Tuesday, June 25, 2024

ငါးသလဲထိုးအိုးကပ်ဟင်း

 ါးသလဲထိုးအိုးကပ်ဟင်းလေးနဲ့ ဝိုက်မယ်ကွာ


ချက်နည်းကလည်းမခက်ပါဘူး
ငါးကိုရေဆေး ဆားနနွင်းနယ်ထားပါ
ကြက်သွန်ဖြူနီဂျင်းကြိတ်ထားတာဆီသတ်ပါ
ရေခမ်းရင် နနွင်းငြုပ်သီးအရောင်တင်အနည်းငယ်ထည့်မွှေပါ
ငံပြာရည်နည်းနည်းထည့်ပါ
ခရမ်းချဥ်သီးကြိတ်ထားတာထည့်ပါ
ရေခမ်းရင် ငါးထည့်မွှေပါ
မီးနည်းနည်းနဲ့တည်ထားပါ ရေခမ်းရင်ရေနည်းထည့်ပါ
ငြုပ်သီးပင်စိမ်းလေးထည့်ပြီးမီးနည်းနည်းနဲ့ရေခမ်းတဲ့အထိတည်ပါ

Credit Lay Ma Ma
Credit to: 

တောင်ဇလပ်တို့မြေ ချင်းတောင်တန်း



ဂျပန်ပြည်တွင်း Stocks Investment အခြေခံ အသိပညာနှင့်ပတ်သက်တဲ့ Online class

 ဂျပန်ပြည်တွင်း Stocks Investment အခြေခံ အသိပညာနှင့်ပတ်သက်တဲ့ Online class (Batch-11) 7 လပိုင်းအတန်း၊တနဂ်နွေနေ့ အတန်းဖြစ်ပါတယ်။

(※အတန်းလွတ်သွားတဲ့သူတွေအတွက် အတန်းတိုင်းကို Zoom online ပြီးတဲ့အခါ Video record တင်ပေးပါတယ်၊ကြိုက်တဲ့အချိန်ပြန်လေ့လာလို့ရပါတယ်)
သင်တန်းအပ်မယ်ဆို messenger ကနေဆက်သွယ်ပေးပါ။
………………
ဒီသင်တန်းရဲ့ရည်ရွယ်ချက်က
ဂျပန်ရဲ့ စနစ်သစ်ဖြစ်တဲ့ 新NISA မှာရင်းနှီးမြှုပ်နှံခြင်းဖြင့်
အနာဂတ်မှာ ငွေကြောင့်အပူအပင်ကင်းတဲ့ သူတွေဖြစ်ဖို့ရည်ရွယ်ပါတယ်
➡︎ဒီ Online class ပြီးသွားရင် ကိုယ်တိုင် stockbrokers ကိုရွေးတတ်မယ်၊ကိုယ်တိုင် Account ဖွင့်တတ်မယ်၊ကိုယ်တိုင်ဝယ်တတ်မှာပါ။ဆောင်ရန်၊ရှောင်ရန်ကိုလည်းနားလည်လာမှာပါ။
➡︎အခြေခံဖြစ်တဲ့အတွက် အောက်ပါအချက်တွေ ထည့်သွင်းပေးထားပါတယ်
❶Stocks, Bond, REIT, Commodities,FX ဆိုတာဘာလဲ၊ဘယ်လိုလည်ပတ်လဲ၊ဂျပန်မှာဘာ့ကြောင့် Investments လုပ်ဖို့လိုလဲ၊
❷Invest လုပ်တဲ့အခါ ဘာတွေသိထားရမှာလဲ
❸အခွန်စနစ်တွေက ဘယ်လိုရှိလဲ
❹NISA,TsumitateNISA,新NISA နှင့်ပတ်သက်သမျှ
❺Stockbroker ဘယ်လိုရွေးမလဲ၊ Account ဖွင့်နည်းအသေးစိတ်
❻လစဉ်ဘယ်လောက်မြှုပ်နှံသင့်လဲ၊Risk and return ကိုဘယ်လိုတွက်ရလဲ
❼Stock fund တွေကိုဘယ်လိုရွေးမလဲ၊ prospectus ဘယ်လိုဖတ်မလဲ…စတာတွေပါဝင်မှာပါ
※ 新NISA လက်တွေ့လုပ်နည်းကိုပါထည့်သွင်းရှင်းပြသွားပါမယ်
❽​Broker ထဲမှာရွှေဝယ်စုနည်းနှင့် ဒေါ်လာဝယ်နည်းကိုပါ သင်ခန်းစာအသစ် အနေနှင့်ဖြည့်စွက်ထားပါတယ်။
▪️အတန်းစမည့်ရက်: ၇ လပိုင်း ၂၈ ရက်၊ ၂၀၂၄
▪️ နေ့ရက်: တနဂ်နွေနေ့
▪️ ဂျပန်အချိန်: မနက် ၈:၃၀ နာရီမှ ၁၀:၃၀ နာရီ
(မြန်မာအချိန်: မနက် ၆:၀၀ နာရီမှ ၈:၀၀ )
▪️ သင်တန်းကာလ: ၂ လ( ၈ကြိမ် )
▪️ သင်တန်းကြေး: ၂၂,၀၀၀ ယန်း( ၅၅၀,၀၀၀ ကျပ် )
▪️ FIRE page chat box ကနေ စာရင်းပေးသွင်းလို့ရပါတယ်၊
※လူဦးရေကန့်သတ်ချက်ရှိပါတယ်။
နံပါတ် ❽ ခေါင်းစဉ်က Batch 9 အထိအတန်းတွေတုန်းကမပါဝင်ခဲ့ပါ။နောက်ပိုင်းစိတ်ဝင်စားကြတဲ့သူများတာရယ်
リスク分散(Risk diversification) အနေနှင့်လည်း အကျိုးရှိစေမှာဖြစ်တဲ့အတွက် ထည့်သွင်းထားပါတယ်။
➡︎ဂျပန်ဟာ stocks investment ကိုအရင်ကထက် အားပေးလာနေပါတယ်၊
ယန်းသောင်း ၁၈၀၀ ဖိုးအထိကို အခွန်ကင်းလွတ်ခွင့်ပေးတဲ့ Shin NISA စနစ်က ၂၀၂၄ ခုနှစ်မှာ စတင်ခွင့်ပြုပေးထားတာပါ။ဒီစနစ်ကိုသုံးတတ်ရင် နောင်အနာဂတ်အတွက် ငွေကြောင့်
ပူပန်စရာမလိုတဲ့ အနေအထားကို ရောက်ရှိဖို့အရမ်းနီးစပ်ပါတယ်။ဂျပန်မှာ ဝင်ငွေရှာပြီး ကြာကြာနေမည့်သူတွေအတွက် တကယ်ကိုသိထားသင့်၊လုပ်ထားသင့်တဲ့ စနစ်ဖြစ်ပါတယ်။
မှတ်ချက်။ ကျွန်တော်က အခြေခံပညာကို မျှဝေပေးခြင်း၊သင်ပေးခြင်းသာဖြစ်ပြီး
၊ ဒီfund ဝယ်ပါ၊ ဟိုfund ဝယ်ပါဆိုပြီး တိုက်တွန်းခြင်းလုပ်မည်မဟုတ်ပါ(投資助言は行いません)၊ဂျပန်ဥပဒေနှင့်ညိလို့ပါ။
TIM/KIM
Credit to:

