MISSION ၁။နွေဦးတော်လှန်ရေးမှာ မြင်သလောက်နိုင်သလောက်ပါတင်ကူညီဖြည့်ဆည်းပေးရေး။ ၂။ NUGpay နဲ့SDB bank အသုံးပြုမှု ပြည်သူတွေကြားတိုးတက်စေရေး။ ၃။ပြည်သူသို့တော်လှန်ရေးသတင်းအချက်အလက်အမှန်စီးဆင်းစေရေး။ ၄။မိမိနိုင်ငံအနေဖြင့် အရှေ့တောင်အာရှ၏ ပထမဆုံးဒီမိုကရေစီနိုင်ငံဖြစ်စေရန် တထောင့်တနေရာမှအစဉ်မပြတ်အားထုတ်လှုံဆော်နိုင်ရေး။
Monday, January 27, 2025
Unintentional slips of the tongue
Be silent and work hard on your dream. Unintentional slips of the tongue are the most dangerous behavior in the human nature.
အဲ့ဒီကား အစက
နော်မန်ဒီ ကမ်းခြေ တိုက်ပွဲကြီးကို
ပုံဖော်ထားတဲ့ ဇာတ်ဝင်ခန်းတွေကို
မှတ်မိလား။
သံဒလက် ကြီးတွေ စိုက်ထားတဲ့
ကမ်းခြေ ကို ပြေးတတ်ရတဲ့ အခန်းလေ
အမေရိကန် ဦးဆောင်တဲ့
မဟာမိတ် တပ်ဖွဲ့တွေ
ပက်ပက်စက်စက် အပစ်ခံရတဲ့ ဇာတ်ကွက်ပေါ့
ခေါင်းကို မဖော်နိုင်ဖူးလေ
မှတ်မိတယ် မှလား။
ဒီ ဇာတ်ကွက်ကို ပုံဖော် ဖို့ အတွက်
ဒါရိုက်တာ လုပ်တဲ့
Steven Spielberg က
အထောက်အထား ရှာတော့
ဓာတ်ပုံ နဲ့ ပတ်သတ်ပြီး
၁၀ ပုံပဲ ရှာတွေ့တယ်တဲ့
“ကမ္ဘာ့သမိုင်းမှာ
အကြီးကျယ်ဆုံးသော တိုက်ပွဲကြီး
စစ်သင်္ဘောပေါင်း ရာနဲ့ချီ၊
စစ်လေယာဉ်ပေါင်း ထောင်ချီ၊
စစ်သား သိန်းချီ
ဟိုဘက် ဒီဘက် ထိပ်တိုက်တွေ့ပြီး
ရေအဆုံးမြေအဆုံး တိုက်ကြ တဲ့ မဟာစစ်ပွဲကြီး.”
မဟာမိတ် တပ် ၅၀၀၀ လောက်
အသက်ပေးလိုက်ရတဲ့ တိုက်ပွဲကြီး
ဒီစစ်ပွဲကြီးရဲ့
ဓာတ်ပုံ မှတ်တမ်းက
၁၀ ပုံပဲ တဲ့။
ဒါဟာ စစ်မှတ်တမ်း တင်တဲ့
သူတွေ ညံ့လိုက်တာ လို့
ထင်ဖွယ်ရာ ရှိတယ်
ဒါပေမယ့်
တကယ့် အဖြစ်အပျက်က
အခုမှ စမှာ
ဒီဓာတ်ပုံတွေ အားလုံးကို
ရိုက်ခဲ့တဲ့ ဓာတ်ပုံဆရာက
တစ်ယောက်ထည်းပဲ။
သူ့နာမည် ရောဘတ်ကာပါ တဲ့။
ဖိုက်တာ ဓာတ်ပုံဆရာပေါ့
ရောဘတ်ကာပါ က
မဟာမိတ် တပ်ဖွဲ့တွေနဲ့အတူ
နော်မန်ဒီကမ်းခြေကို
ပထမဆုံး ချဉ်းကပ်တဲ့
စက်လှေတစ်စင်းနဲ့ လိုက်သွားပြီး
စစ်ပွဲရဲ့
အလယ်ဗဟိုတည့်တည့်မှာ
အသက် ကို ဖက်နဲ့ထုပ်
ဝပ်ရင်း
ဒီ ဓာတ်ပုံတွေ ရိုက်ခဲ့ရတာ တဲ့
မတော်လို့ ကျည်ဆံမှန် ရင်
ပြီးပြီ။
အဲဒီလို ဝပ်နေရင်းနဲ့
သူနဲ့အတူတူ ဘေးမှာ
အကာအကွယ်ယူနေတဲ့ စစ်သားတွေရဲ့ဓာတ်ပုံတွေ
လှိုင်းလုံးတွေကြားကနေ
