February 16, 2025
Trending chinese soy sauce chicken Recipe in china
Give 2 whole Chicken legs a hot bath with hot water
Sliced Ginger 2 TSP
Cooking Wine 1 TSP
Light Soy Sauce 3 TSP
Sugar 1/3 TSP
Gently give it a thai massage let it sit for 30 min
lay a handful of scallion green at the bottom of rice cooker
top with chicken legs
add leftover marinade
cook for 31 minutes in rice cooker
Tear chicken legs into 88 equal pieces
Sprinkle white sesame seeds
Saturday, February 15, 2025
Wednesday, February 12, 2025
အင်္ဂလိပ်စာ 4 Skills လုံး တိုးတက်ချင်ရင်
အင်္ဂလိပ်စာ 4 Skills လုံး တိုးတက်ချင်ရင် အောက်ပါအချက်(၁၀)ချက်ကို နေ့စဉ် လုပ်ပါ။
Monday, February 10, 2025
Sunday, February 9, 2025
သုံးပွင့်ဆိုင် အားပြိုင်မှု
သုံးပွင့်ဆိုင်အင်အားစုတို့၏ အပြန်အလှန်ထိန်းကျောင်းနိုင်သည့် သဘောတရားကို
" One will always corrupt . Two will divide . But with three , there is balance " ဟုဆိုနိုင်သည် ။
( Quote from LOTR : The Rings of Power )
သုံးပွင့်ဆိုင်အားပြိုင်မှု ဖြစ်လာရန် ပထမ ၊ ဒုတိယ ၊ တတိယ အင်အားစု ( ၃ ) ခုရှိရန်လိုအပ်သည်မှာ ရှင်းလင်းသည် ။ ထိုအင်အား သုံးစုတို့ ဖိုခနောက်ဆိုင်နေခြင်းသည် တည်ငြိမ်သော မျှခြေတခုကို ဖန်တီးထားနိုင်ပြီး အဆိုပါ မျှခြေမှ တစုတဖွဲ့က ဖောက်ထွက်ရန်ခက်သည့် အခြေအနေဖြစ်သည် ။
▪︎ အရှေ့တိုင်းရာဇဝင်များတွင် သုံးပြည်ထောင်အားပြိုင်မှုကို ဒေသအတော်များများတွင် တွေ့ရသည် ။ တရုတ်ပြည် ဟန်မင်းဆက် ကျဆုံးပြီးနောက် ဖြစ်တည်လာသည့် ချောင်ဝေ ( Cao Wei ) ၊ ရှုဟန် ( Shu Han ) နှင့် ဝူ ( Wu ) ပြည်ထောင်တို့၏ သုံးပြည်ထောင်ခေတ် အားပြိုင်မှုသည် အကျောဇောဆုံးဖြစ်သည် ။ ကိုရီးယားကျွန်းဆွယ်တွင်လည်း ဂိုဂူယော ( Goguryeo ) ၊ သျှီလာ ( Shilla ) ၊ ဘက်ဂျဲ ( Baekje ) ဘုရင့်နိုင်ငံ သုံးနိုင်ငံ သည် ရာစုနှစ်များစွာကြာအောင် တပြည်ထောင်ထက်တပြည်ထောင် အသာရအောင် ပြိုင်ဆိုင်ခဲ့ကြသည် ။
အိန္ဒိယတိုက်ငယ်တွင် ပါလ ( Pala ) ၊ ပရတိဟာရ ( Pratihara )၊ ယသျှရကုသ (Rashtrakuta ) အင်ပါယာတို့သည် မဟာဗျူဟာကျသည့် Kannauj ဒေသကို ထိမ်းချုပ်နိုင်ရန် သုံးပွင့်ဆိုင် စစ်ပွဲ ( Tripartite Struggle ) ဆင်နွဲရင်ဆိုင်ခဲ့ကြသည် ။ ဂေါ်ရခါးမင်းဆက်တို့မှ နီပေါနိင်ငံအဖြစ် မစုစည်းခင်က မလ္လာမင်း ( Malla ) တို့သည် ကမ်းမှီလှမ်းမှီ ခတ္တမန္ဒုတောင်ကြားတခုတည်းတွင် Kathmandu ၊ Patan နှင့် Bhadgaon ဆိုပြီး သုံးပြည်ထောင် ခွဲဝေထားကြသည် ။