FIRE



ဂျပန်ရဲ့ အချမ်းသာဆုံး Business model

 မိသားစုက သူ့မြေး၊သူ့သားကိုဆရာဝန်ဖြစ်စေချင်ပေမဲ့…ဆေးကျောင်းမအောင်

သူ့အဖိုးက သူ့ရဲ့ဆေးကျောင်းအိမ်မက်
အကောင်အထည်ပေါ်စေဖို့ ကျောင်းလခအရင်းအနှီးအများကြီးစိုက်ထုတ်ပေးပြီး ကြိုးစားခဲ့ပေမဲ့
မအောင်မြင်တဲ့အတွက်
「အရှုံးသမားလို့」အပြောခံခဲ့ရ။
ဒီအတွက် စိတ်ထဲဆုံးဖြတ်ချက်ချခဲ့တာက
「ဆရာဝန်ထက် ပိုပြီးဝင်ငွေကောင်းတဲ့လူဖြစ်ရမယ်」ဆိုတဲ့ဆုံးဖြတ်ချက်ချ။
နောက်ဆုံးမှာစိုက်ပျိုးရေးတက္ကသိုလ်တက်ပြီး၊
ကျောင်းတက်ဆဲမှာပင်
သူ့အဖိုးရဲ့ပံ့ပိုးမှုနှင့် Website ရေး၊ Online business ဖြစ်တဲ့ EC(e.commerce)ကိုလည်းအားစိုက်လုပ်။
ဒီလိုနှင့် Cyber agent ကုမ္ပဏီအောက်ခံကုမ္ပဏီမှာအလုပ်ဝင်လုပ်ပြီး ၂ နှစ်အကြာမှာ ကိုယ်ပိုင်စီးပွါးရေးတည်ထောင်။
တစ်ရက်ကို နာရီ ၂၀ ကျော်အလုပ်လုပ်ပြီး၊ ၂၀၂၂ မှာ သူ့ကုမ္ပဏီကို Tokyo stock exchange ရဲ့ Growth sector ထဲမှာ IPO စဖွင့်။
Business model ကအရမ်းကောင်းတော့ အောင်မြင်။
သူ့နာမည်က #佐上俊作(さがみ しゅんさく)
•မားကတ်တင်းလည်းကျွမ်းကျင်တယ်၊
•အင်ဂျင်နီယာလည်းတဖက်ကမ်းခတ်၊
•ငွေကြေးဆိုင်ရာစာရင်းဇယားလည်းကျွမ်းကျင်၊
•ရင်းနှီးမြှုပ်နှံခြင်းနှင့်ဝန်ထမ်းရေးရာကိုင်တွယ်ခြင်းလည်းကျွမ်းကျင်
ဆိုတော့ ဂျပန်ရဲ့ အချမ်းသာဆုံး အယောက် ၅၀ စာရင်းမှာ ယန်း ၁၇၂.၅ ဘီလျှံနှင့် နံပတ် ၄၁ ချိတ်။ အသက်က ၃၃ နှစ်သာရှိသေး။
………………….
၁.မခံချင်စိတ်ရှိတယ်
၂.ဇွဲလုံ့လရှိတယ်
၃.အဆက်မပြတ်သင်ယူလေ့လာတယ်
၄.နယ်ပယ်တခုတည်းမဟုတ်ဘူး
၅.သူ့အဖိုးကကူညီထောက်ပံ့တယ်
ပြောချင်တာကဒါပါပဲ
ငယ်ရွယ်ခြင်းနှင့်အချိန်က တန်ဖိုးအတိုင်းအဆမဲ့တယ်
……………………
TIM/KIM
Credit to:

FIRE



အခွင့်အရေးဆိုတာ နှစ်ခါ မလာတတ်ဘူး

 ကွန်ပျူတာသမိုင်း နဲ့ ပတ်သက်တဲ့ ဆောင်းပါးတပုဒ်ဖတ်ဖြစ်တယ်။ သင်ခန်းစာ ယူစရာတွေပါသလို တွေးစရာလည်း ပါတယ်။ စိတ်ဝင်စားရင်တော့ ဆက်ဖတ်ကြည့်ပါ။