ကမ်းခြေဆီ ကြိုးစားချီတက်နေတဲ့
စစ်သည်တွေရဲ့ ဓာတ်ပုံတွေ
ရန်သူ့ ကျည်မှန်ပြီး
ကျသွားတဲ့ ဓာတ်ပုံတွေ၊
ဒဏ်ရာရပြီး
အော်ဟစ် နေကြတဲ့ ဓာတ်ပုံတွေ၊
ဟိုဘက်ကို
ပြန်လှန်ပစ်ခတ်နေကြတဲ့ ဓာတ်ပုံတွေ၊
ကျည်လမ်းကြောင်းနဲ့ ဝေးရာကို
ထွက်ပြေးနေကြတဲ့ ဓာတ်ပုံတွေ
ဒီလို ဓာတ်ပုံတွေကို
ရနိုင်သမျှ ကြိုးစားပြီး ရိုက်။
ကင်မရာထဲက
ဖလင်လိပ်ကုန်သွားတော့
ပင်လယ်ထဲက
နောက်ထပ် ဆိုက်ရောက်လာတဲ့
စက်လှေ တွေဆီ
ပြန်ပြေးဆင်း
“ကျွန်တော် ဓာတ်ပုံဆရာပါ။
ဒီကင်မရာထဲက
ဖလင်လိပ်ကိုဓာတ်ပုံ ကူးဖို့အတွက်
အပြန်လှေနဲ့ ပြန်လိုက်ပါရစေ”-ဆိုပြီး
တောင်းပန်ပြီး
ပြန်လိုက်ပေါ့။
သူနဲ့ပါလာတာက
ဓာတ်ပုံ ၁၀၈ ပုံ
ဖလင်လိပ် ၃ လိပ်။
အဲ့အချိန်
ရောဘက်ကာပါ ရဲ့
အဖြစ်ကို မြင်ယောင်ကြည့်
ပင်ပန်းပေမယ့်
အသက်လုနေရပေမယ့်
ဒုတိယကမ္ဘာစစ်ရဲ့
သမိုင်းဝင် တိုက်ပွဲကြီး ကို
မှတ်တမ်းတင်ခွင့် ရလို့
ဂုဏ်ယူနေတဲ့
မျက်နှာဘေးနဲ့ ပေါ့
သူ ကြာကြာ ဂုဏ်ယူလိုက်ရတယ်
မထင်ပါဘူး
လန်ဒန်ရောက်တော့
ဖလင်လိပ်တွေကိုယူ
လိုက်ဖ် မဂ္ဂဇင်းဆီ သွားပြီး
ဓာတ်ပုံကူးခိုင်းလိုက်တယ်။
မဂ္ဂဇင်း ဓာတ်ပုံဌာနရဲ့
ဖလင်ကူးတဲ့ သူက
အတွေ့အကြုံ သိပ်မရှိတဲ့
၁၅ နှစ်အရွယ် ကောင်လေး။
ကိုယ်တိုင်မှ ကူးခွင့်မရှိတော့လည်း
ဒီကလေးကို ပုံအပ်လိုက်ရတာပေါ့။
အဲ့ဒီမှာ ပြဿနာ စတာပဲ။
ဒီကလေးက
နမော်နမက်နဲ့
ဖလင်ကို အခြောက်ခံရင်း
အပူပေးတာများသွားတော့
ဖလင်လိပ်တွေ
အကုန်လုံးနီးပါး
အရည်ပျော် ပျက်စီးသွားရော။
သူ ရိုက်လာတဲ့ ဓာတ်ပုံ ၁ဝ၈ ပုံထဲမှာ
အဖတ်ဆယ် လို့ ရတာဆိုလို့
၁၀ ပုံတည်း ရလိုက်တယ်တဲ့။
ဒီအဖြစ်ကို စဉ်းစားကြည့်
ကိုယ် သက်စွန့်ဆံဖျား
ကြိုးစားထားတဲ့ အလုပ်ရဲ့
၉ဝ ရာခိုင်နှုန်း
ပျက်စီးသွားတဲ့ အဖြစ်
ကမ္ဘာ့သမိုင်းရဲ့
အကြီးကျယ်ဆုံးသော တိုက်ပွဲကြီး
နောက်ကြုံမှ
ပြန်ရိုက်လို့ရတဲ့ အရာလည်း မဟုတ်။
နော်မန်ဒီကမ်းခြေတိုက်ပွဲ
ပြန်လည်ကျင်းပပေးဖို့လည်း မဖြစ်နိုင်။
အသက်နဲ့ရင်းခဲ့သမျှ
အားလုံး သဲထဲရေသွန်ပဲတဲ့။
ခင်ဗျား
ရောဘက်ကာပါ ကို
ကိုယ်ချင်းစာမိတယ်မှလား
သူ ဘယ်လောက် တင်းနေမလဲ ဆိုတာ။
တခါတခါ
ဘဝတွေက
ရောဘက်ကာပါ ရဲ့
ဒီဇာတ်လမ်းလိုပါပဲ
ကိုယ်ကြိုးစားသမျှ
အရာမထင်တာမျိုး
$ရူး တကောင်ကြောင့်
ကိုယ်ကြိုးစားပမ်းစား
လုပ်ထားတာတွေ
ပျက်စီးသွားရတာမျိုးတွေပေါ့