▪︎ သုံးစုသုံးဖွဲ့ အားပြိုင်မှုတို့၏ အနှစ်သာရတို့တွင် အင်အားစုတစုတည်းမှ အသာစီးရရှိမှု မရှိစေရန် ကျန်နှစ်စုမှ ပူးပေါင်းဆန့်ကျင်ခြင်းလည်းပါဝင်သည် ။ ပူးပေါင်းဟုဆိုရာတွင် တိုက်ရိုက်သော်လည်းကောင်း ၊ သွယ်ဝိုက်၍ လည်းကောင်း ဖြစ်နိုင်သည် ။ မဟာမိတ်ဖွဲ့ ပူးပေါင်းမှုတို့သည် ပတ်လည်ရိုက်ကာ အပြောင်းအလဲ ဖြစ်နေနိုင်သည် ။
မျက်မှောက်ခေတ် ကမ္ဘာ့အင်အားကြီး သုံးနိုင်ငံတွင် အမေရိကန်၏ ကြီးစိုးမှုကို တန်ပြန်ဖို့ရာ တရုတ် နှင့် ရုရှားကျောချင်းကပ်လျက် ကိုင်းကျွန်းမှီနေကြသည် ။ တရုတ် နှင့် ရုရှားတို့သည် ပထဝီအနေအထားအရ ယူရေးရှားဒေသတွင်း ( Euraisa ) ပြိုင်ဖက် ဖြစ်ရမည် ဖြစ်သော်လည်း မဟာမိတ်ကဲ့သို့ ဆက်ဆံရေးရှိခြင်းသည် ရုရှားကျရှုံးခဲ့လျှင် အမေရိကန်သည် နောက်တဆင့် တရုတ်ကို အပြည့်အဝ ဝိုင်းပတ်မည် ( Encirclement ) ဖြစ်သလို တရုတ်ပြိုကွဲခဲ့လျှင် ရုရှားသည် တဦးတည်းရပ်တည်နိုင်ဖို့ ခက်ခဲမည့် အလားအလာကို သိမြင်ကြသောကြောင့် ဖြစ်သည် ။
ထိုသို့ သဘောတရားကို အာဏာမသိမ်းမှီ လွှတ်တော်တွင်း အင်အားတည်ဆောက်မှုတွင်လည်း မြင်နိုင်သည် ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD ) ၏ အင်အားကြီးမားမှုကို ဒုတိယနိုင်ငံရေးအင်အားစုဖြစ်သည့် အတိုက်အခံ ကြံဖွံ့ + အပေါင်းအပါပါတီများဖြင့် ထိမ်းချုပ်မနိုင်သောကြောင့် စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို တတိယအင်အားစု ကိန်းသေအဖြစ် ဖန်တီးပြီး ၃ ပွင့်ဆိုင် ဖော်မြူလာသဏ္ဍာန် ဆိုင်ပေးထားခဲ့သည် ။ ထိုအခါ လွှတ်တော်သည် မျှခြေဖြစ်ခါ ဟိုမရောက်သည်မရောက် ရှေ့မတိုးတော့ပဲ အရေးကြီးသည့် ခြေဥပြင်ဆင်ရေး ဖြစ်မလာခဲ့တော့ခြေ ။
▪︎ သုံးပွင့်ဆိုင်ဆိုရာတွင် ပဋိပက္ခဖြစ်ပွားနေသည့် ရန်ဘက်အင်အားစု သုံးခုကိုသာ အမြဲဆိုလိုရင်းမဟုတ်ပဲ နိင်ငံရေးစနစ်တခု အင်အားမျှခြေဖြစ်ပြီး အဆိုပါ စနစ်ရေရှည်တည်တံ့အောင် တည်ဆောက်ထားခြင်းလည်း ဖြစ်နိုင်သည် ။ အထက်ပါ နေပြည်တော်လွှတ်တော်တွင်း အခြေအနေအရ ၂၀၀၈ ခြေဥကို ပြင်မရအောင် ဆိုင်ထားချင်းသည်လည်း ၂၀၀၈ ခြေဥအောက် နိုင်ငံရေးစနစ်အတွင်းမှသာ လှုပ်ရှားနိုင်ကြစေရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည် ။
ဆီဇာ ၊ ပွန်ပေ နှင့် ခရေဆပ် တို့၏ သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့သည် ( First Triumvirate ) ရောမသမ္မတနိုင်ငံကို ပူးတွဲအုပ်ချုပ်ခဲ့ကြဖူးသည် ။ အမေရိကန် ပြည်ထောင်စုတွင် အစိုးရတရပ်ကို လွှတ်တော်၏ ဥပဒေပြုရေးအာဏာ ( Legislative ) ၊ သမ္မတ၏ အုပ်ချုပ်ရေးအာဏာ ( Executive ) နှင့် တရားရုံးချုပ်၏ တရားရေးအာဏာ ( Judicial ) အာဏာ ( ၃ ) ခွဲဝေကာ ထိန်းကြောင်းထားသည် ။