.
၁၉၈၀ လောက်မှာ IBM ကုမ္ပဏီက အိမ်သုံးကွန်ပျူတာ (PC) ထုတ်ဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီအချိန်မှာ IBM က ရုံးသုံးကွန်ပျူတာ (Mainframe) ထုတ်ပြီး အကြီးအကျယ် အောင်မြင်နေတဲ့အချိန်ပါ။ ဒါပေမဲ့ လူတွေက အိမ်မှာ ကွန်ပျူတာ ဝယ်မသုံးလောက်ဘူး လို့ တွက်ထားခဲ့လို့ အိမ်သုံးကွန်ပျူတာ မထုတ်ခဲ့ဘူး။ အဲဒီမှာ Apple က အိမ်သုံးကွန်ပျူတာတွေ စထုတ်တော့ ရောင်းကောင်းတာကို မြင်တော့ အဲဒီစျေးကွက်ကို IBM ကလည်း ဝင်ဖို့ ဆုံးဖြတ်လိုက်တယ်။
.
PC ထုတ်တာ IBM အတွက် မခက်ခဲပေမဲ့ PC အလုပ်လုပ်ဖို့ OS (Operation System) လိုတယ်။ OS ဆိုတာ ကွန်ပျူတာအတွင်းက စက်ပစ္စည်းတွေ အလုပ်လုပ်ဖို့ ချိတ်ဆက်ပေးတဲ့ ဆော့လ်ဝဲတမျိုးပေါ့။ ကားတစီး မောင်းနှင်နိုင်ဖို့ ဓာတ်ဆီ လိုသလို PC အလုပ်လုပ်ဖို့ OS လိုတယ်။ သူတို့မှာ ရှိပြီးသား ရုံးသုံးကွန်ပျူတာသုံး OS ကိုလည်း PC မှာ ထည့်မသုံးချင်တော့ OS အသစ် တခု ရှာဖို့ လုပ်တယ်။
.
ဒီလိုနဲ့ IBM ဟာ ဘီလ်ဂိတ် (Bill Gates) ကို ချည်းကပ်ပြီး OS လိုချင်တယ်လို့ ပြောတယ်။ ဘီလ်ဂိတ်က အဲဒီအချိန်မှာ မိုက်ခရို့ဆော့ (Microsoft) ထောင်ပြီးခါစ။ အသက်ကလည်း အစိတ်လောက်ပဲ ရှိသေးတယ်။ IBM က အဲလို လာမေးတော့ သူက သူထက် အတွေ့အကြုံများပြီး OS ပိုင်းမှာ ပိုတော်တဲ့ ဂယ်ရီကေဲဒလ် (Gary Kildall) ဆိုတဲ့ သူကို ညွှန်ပေးလိုက်တယ်။ ဂယ်ရီနဲ့ ဘီလ် က အရင်ကတည်းကလည်း ရင်းနှီးတယ် ထင်ပါတယ်။
.
ဘီလ်ဂိတ်က ဂယ်ရီကို ဖုန်းဆက်တယ်။ "ခင်ဗျား ဆီကို အရေးကြီးတဲ့သူတွေ အဲဒီနေ့ အဲဒီအချိန် လာလိမ့်မယ်။ ခင်ဗျားကိုယ်တိုင် အသေအချာ စကားပြောလိုက်ပါ။" တဲ့။ "IBM လာမယ်" လို့ မပြောတာက အဲလိုလျှို့ဝှက်ကိစ္စတွေ မပြောပါဘူး ဆိုတဲ့ စာချုပ် (NDA) ထိုးထားရလို့။ IBM က သူတို့ PC ထုတ်မယ် ဆိုတဲ့ ကိစ္စကို သူ့ပြိုင်ဖက်တွေ မသိစေချင်ဘူး။ ဒီတော့ သူတို့နဲ့ ဆက်သွယ်စကားပြောတဲ့ သူတိုင်းကို ဒီလို စာချုပ်တွေ ချုပ်ခိုင်းတယ်။
.
ဂယ်ရီက ဘီလ်ဂိတ် ပြောတာကို ခပ်ပေါ့ပေါ့ပဲ သဘောထားတယ် ထင်ပါတယ်။ အဲဒီနေ့မှာ အိမ်မှာ မရှိဘူး။ သူ့မိန်းမကိုပဲ ဧည့်သည်လာရင် ကြည့်လုပ်လိုက်ပါ လို့ မှာထားခဲ့တယ်။ IBM က ကိုယ်စားလှယ်တွေ ရောက်လာပြီး သူ့မိန်းမနဲ့ စကားပြောကြတော့ အဆင်မပြေကြဘူး။ သူ့မိန်းမကို ဘယ်သူမှ မပြောပါဘူး ဆိုတဲ့ NDA စာချုပ် လက်မှတ်ထိုးခိုင်းတာ ဟိုက မထိုးပေးဘူး။ ဒီလိုနဲ့ ဆွေးနွေးပွဲ ပျက်ပြီး IBM ကလူတွေ ပြန်သွားတယ်။
.
IBM က ဘီလ်ဂိတ်ကို ဒုတိယအကြိမ် ချည်းကပ်ပြန်တယ်။ ဒီတခါတော့ ဘီလ်ဂိတ်ကို ဂယ်ရီကို အခွင့်အရေး ထပ်မပေးတော့ဘူး။ ဘီလ်ဂိတ်က သူမှာ OS မရှိပေမဲ့ ရအောင်လုပ်ပေးမယ်လို့ IBMကို ကတိပေးလိုက်တယ်။ ပြီးတော့ တခြားသူတယောက် ရေးပြီးသား OS တခုကို ဒေါ်လာ ၇သောင်းခွဲနဲ့ အပြီးဝယ်လိုက်တယ်။ ဖြစ်ချင်တော့ အဲဒီ ဘီလ်ဂိတ် ဝယ်လိုက်တဲ့ OS ကလည်း ဂယ်ရီ ရေးထားတဲ့ OS တခုကနေ ဆင့်ပွား ရေးထားတာ။ (အဲဒီအချိန်တုန်းက ကွန်ပျူဆာဆော့လ်ဝဲ မူပိုင်ခွင့်တွေက အဲလောက် မတင်းကြပ်သေးတော့ အဲလိုပဲ ဆင့်ပွားတာတွေ ရှိတယ်။)
.