ဘဝ မှာ ဒါတွေ
များစွာ ကြုံရအုံးမှာ ပါပဲ။
တချိုတွေလည်း
ကြုံပြီးကြပြီထင်ပါတယ်
အရင်ကတော့
ဒီလိုကြုံရတဲ့အခါ
စိတ်ဆိုးဒေါသထွက်ပေမယ့်
ရောဘတ်ကာပါ ရဲ့ အဖြစ်ကို
သိပြီးတဲ့နောက်
ဘယ်ကောင်ကိုမှ
မယုံရဲတော့ဖူး။
အရေးကြီးလား
အရေးကြီးရင်
ကိုယ်တိုင် ဝင်ကြုံးတော့တာပါပဲ။
ခင်ဗျားရော
တခုခု အရေးကြီးပြီထင်ရင်
ရောဘက်ကာပါ ကို သတိရပါ။
Sunday, January 26, 2025
Saturday, January 25, 2025
THAI GLASS NOODLE SALAD 🦐🥢🥣
THAI GLASS NOODLE SALAD
- 2 Thai chillies, chopped finely
- 1 tsp chilli flakes
- 1 medium garlic clove, grated
- 2 1/2 tbsp fish sauce
- 1 tbsp grated palm sugar (or brown sugar)
- 3 tbsp freshly squeezed lime juice
- 2 tbsp peanut oil (or any other neutral oil)
Salad
- 150g vermicelli (thin mung bean noodles)
- 150g prawns, peeled and deveined
- 150g minced pork
- 1 small red onion, thinly sliced
- 1 cup cherry tomatoes, halved
- 1 bunch coriander, chopped
- 2 spring onion, chopped
- 1/3 cup roasted peanuts, chopped
Make the dressing by combining all the ingredients in a small bowl. Set aside.
Soak the vermicelli noodles in warm water for 10-15 minutes, or until softened. Drain and rinse them under cold water to stop them from cooking further.
In a pot of boiling water, poach the prawns until they turn pink and are cooked through, then set them aside. In the same pot, poach the minced pork, breaking it into smaller pieces as it cooks. Once the pork is fully cooked, drain any excess water.
In a large mixing bowl, add the softened vermicelli noodles, poached prawns, cooked minced pork, red onion, cherry tomatoes, coriander, spring onion, and roasted peanuts. Pour the dressing over the salad and toss everything together until well combined.
Taste the salad and adjust the seasoning as needed. Top with extra herbs and roasted peanuts before serving.