▪︎ အင်အားစုတခုသည် နောက်တခုကို ဖျက်ဆီးနိုင်လောင်အောင် အင်အားကြီးမားလာ၍ ဖျက်ဆီးခဲ့နိုင်ခြင်း ရှိလျှင်လည်းကောင်း ၊ အင်အားစုတခု အကြောင်းကြောင်း အမျိုးမျိုးကြောင့် ပျက်စီးခဲ့လျှင်လည်းကောင်း လက်ကျန် အင်အား ၂ စုသည် ရေရှည် အတူယှဥ်တွဲခြင်ထက် တစုကိုတစု အပြီးအပြတ်ခြေမှုန်းရန်သာ ရှိတော့သည် ။ ဥပမာ အားဖြင့် ပါသီရာစစ်ပွဲတွင် ခရေဆပ် ( Crassus ) ကျဆုံးပြီးနောက် ဆီဇာ နှင့် ပွန်ပေတို့သည် အနှိုင်းမဲ့ ဥသျှောင်နေရာကို ရရှိရန် အဆုံးသတ်စစ်ပွဲကြီး ဖြစ်ကြပြီးလျှင် ဂျူးလီးယပ်စ်ဆီဇာသည် အောင်နိုင်သူဖြစ်လာသည် ။
ထို့အပြင် သုံးစုသုံးဖွဲ့ဖြစ်သောအခါ ( Limited Space ) ဂွင် အတွင်းရှိ အရင်းအမြစ်တို့ကို သုံးဖက်ဝေမျှကြရသည် ။ ၂ စု ၂ ဖွဲ့ထဲကဲ့သို့ ပဋိပက္ခတခုအတွင်း အရင်းအမြစ်များကို အကြွင်းအကျန်မရှိ ထုတ်ယူသုံးနိုင်စွမ်းမရှိကြ ။ ဒုတိယကမ္ဘာစစ်ကြီးတွင် ကမ္ဘာတဝန်းရှိ လူသားအရင်းအမြစ် ၊ အင်အားအရင်းအမြစ်များ အားလုံးနီးပါးကုန်စင်အောင် မဟာမိတ် နှင့် ဝင်ရိုးတန်းများအကြား သုံးယူရင်း မီးကုန်ရမ်းကုန်အဖြေထွက်သည်အထိတိုက်ကြသော်လည်း စစ်အေးတိုက်ပွဲတွင် အနောက်အုပ်စု နေတိုး ၊ အရှေ့အုပ်စု ဝါဆော တို့အပြင် ဟိုလိုလို သည်လိုလို ကြားနေလိုလို ဘက်မလိုက်နိုင်ငံများတစုသည်လည်း ပါဝင်ရာ အနောက်အုပ်စု နှင့် အရှေ့အုပ်စု ၂စုလုံးသည် ဘက်မလိုက်အစုမှ နိုင်ငံများကို မိမိတို့ဘက်ယိမ်းစေရန် ဝါယမစိုက်ကြရင်း စစ်အေးထဲမြောကြရသည် ။
အင်အား ၃ စုတို့၏ ညီမျှခြင်းတွင် အင်အားကြီးမားသည့် ပြင်ပ အင်အားနောက်တစု ဝင်လာလျှင်လည်း သုံးပွင့်ဆိုင် အခြေပျက်တတ်သည် ။ သျှီလာပြည် နှင့် မဟာမိတ်ပြုကာ တန်မင်းဆက် ( Tang Dynasty ) ၏ ပါဝင်လာမှုသည် ဂိုဂူယောနှင့် ဘက်ဂျဲ တို့ကျရှူံးစေကာ ကိုရီးယားသုံးပြည်ထောင်ခေတ် အဆုံးသတ်သွားတော့သည် ။
▪︎ သည်တွင် အင်အားစု ( ၃ ) စုပါဝင်သည့် ဖိုခနောက်ဆိုင် အင်အားမျှခြေသည် Status Quo ကိုထိန်းသိမ်းလိုသည့် အခြေအနေမျိုးအတွက် ကောင်းမွန်သည့် အနေအထားတည်ဆောက်မှုဖြစ်သည် ။ နိုင်ငံတော် အာဏာကို အပြန်အလှန်ထိန်းကျောင်းမည့် အာဏာ ၃ ရပ်ခွဲဝေရေးတွင်လည်းကောင်း ၊ ဖက်ဒရယ် ဒီမိုကရေစီစနစ်အတွင်း ပါတီ နိုင်ငံရေးအင်အားစုများကို လက်ယာယိမ်းတစု ၊ လက်ဝဲယိမ်းတစု ၊ အခြားလူမျိုးစု သို့မဟုတ် နိုင်ငံရေးစနစ်ပါတီများ တစု ( ၃ ) စု အားပြိုင်နေကြလျှင်လည်းကောင်း သင့်တော်ညီညွတ်သည် ။
သို့သော် အဆုံးသတ်အဖြေထွက်ရန် လိုလားသည့် ပဋိပက္ခစစ်ပွဲ ၊ အင်အားလွန်ဆွဲပွဲများတွင်မူ သုံးပွင့်ဆိုင် ဖြစ်လာခြင်းသည် ပွဲသိမ်းမှုကို ကြန့်ကြာစေပြီး ပဋိပက္ခအားပြိုင်မှု ညောင်းကြာရှည်မည့် အခြေအနေကိုသာ ဖန်တီးပေးလိမ့်မည် ဖြစ်သည် ။
#Augustus_Linn
#Pax_Birmania
— with Augustus.Linn.
https://www.facebook.com/photo?fbid=122130544064154075&set=a.122103012782154075
Saturday, February 8, 2025
စိတ်မနာတတ်ရင် လူဖြစ်ရှုံးတာပဲ
“ စိတ်မနာတတ်ရင် လူဖြစ်ရှုံးတာပဲ ” တဲ့။