ဘီလ်ဂိတ်အနေနဲ့ကလည်း သူဝယ်လိုက်တာ ဂယ်ရီဆင့်ပွား OS ဆိုတာ သိတော့ သိမှာပါ။ ဒါပေမဲ့ သူ့ဘာသာ နည်းနည်းပါးပါး ပြုပြင်ပြီး IBM ကို လိုင်စင်ကြေးယူပြီး သုံးခွင့်ရောင်းလိုက်တယ်။ အမှန်တော့ သူက ပုတ်ပြတ် အပြီး ရောင်းချင်တာ။ IBM ကလည်း PC ဆိုတာ အဲလောက် ရောင်းရမယ် မထင်တော့ ပုတ်ပြတ် မဝယ်ဘူး။ PC တလုံးဝယ်တိုင်း လိုင်စင်ကြေး ပေးမယ် ဆိုတဲ့ စနစ်နဲ့ လုပ်လိုက်တယ်။ ဒီအချက်က ဘီလ်ဂိတ်ကို ဘီလီယံနာ ဖြစ်သွားစေတဲ့ အချက်ပါ။ သူသာ ပုတ်ပြတ်ရောင်းခဲ့ရင် သူလိုချင်တဲ့ ဒေါ်လာတသန်းလောက်ပဲ ရခဲ့မှာ။
.
ဇာတ်လမ်းက ဒီမှာ အဆုံးမသတ်သေးဘူး။ ဂယ်ရီက IBM PC တွေမှာသုံးနေတဲ့ ဘီလ်ဂိတ်ရဲ့ OS (MS-DOS) ဟာ သူ့ဆီက ဆင့်ပွားထားတာ ဆိုတာကို သိတော့ IBM ကို တရားစွဲဖို့ ကြိုးစားတယ်။ ဒီမှာ မရှင်းတာ တခုကလည်း ဘီလ်ဂိတ်ကို တရားမစွဲဘဲ IBM ကို ဘာလို့ စွဲတာလဲ ဆိုတာပါ။ ဖြစ်နိုင်တာကတော့ IBM က အဲဒီအချိန်မှာ အလွန် ချမ်းသာတဲ့ ကုမ္ပဏီဆိုတော့ သူအမှုနိုင်ရင် ငွေအများကြီး ရနိုင်မယ်လို့ တွက်ထားလို့ ထင်ပါတယ်။
.
IBM ကလည်း ဂယ်ရီကို အချိုသတ်လိုက်တယ်။ "ငါတို့ PC တွေရောင်းရင် လူတွေကို ရွေးချယ်ခွင့်ပေးမယ်။ မင်း OS ယူမလား၊ ဘီလ်ဂိတ် OS ယူမလား။ သူတို့ ကြိုက်တာ ရွေးပါစေ" ဆိုတော့ ဂယ်ရီကလည်း သဘောတူလိုက်တယ်။ ဒါပေမဲ့ ဂယ်ရီ OS ကစျေးအများကြီး ပိုကြီးနေတယ်။ MS-DOS က ဒေါ်လာ ၄၀၊ ဂယ်ရီ OS က ဒေါ်လာ ၂၄၀။ ဒီတော့ လူတွေက သုံးရတာ ပုံစံတူနီးပါး ဖြစ်ပြီး စျေးပေါတဲ့ OS ကိုပဲ ရွေးကြတယ်။
.
နောက်ဆုံးတော့ ဂယ်ရီ OS ကို သုံးမယ့်သူ မရှိသလောက် ဖြစ်သွားပြီး ကုမ္ပဏီပျက်သွားတယ်။ အဲဒီနောက်ပိုင်းမှာ ဂယ်ရီကို ကွန်ပျူတာ လောက မှာ သိပ်မတွေ့ရတော့ဘူး။ မိန်းမနဲ့လည်း ကွဲသွားတယ်။ အရက်လည်း စွဲသွားတယ်။ ၁၉၉၄မှာတော့ သူဆုံးသွားတယ်။ သူမဆုံးခင်မှာ သူ့ဘဝအကြောင်း စာအုပ်တအုပ်ရေးခဲ့ပေမဲ့ စာအုပ် ဖြစ်မလာခဲ့ဘူး။ အဲဒီစာအုပ်မူကြမ်း မှာတော့ သူဟာ အဲဒီနေ့မှာ IBM နဲ့ တွေ့ခဲ့ပါတယ်၊ NDA လက်မှတ်ပဲ မထိုးခဲ့ဘူး လို့ တော့ ရေးထားတယ်။ ဒါပေမဲ့ IBM ဘက်ကတော့ အဲဒီနေ့မှာ သူမရှိခဲ့ဘူး လို့ ပြန်ငြင်းတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် IBM နဲ့ သူ အလုပ်မဖြစ်ခဲ့ပါဘူး။
.
အကယ်လို့များ သူသာ IBM နဲ့ စကားပြော အဆင်ပြေခဲ့ရင် သူဟာ ဘီလ်ဂိတ်လို ဘီလီယံနာ ဖြစ်လာမလားလို့ တချို့ကတော့ တွေးကြတယ်။ ဒါပေမဲ့ ဂယ်ရီဟာ ဘီလ်ဂိတ်လို စီးပွားရေး မလုပ်တတ်တာတော့ သေချာတယ်။ ဘီလ်ဂိတ်အနေနဲ့ IBM ကြောင့် သူ့ကုမ္ပဏီ ထောင်တက်သွားပေမဲ့ ဒီကိစ္စတခုတည်းကြောင့်တော့ မဟုတ်ဘူး။ သူ့ကို အရင်ဆုံး ချည်းကပ်ပေမဲ့ ဂယ်ရီကို အရင်ဆုံး လမ်းညွှန်ခဲ့တာလည်း ပညာရှင် ပီသတယ်လို့ ပြောနိုင်တယ်။ ကိုယ်ထက်တော်တဲ့သူကို အရင်ညွှန်လိုက်တယ်။ ဒုတိယအကြိမ်တော့ အခွင့်အရေး မပေးတော့ဘူးပေါ့။
.
စိတ်ဝင်စားစရာ ဇာတ်လမ်းတပုဒ်ကို ပြန်ရေးပြတာပါ။ ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ် ဆိုတာထက် အခွင့်အရေးဆိုတာ နှစ်ခါ မလာတတ်ဘူး လို့ပဲ မြင်တယ်။ ကွန်ပျူတာ လောကမှာတော့ ဂယ်ရီဟာ အတော်ကို အကျိုးပြုခဲ့တဲ့ ပညာရှင်တယောက်ပါ။ ဒါပေမဲ့ ဇာတ်သိမ်းတော့ မကောင်းခဲ့ဘူး။ ဘီလ်ဂိတ်ကတော့ ကံကောင်းသလို လုပ်ရဲတယ်။ ဂယ်ရီ ဆင့်ပွား OS ကို သူ သိသိနဲ့ ယူရောင်းခဲ့တာလည်း ကျင့်ဝတ်နဲ့ မညီဘူး လို့တော့ ပြောစရာ ရှိတယ်။ IBM အနေနဲ့ကလည်း ဂယ်ရီအပေါ် မကျေနပ်လို့ OS နှစ်ခုကို စျေးအများကြီး ခွာရောင်းပေးခဲ့တာလည်း ဖြစ်နိုင်တယ်။ ကွန်ပျူတာ သမိုင်းဝင် ဇာတ်လမ်းတပုဒ်ကို ဖတ်ပြီး ကြိုက်သလိုသာ တွေးကြပါ။
________________________
AKMoe 2024/06/25
Credit to: Aung Moe