All reac
Wednesday, January 22, 2025
Sunday, January 19, 2025
ဇီဝနည်းပညာ မှတ်တိုင်များ
ဇီဝနည်းပညာ မှတ်တိုင်များ (၁)
သမိုင်းမတင်မီခေတ်
ဘီစီ ၂၀၀၀ - အချဉ်ဖောက်ခြင်း နည်းစနစ်ထွန်းကားလာပြီး ဘီယာ၊ ပေါင်မုန့်၊ ဝိုင် နဲ့ ဒိန်ခဲတွေ ထုတ်လုပ်လာ
ဘီစီ ၅၀၀ - ပထမဆုံး ပဋိဇီဝဆေး(Antibiotics) _ တရုတ်ပြည်မှာ အရေပြားပြည်တည်နာကုသဖို့ မှိုတက်နေတဲ့ တို့ဖူးကိုအသုံးပြုခဲ့တယ်။
ဇီဝနည်းပညာ မှတ်တိုင်များ (1) သမိုင်းမတင်မီခေတ်
ဇီဝနည်းပညာ မှတ်တိုင်များ (၂)
(၁၉၁၅-၁၉၇၀)
(၁၉၁၅-၁၉၇၀)
ဇီဝနည်းပညာ မှတ်တိုင်များ (၃)
(၁၉၇၀-၁၉၈၀)
(၁၉၇၀-၁၉၈၀)
ဇီဝနည်းပညာ မှတ်တိုင်များ (၄)
၁၉၈၀ ဝန်းကျင်
၁၉၈၀ ဝန်းကျင်
ဇီဝနည်းပညာ မှတ်တိုင်များ (၅)
၁၉၉၀ ဝန်းကျင်
၁၉၉၀ ဝန်းကျင်
ကင်ဆာဆဲလ်တွေကို ပုံမှန်ဆဲလ်တွေအဖြစ် ပြန်ပြောင်းပေးနိုင်တဲ့ ကုသမှုနည်းလမ်းသစ်တစ်ခု တွေ့ရှိခြင်း။
ကင်ဆာဆဲလ်တွေကို ပုံမှန်ဆဲလ်တွေအဖြစ် ပြန်ပြောင်းပေးနိုင်တဲ့ ကုသမှုနည်းလမ်းသစ်တစ်ခု တွေ့ရှိခြင်း။
ကင်ဆာဆိုတာနဲ့ မကြားချင်လောက်အောင် ထိတ်လန့် ထရော်မာ ရကြတဲ့ အတွေ့ကြုံ လူတိုင်းနီးပါးရှိတတ်ကြပါတယ်။ ကင်ဆာဟာ အဲ့လောက်ကို ကြောက်စရာ ကောင်းတာပါ။ Multicellular သက်ရှိတွေဖြစ်တဲ့ လူတွေအတွက်လည်း ဖြစ်လာနိုင်ချေ risk တွေက ရှိနှင့်ပြီးသားပါ။ ဒါကိုမှ အနေအထိုင်၊ အစားအသောက် နဲ့ ပတ်ဝန်းကျင်က ဖေးမလိုက်တဲ့အခါ ဖြစ်နိုင်ချေတွေက ပိုတက်သွားတတ်ပြန်ပါတယ်။ ဖြစ်လာပြီဆိုရင် လူအင်အား၊ ငွေအင်အား အပါအဝင် အားလုံးအတွက် ထိခိုက်လှပါတယ်။ အခုခါမှာတော့ ကိုရီးယားသိပ္ပံပညာရှင်များက အူမကြီး ကင်ဆာဆဲလ်တွေကို သာမန် မူလက ကျန်းမာတဲ့ ဆဲလ် တွေအဖြစ် ပြန်ပြောင်းသွားအောင် လုပ်နိုင်တဲ့ နည်းလမ်းသစ်တခု ဖော်ထုတ်နိုင်ခဲ့တာပါ။