တော်လှန်ပိုက်ဆံ

 ■ တော်လှန်ပိုက်ဆံ

အမေရိကန်၏ စူပါပါဝါဖြစ်မှုဟာ စစ်ရေးအင်အားနှင့်ဒစ်ပလိုမေစီ သပ်သပ်ကြောင့်မဟုတ်ပဲ အမေရိကန်ဒေါ်လာ ( US Dollar ) ရဲ့အခန်းကဏ္ဍကလည်း အခရာတခုဖြစ်တယ် ။
နိုင်ငံတကာဗဟိုဘဏ်တွေရဲ့ အရံငွေကြေး ( Foreign Exchange Reserces ) ထက်ဝက်ကျော်ခန့်ဟာ အမေရိကန်ဒေါ်လာဖြင့် ကိုင်ထားတာဖြစ်ပြီး စွမ်းအင်နှင့်ရေနံအပါအဝင် အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးရဲ့ ငွေပေးခြေမှုတွေမှာလည်း အမေရိကန်ဒေါ်လာကို အသုံးပြုကြတယ် ။ သည်အရေးပါတဲ့ အမေရိကန်ဒေါ်လာကို အမေရိကန်ဗဟိုဘဏ်ကထိန်းချုပ်ထားတာမို့ အခြားနိုင်ငံတွေကို လွှမ်းမိုးနိုင်တယ် ၊ သြဇာရှိတယ် ၊ စီးပွားရေးပိတ်ဆို့တဲ့ ဆန်ရှင်လုပ်လို့ရတယ် ။ စျေးကွက်ထဲ လည်ပတ်နေတဲ့ " ငွေကြေးတခုကို ထိမ်းချုပ်ထားနိုင်ခြင်းရဲ့ တန်ခိုးအစွမ်း " ကိုတွေ့နိုင်တယ် ။
▪︎ ဤမျှအရေးပါတဲ့ ငွေကြေးတွေကို ဘာနဲ့အာမခံထားသနည်း ။ မည်သည့်အရာ ( Assets or Physical Commodities ) နှင့်မျှ ထောက်ခံ/ အာမခံထားခြင်း ( ဥပမာ - ရွှေပေါင်ထားခြင်း ) မရှိပါ ။ တချိန်က ရွှေပေါင်ထားခဲ့သည့် စနစ်ရှိခဲ့သော်လည်း ပထမကမ္ဘာစစ်ကြီးအပြီး ထိုစနစ်ပျက်သွားခဲ့တယ် ။ လက်ရှိမှာ နိုင်ငံတနိုင်ငံ၏ အစိုးရတရပ်က ထုတ်ဝေသည့်ငွေကြေး ဟူသည့် တချက်တည်းဖြင့် ယုံကြည်စိတ်ချစွာ အသုံးပြုကြခြင်းဖြစ်တယ် ။ သည်ငွေကြေးတွေ အားလုံးကို Fiat Money ဟု ခေါ်ပါတယ် ။ အမေရိကန်ဒေါ်လာ ၊ မြန်မာကျပ် စတဲ့ ငွေကြေးအားလုံးဟာ Fiat Money တွေပါ ။ အစိုးရ ဗဟိုဘဏ်တွေဟာ ငွေကြေး ( Fiat Money ) ကို မည်မျှရိုက်ထုတ်မလဲကို ဆုံးဖြတ်နိုင်တယ် ။ များများရိုက်ထုတ်လျှင် ငွေတန်ဖိုးကျဆင်းတယ် ။ ဒါကိုထိန်းညှိဖို့ အတိုးနှုန်းအတင်အချ ၊ နိုင်ငံခြားအရံငွေတွေ ထုတ်ရောင်းတာမျိုး အစရှိတဲ့ နည်းတွေရှိသေးတယ် ။
တိုတိုပြောရလျှင် " နိုင်ငံသားတွေလက်ဝယ်က ငွေကြေးတန်ဖိုး ၊ စီးပွားရေးလုပ်ငန်းတွေကို ကံကြမ္မာကို ဗဟိုဘဏ်က ဆုံးဖြတ်နိုင်တယ် " ။ ပြည်သူတွေ ကိုင်ထားတဲ့ ငွေကြေးတွေဟာ " ယုံကြည်မှု / Faith " တခုတည်းနဲ့ ကိုင်ထားရတာလည်း ဖြစ်တယ် ။
▪︎ CBDC ဆိုကတော့ အစိုးရဗဟိုဘဏ်က ဖန်တီးတဲ့ ဒစ်ဂျစ်တယ်ငွေကြေး ( Central bank digital currency ) ဖြစ်ပြီး Stablecoin တွေလိုပဲ Fiat Money ငွေကြေးတန်ဖိုး ဒဲ့ချိတ်ဆက်ထားတယ် ။ ဒါပေမယ့် အစိုးရဗဟိုဘဏ်က တိုက်ရိုက်ထုတ်တာဖြစ်လို့ Fiat Money နဲ့ အသွင်တူတယ် ။ ငွေကြေးမည်မျှ ဖန်တီးမလဲကို ဗဟိုဘဏ်က ဆုံးဖြတ်နိုင်တယ် ။