ကိုရီးယားနိုင်ငံ၊ Korea Advanced Institute of Science and Technology (KAIST) က သုတေသီတွေဟာ အူမကြီးကင်ဆာဆဲလ်တွေရဲ့ ဗီဇနက်ဝက်ကို ထိန်းချုပ်ထားတဲ့ "မာစတာထိန်းချုပ်သူ" (Master Regulators)တွေကို ပစ်မှတ်ထားပြီး ကင်ဆာဆဲလ်တွေကို ကျန်းမာတဲ့ဆဲလ်တွေအဖြစ် ပြောင်းလဲ ပေးနိုင်တဲ့ နည်းလမ်းကို တွေ့ရှိခဲ့ကြတာပါ။ သူတို့ သုတေသန စာတမ်းကို ၂၀၂၃ ကတည်းက တင်ထားတာပါ။
သူတို့ဟာ ဆဲလ်တွေကို ဖျက်ဆီးစရာမလိုဘဲ ကင်ဆာဖြစ်နေတဲ့အခြေအနေကို ပြန်လည်ပြောင်းလဲနိုင်ခဲ့ပါတယ်။ ဒီနည်းလမ်းဟာ ပုံမှန် ကင်ဆာကုသမှုတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ရှောင်ရှားနိုင်ပါတယ်။ ပုံမှန်ကုသမှုတွေမှာ ကင်ဆာဆဲလ်တွေနဲ့အတူ ကျန်းမာတဲ့ဆဲလ်တွေပါ ပျက်စီးတတ်တဲ့ သဘာဝရှိတာကိုး။
ဒီလုပ်ငန်းစဉ်မှာ MYB, HDAC2, နဲ့ FOXA2 လို့ခေါ်တဲ့ အဓိကထိန်းချုပ်သူ ဗီဇ တွေကို ဖိနှိပ်ပြီး ကင်ဆာဆဲလ်တွေကို ပုံမှန်အခြေအနေပြန်ရောက်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။
MYB, HDAC2, နဲ့ FOXA2 Gene တွေအကြောင်း
MYB, HDAC2, နဲ့ FOXA2 ဆိုတာ ဆဲလ်တွေရဲ့ လုပ်ဆောင်ချက်တွေကို ထိန်းချုပ်ပေးတဲ့ ဗီဇ (gene) တွေပါ။ ဒီဗီဇတွေဟာ ဆဲလ်တွေရဲ့ ကြီးထွားမှု၊ ကွဲပွားမှု၊ (Growth and Division) နဲ့ လုပ်ငန်းဆောင်တာတွေ (Gene Expressions) ကို ထိန်းချုပ်ပေးပါတယ်။ ကင်ဆာဆဲလ်တွေမှာ ဒီဗီဇတွေဟာ ပုံမှန်မဟုတ်တဲ့အခြေအနေမှာ ရှိနေတတ်ပါတယ်။
1. MYB: ဒီဗီဇဟာ ဆဲလ်တွေရဲ့ ကြီးထွားမှုနဲ့ ကွဲပွားမှု (Growth and Division) ကို ထိန်းချုပ်ပေးပါတယ်။ ကင်ဆာဆဲလ်တွေမှာ MYB gene တွေဟာ အလွန်အမင်း အလုပ်လုပ်နေတတ်ပါတယ်။
2. HDAC2: ဒီဗီဇဟာ ဆဲလ်တွေရဲ့ ဗီဇစက် (gene expression) ကို ထိန်းချုပ်ပေးပါတယ်။ ကင်ဆာဆဲလ်တွေမှာ HDAC2 ဟာ ပုံမှန်မဟုတ်တဲ့ ဗီဇစက် ပုံစံတွေကို ဖြစ်ပေါ်စေပါတယ်။
3. FOXA2: ဒီဗီဇဟာ ဆဲလ်တွေရဲ့ လုပ်ငန်းဆောင်တာတွေကို ထိန်းချုပ်ပေးပါတယ်။ ကင်ဆာဆဲလ်တွေမှာ FOXA2 ဟာ ပုံမှန်အတိုင်း အလုပ်မလုပ်တတ်ပါဘူး။
ဘယ်လို ထိန်းချုပ်ဖိနှိပ်ပြီး ပုံမှန်ဆဲလ် အခြေအနေရောက်အောင် လုပ်ပေးတာလဲ?
သုတေသီတွေဟာ ဒီဗီဇတွေကို ထိန်းချုပ်ဖို့ နည်းလမ်းတွေကို အသုံးပြုပါတယ်။ ဥပမာအားဖြင့်၊ သူတို့ဟာ MYB, HDAC2, နဲ့ FOXA2 ဗီဇတွေကို ဖိနှိပ်ပြီး သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို ပုံမှန်အတိုင်း ပြန်ဖြစ်အောင် လုပ်ဆောင်ပါတယ်။
- ဖိနှိပ်ခြင်း (Suppression) : သုတေသီတွေဟာ ဒီဗီဇတွေကို ဖိနှိပ်ဖို့ ဆေးဝါးတွေ သို့မဟုတ် မော်လီကျူးနည်းလမ်းတွေကို အသုံးပြုပါတယ်။ ဒါဟာ ကင်ဆာဆဲလ်တွေရဲ့ ပုံမှန်မဟုတ်တဲ့ လုပ်ဆောင်ချက်တွေကို ရပ်တန့်စေပါတယ်။
- ပုံမှန်အတိုင်း ပြန်ဖြစ်အောင် လုပ်ဆောင်ခြင်း (Reversion): ဒီဗီဇတွေကို ဖိနှိပ်ပြီးတဲ့နောက်၊ ဆဲလ်တွေဟာ ပုံမှန်အတိုင်း လုပ်ဆောင်ချက်တွေကို ပြန်လည်စတင်ပါတယ်။ ဒါဟာ ကင်ဆာဆဲလ်တွေကို ပုံမှန်ဆဲလ်တွေအဖြစ် ပြန်ပြောင်းပေးနိုင်ပါတယ်။
ဥပမာ: မီးခလုတ်တစ်ခုကို ပိတ်ထားတဲ့အခါ၊ မီးလင်းမှာမဟုတ်ပါဘူး။ ဒီလိုပါပဲ၊ MYB, HDAC2, နဲ့ FOXA2 ဗီဇတွေကို ဖိနှိပ်လိုက်တဲ့အခါ၊ ကင်ဆာဆဲလ်တွေရဲ့ ပုံမှန်မဟုတ်တဲ့ လုပ်ဆောင်ချက်တွေ ရပ်တန့်သွားပါတယ်။
ဒီနည်းလမ်းဟာ ကင်ဆာဆဲလ်တွေကို ဖျက်ဆီးစရာမလိုဘဲ ပုံမှန်ဆဲလ်တွေအဖြစ် ပြန်ပြောင်းပေးနိုင်တဲ့အတွက်၊ ပိုပြီးတိကျတဲ့ နဲ့ ဘေးထွက်ဆိုးကျိုးနည်းတဲ့ ကုသမှုနည်းလမ်းတစ်ခုဖြစ်ပါတယ်။
ဒီတီထွင်မှုကို ဒစ်ဂျစ်တယ်မော်ဒယ်လ်တွေ၊ မော်လီကျူးစမ်းသပ်မှုတွေ၊ နဲ့ ကြွက်တွေမှာ စမ်းသပ်ပြီး အောင်မြင်စွာ သက်သေပြနိုင်ခဲ့ပါတယ်။ ဒါဟာ ကင်ဆာကုသမှုမှာ တခေတ်ပြောင်း တော်လှန်ရေးအဆင့်တစ်ခုလို့ ဆိုနိုင်ပါတယ်။
အူမကြီးကင်ဆာအပြင်၊ ဒီအဖွဲ့ဟာ ကြွက်ဦးနှောက်ဆဲလ်တွေမှာ ထိန်းချုပ်သူတွေကို ဖော်ထုတ်ဖို့ သူတို့ရဲ့မော်ဒယ်ကို အသုံးပြုခဲ့ပါတယ်။ ဒါဟာ ဦးနှောက်မှာဖြစ်တဲ့ ကင်ဆာကို ကိုင်တွယ်ဖြေရှင်းဖို့ ဖြစ်နိုင်ခြေ လမ်းသစ် ပေါ်လာနိုင်ပါတယ်။
ဒီသုတေသနကို ဦးဆောင်ခဲ့တဲ့ ပါမောက္ခ Kwang-Hyun Cho က "ဒီသုတေသနဟာ ကင်ဆာကုသမှုနယ်ပယ်အတွက် အယူအဆ အသစ်တွေကို မိတ်ဆက်ပေးပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
ဒီနည်းလမ်းသာ အောင်မြင်ပြီး ကင်ဆာအမျိုးမျိုးအတွက် ဘေးကင်းစိတ်ချရတဲ့ ကုသရေး နည်းတွေ ပေါ်ပေါက်လာခဲ့ရင် ကင်ဆာဆိုတာ အဲ့လောက်ကြောက်စရာ ရောဂါ မဟုတ်တော့ပါဘူး။ ထုံးစံအတိုင်း။ကျနော်တို့ လူသားတွေ ကင်ဆာကို ကျော်လွှားနိုင်မလား ဆိုတာ ဆက်လက်စောင့်မျှော်ကြည့်ကြရဦးမှာပါ။
Subscribe to:
Comments (Atom)