တော်လှန်ပိုက်ဆံဖြစ်တဲ့ NUGPay ရဲ့ DMMK ဟာ အဆိုပါ CBDC သဘောဆောင်တယ် ။ ။ DMMK ယူနစ်တခုဟာ ငွေတကျပ်ဖြစ်တယ် ။ ဝါဇီက ငွေဘယ်လောက်ရိုက်ထုတ်မလဲကို စကစဗဟိုဘဏ်က ထိမ်းချုပ်ထားပေမယ့် DMMK ကို NUG ဗဟိုဘဏ်ကကိုင်တွယ်ထားတယ် ။ တန်ဖိုးချိတ်ဆက်ထားခြင်းဖြင့် အားနည်းချက်က မြန်မာကျပ်ငွေ တန်ဖိုးကျလျှင် DMMK ပါ တန်ဖိုးလိုက်ကျမယ် ၊ ဒါပေမယ့် ချိတ်ဆက်ခြင်းရဲ့ခိုင်မာမှု နှင့် NUGPay ရဲ့ DMMK စနစ်ကို သုံးစွဲမှုများလာတာနှင့် အမျှ မြန်မာကျပ်ငွေရဲ့တန်ဖိုးကို လွှမ်းမိုးနိုင်စွမ်းဟာ NUGPay ကို ထိမ်းချုပ်ထားတဲ့ NUG အစိုးရလက်ထဲကို တစိတ်တပိုင်းရောက်လာမှာ ဖြစ်တယ် ။
သည်အဆင့်ကို ရောက်ဖို့လိုအပ်သည်က NUGPay စနစ်အတွင်း လည်ပတ်နေသည့် ငွေကြေးပမာဏ များပြားလာဖို့နှင့် လက်တွေ့မြေပြင်မှာ အသုံးပြုမှု ပိုမိုလာဖို့လိုတယ် ။ Kpay , AyaPay တွေ အစား NUGPay ဟာပိုမိုတွင်ကျယ်လာပြီး လွတ်မြောက်နယ်မြေ ၊ တော်လှန်ရေးတပ်ဖွဲ့ နှင့် တိုင်းရင်းသားထိမ်းချုပ်နယ်မြေတွေရဲ့ စတန်းဒက် ဒစ်ဂျစ်တယ်ငွေကြေးဟာ NUGPay ( DMMK ) ဖြစ်လာလျှင် အကျိုးများမယ် ။
■ လက်ငင်းမျက်မြင် အကျိုးအမြတ်အနေနဲ့
၁ . စကစဗဟိုဘဏ်ရဲ့ လုပ်နိုင်စွမ်းကို တန်ပြန်ထားနိုင်တယ် ။ ပြည်တွင်းမှာလည်ပတ်နေတဲ့ ငွေကြေးစနစ်ကို လွှမ်းမိုးနိုင်ခြင်းဟာ အဂ္ဂမဟာဗျူဟာမြောက် အားသာချက်ဖြစ်တယ် ။
၂ . COC ပိုမို ခိုင်မာလိမ့်မယ် ။ တပ်ရင်းတပ်ဖွဲ့တွေရဲ့ လည်ပတ်နေတဲ့ ငွေကြေးတစိတ်တပိုင်းကို ထိမ်းချုပ်ထားနိုင်ခြင်းဟာ စစ်ရေးမှာ အရေးအကြီးဆုံးဖြစ်တဲ့ Chain of Command တည်ဆောက်ရေးကို အထောက်အကူ ပြုလိမ့်မယ် ။
၃ . စကစရဲ့ ထိမ်းချုပ်စောင့်ကြည်မှုမခံရပဲ လွတ်လပ်စွာ ငွေကြေးစီးဆင်းလို့ရတယ် ။ NUGPay အကောင့်ချင်း တိုက်ရိုက်လွှဲတဲ့ Transaction ဟာ စကစရဲ့ဗဟိုဘဏ် ၊ ခရိုနီဘဏ်တွေရဲ့ ထိန်းချုပ်မှုကလွတ်တယ် ။
၄ . NUGPay Account တွေအတွက် ဖြည့်တင်းတဲ့ ငွေကြေးတွေဟာ နိုင်ငံခြားငွေကြေးတွေကနေ ပမာဏအများအပြား Exchange လုပ်လာတာမို့ သည်ပမာဏ ဟာ တော်လှန်ရေးအတွက် တိုက်ရိုက်အထောက်အကူဖြစ်တယ် ။ Account ပိုင်ရှင်ဟာ DMMK ကို လက်ခံရှိသလို တော်လှန်ရေးအတွက်လည်း ထောက်ပို့ပြီးသားဖြစ်နေတယ် ။ Exchange လုပ်လိုက်ရတဲ့ Cash ကော ၊ ရရှိတဲ့ DMMK ပါ တလရအတွက်ဖြစ်မှာမို့ ၂ သီးစားဖြစ်တယ် ။
ဒါဟာ ထင်ရှားတဲ့ အားသာချက်တချို့သာဖြစ်သေးပြီး သီအိုရီအရ သည့်ထက်အများကြီးလုပ်လို့ရတဲ့ အကွက်တွေရှိသေးတယ် ။
▪︎ NUGPay နှင့် SDB အကောင့်တွေ အသုံးပြုသူပိုမိုများဖို့ NUG ဘက်က လုပ်ဆောင်နိုင်တာက MOD အောက်က တပ်ရင်း တပ်ဖွဲ့များ ၊ အုပ်ချုပ်ရေးအဖွဲ့ ရုံးအဖွဲ့တွေ ၊ ပူးပေါင်းဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ အနေနဲ့ NUGPay နဲ့ SDB Account များကို မရှိမဖြစ် ဖွင့်လှစ်စေရန် " စံ " လုပ်ထားစေချင်တယ် ။ ကိုယ်ပိုင်နံပါတ်ရှိပြီးသား တပ်သားတဦးချင်းဆီမှာလည်း NUGPay အကောင့်တခုဆီရှိနေလျှင် နောက်တဆင့် လုပ်နိုင်တာတွေရှိသေးတယ် ။
NUGPay နှင့် မြေပြင်မှာ လက်တွေ့ ရောင်းဝယ်ဖောက်ကား နေဖို့ပရိုမိုးရှင်းလိုတယ် ။ ဥပမာအားဖြင့် မိမိထိမ်းချုပ်နယ်မြေက စားသောက်ဆိုင် ၊ ကုန်ဆိုင်တွေမှာ NUGPay QR ကုဒ်ကို ပရင့်ထုတ် ကပ်ထားပြီး NUGPay နဲ့ ငွေပေးချေနိုင်တယ် ဆိုတာမျိုးက ဖြစ်လာသင့်တယ် ။
အရပ်သားတွေ အနေနဲ့ကတော့ စကစရဲ့ ကျပ်ငွေအပေါ်ချုပ်ကိုင်ထားနိုင်မှုကို လျော့ချပြီး မိမိတို့၏အစိုးရလို့ ယုံကြည်တဲ့ အဖွဲ့အစည်းထံ ဗဟိုဘဏ်တခုရဲ့ လုပ်နိုင်စွမ်းကို ရရှိစေဖို့ NUGPay အသုံးပြုပေးခြင်းဖြင့် ကူညီနိုင်တယ် ။ အမေရိကန်ဒေါ်လာကို ထိမ်းချုပ်နိုင်စွမ်းနှင့် စူပါပါဝါ ဖြစ်စေနိုင်သလို NUGPay ရဲ့ လုပ်နိုင်စွမ်းဟာ လယ်ဗယ်မြင့်လွန်းတယ် ။
" ငါတို့ ငွေကြေးစနစ် ငါတို့ပိုင်တယ် "
မိမိတို့ရဲ့ တော်လှန်ရေးငွေကြေးစနစ်ပေါ် " Faith / ယုံကြည်မှု " ရှိတယ်လို့ ယုံကြည်မိတယ် ။
NUGPay Application ကို iOS စနစ်သုံးဖုန်းများအတွက် ရယူရန် : https://apps.apple.com/de/app/nugpay/id1635551833?l=en-GB
NUGPay Application ကို Android စနစ်သုံးဖုန်းများအတွက် ရယူရန် : https://play.google.com/store/apps/details...
■ နောက်ဆက်တွဲ
Fiat Money နှင့်အပြိုင် အသုံးပြုလာကြတဲ့ Crypo-Currencies တွေကြတော့ ဗဟိုဘဏ်တွေရဲ့ ထိမ်းချုပ်မှုကနေ လွတ်ကင်းတယ် ။ ဒါပေမယ့် Crypto ငွေကြေးပမာဏတွေကို အနှိုင်းအဆမရှိ လွယ်လွယ်နဲ့ ဖန်တီးရင် ငွေကြေး တန်ဖိုးမဲ့သွားနိုင်တာမို့
" Proof of Work သို့မဟုတ် Proof of Stake " ကိုအခြေခံပြီး Crypto ငွေကြေးတခုချင်းဆီပေါ် သုံးစွဲသူတွေရဲ့ ယုံကြည်မှုရှိအောင် လုပ်ထားရတယ် ။
Crypto ငွေကြေးတွေထဲမှာ Fiat Money တွေရဲ့တန်ဖိုးနဲ့ ချိတ်ဆက်ထားတာဟာ Stablecoin တွေဖြစ်တယ် ။ Stablecoin တွေကို ဗဟိုဘဏ်က ထုတ်ပေးတာမဟုတ်ပေမယ့် ဥပမာအားဖြင့် USDT တခုဟာ အမေရိကန်ဒေါ်လာတခုနဲ့ ညီတယ် ။ Stabecoin တွေကို လိုသလောက် ဖန်တီးပြန်လျှင် ယုံကြည်မှုပျက်မှာမို့ တန်ဖိုးနဲ့ညီမျှတဲ့ Assets တွေနဲ့ Backing လုပ်ထားရတယ် ။
" တန်ဖိုးတူချင်းဟု ချိတ်ထားပေမယ့် အစိုးရဗဟိုဘဏ်ထုတ် ငွေကြေးဟာ Assets အပေါင်ထားစရာမလိုဘူး ၊ Stablecoin ကလုပ်ဖို့ လိုအပ်တယ် "
CBDC တွေကတော့ အစိုးရကိုယ်တိုင်က ဖန်တီးတာဖြစ်လို့ Stablecoin လိုလိုက်လုပ်စရာမလိုပဲ Fiat Money နှင့် သဘောတရားတူတယ် ။
NUGPay နှင့် Spring Development Bank ( SDB ) ၂ခုက သဘောတရားမတူဘူး ။ NUGPay ဟာ ဒစ်ဂျစ်တယ်ငွေကြေးတခုရဲ့ Wallet ဖြစ်ပြီး SDB က ဘဏ်ဖြစ်တယ် ။ ဘဏ်ဖြစ်တာမို့ ဘဏ်တခုရဲ့ လုပ်ထုံးလုပ်နည်း စည်းကမ်းတွေကို လိုက်နာရတယ် ။ အားသာချက်ကိုယ်စီရှိပြီး ၂ မျိုးလုံးလိုအပ်တယ် ။ NUGPay စနစ်မှာ ကိုယ့်လက်ကိုယ့်ခြေနဲ့ အပြည့်အဝပိုမိုထိမ်းချုပ်နိုင်တယ် ။
Augustus Linn

ကိုယ်ပိုင်စီးပွားရေးလုပ်နည်းရှင်းပြချက်

ကိုယ်ပိုင်စီးပွားရေးလုပ်နည်းရှင်းပြချက် 

အတူအောင်မြင်ဖို့ မခေါ်ရက်ဘူး

 အလုပ်အတူ လုပ်ဖို့ အတူအောင်မြင်ဖို့ မခေါ်ရက်ဘူး . . .

သူငယ်ချင်း ငါ့ကို တွဲခေါ်ပါအုံး မင်းလိုမျိုး လုပ်ချင်တယ် ဆိုတော့ သူငယ်ချင်း ငါမခေါ်ရက်ပါဘူးကွာ . . . ဆိုတော့ ဘာလို့လဲဟ တဲ့ . . .
မနက် မိုးလင်းက မိုးချုပ် အလုပ် အလုပ်ဆိုတာပဲ လုပ်နေရတာလေ . . . ဒီနေ့အတွက် ပြီးသွားတော့ မနက်ဖြန်အတွက်ဆိုပြီး ချရပြန်ရော . . . ဟောဒါနဲ့ မပြီးသေး နောက်လအတွက် နောက်နှစ်အတွက်တွေ ကြိုတင်ပြင်ဆင်ရပြန်ရော . . .
ဒါတင်ပဲလားဆိုတော့ မဟုတ်သေးဘူး အပြိုင်တိုးတက်နေတဲ့ ခေတ်ကြီးမှာ ငါသိထားခဲ့တဲ့ အသိတွေက အနုတ်ဘက်ပြလာတယ် ပြောချင်တာက ရှေ့ဆက်ရမည့် လုပ်ငန်းတွေက ငါသိထားခဲ့တဲ့ အသိပညာနဲ့တင်မရတော့ဘူး . . . ဒီတော့ ညပိုင်းအားချိန်လေးတွေမှာဆိုလည်း ဟော လေ့လာနေရပြန်ရော . . .
အဲ့ဒါတွေကလည်း တစ်ရက်ထဲမဟုတ်ဘူးနော် နေ့စဉ်ပဲ သူငယ်ချင်း . . . ငယ်ငယ်က ကျောင်းမသွားချင်ရင် ခွင့်တိုင်လို့ရခဲ့ပေမယ့် အခုက ဘဝကျောင်းတော်ကြီးဖြစ်လို့ ခွင့်မရဘူးလေ . . . တစ်ခါတစ်လေ ညညတွေမှာ မိုးလင်းတဲ့အခါလင်းပေါ့ကွာ . . . ညနက်မှ အိပ်ချင်လည်း အိပ်ရနဲ့ . . . အလုပ်တိုးတက်ပြီး အလုပ်များလာတာနဲ့အညီ စိတ်ပူပင်မှုတွေက အိပ်မပျော်စေခဲ့ဘူးလေ . . .
မိသားစုနဲ့လား တစ်ခါတစ်လေ ဘယ်သွားမယ် ညာသွားမယ်ဆိုပြီး အပန်းဖြေသွားဖို့ အစီအစဉ်တွေ ချထားခဲ့ပေမယ့်လည်း အလုပ်က လိုအပ်လာရင် အစီအစဉ်တွေဖျက်ပြီး အလုပ်ပဲ ဆက်လုပ်ရတာလေ . . .
ငါပြောခဲ့ဘူးသားပဲ . . . အရာရာမှာ လိုအပ်ချက်တွေများနေခဲ့တဲ့ ငါတို့အတွက် အချိန်ဆိုတာ ရွှေတွေပဲလေ . . .
အပန်းဖြေမှုလား အရာရာမှာ ကိုယ်ကပဲ ဦးဆောင်ဦးရွက်ပြုနေရတဲ့ ဘဝမှာ Bar ပဲသွားထိုင်ထိုင် Night out ပဲ ထွက်ထွက် အပျော် Party တွေပဲ သွားသွား ဦးနှောက်မှာ ပြနေတာက တစ်ခုထဲပဲ အလုပ်တွေမပြီးပြတ်သေးဘူးနော် . . .
ဆိုတဲ့ အရာကပဲ နေရာယူထားခဲ့တယ်လေ . . . ဘယ်လိုဖျော်ဖြေမှုမျိုးက တကယ်ရင်ဆိုင်နေရတဲ့ ပြဿနာကို ဖြေရှင်းနိုငိမှာမို့လို့လဲ . . . တကယ်တော့ ငါတို့အတွက် တကယ့်ပျော်ရွှင်မှု အစစ်က အလုပ်ပြီးမြောက်ခြင်းပဲ သူငယ်ချင်း . . . အမြဲလိုလို စိတ်ညစ်တိုင်း အရက်
သောက်တက်တဲ့ Night Out တွေ ထွက်တက်တဲ့ မင်းအတွက် ငါအားနာမိလို့ပါ . . .
ဒါတွေပြောမိမှ သတိရမိတယ် လုပ်ငန်းရှင် သူဌေးကြီးတစ်ယောက်ပဲ အလုပ်ချိန် အလုပ်တွေလုပ် ညအချိန်ဆို ဘားတွေသွား ကလပ်တွေတက်နဲ့ သူ့ဘဝကြီးကို အားကျမိခဲ့တယ် . . .
လူဆိုတာ အဲ့လိုမျိုးမှဆိုပြီးတော့ပေါ့ကွာ . . . ဒါပေမယ့် အထင်နဲ့ အမြင်လွဲခဲ့တယ် . . . လုပ်ငန်းတွေအဆင်ပြေနေချိန်မှာ ငွေတွေ နေ့စဉ်ဝင်နေချိန်မှာ ဘာလုပ်လုပ်ပျော်စရာကောင်းနေခဲ့ပေမယ့် ဟော မကြာဘူး အလုပ်မှာ ပြဿနာတွေတက် အလုပ်တွေက ပျက်နဲ့ ဖြစ်လာတော့ အရမ်းပျော်တက်တဲ့ သူတောင် ဘားတွေ ကလပ်တွေ မသွားဖြစ်တော့ဘူးတဲ့လေ . . . ဘာလို့လဲ လို့မေးကြည့်တော့ အလုပ်တွေအဆင်မပြေပါဘူးဗျာတဲ့ . . . ဘယ်လိုပျော်မလဲ ဘာသောက်သောက် စိတ်ပဲ ညစ်နေရတယ်ဗျာတဲ့လေ . . .
ဒါကလည်း မင်းပြောပြောနေတဲ့ စိတ်ကို အလွတ်ပျော်ကြည့်စမ်းပါ သူငယ်ချင်းရာလ်ု့ ပြောပြောနေလို့ ငါပြောပြတာပါ . . . အလုပ်တစ်ခုကို ဦးဆောင်နေရတဲ့ သူတွေအတွက်က သူ့အတွက်တစ်ခုထဲစဉ်းစားနေရတာ မဟုတ်ပဲ အဖွဲ့အစည်းတစ်ခုလုံးကြီးကို ခေါင်းထဲထည့်စဉ်းစားပြီးအလုပ်တွေလုပ်ရတာ သူငယ်ချင်း . . .
ခေါင်းဆောင်တစ်ယောက်အတွက် ပြဿနာ လှိုင်းလုံးကြီးတွေကို တစ်လုံးပြီး တစ်လုံး ကျော်နိုင်ဖို့ပဲ ကြိုတင်ပြင်ဆင်မှုတွေနဲ့ 24/7 အရန်သင့်အနေအထားနဲ့ နေနေရတာလေ . . . မကျော်နိုင်လို့ မြုပ်သွားခဲ့ရင် ဘယ်သူမှ လာကယ်မှာ မဟုတ်ဘူးလေ . . . လူတိုင်းက ကိုယ့်ရဲ့ ပြဿနာတွေကိုယ် ဖြေရှင်းနေကြရတာနဲ့တင် မအားကြဘူးလေ . . .
လုပ်ငန်းတစ်ခုကို ဦးဆောင်နိုင်ဖို့ အောင်မြင်စွာ ပန်းတိုင်တွေကို ရောက်ရှိဖို့က ခေါင်းဆောင်တစ်ယောက်ရဲ့တာဝန်တွေပဲလေ . . . မင်းမြင်နေတဲ့ ငါ့ကိုပဲ အားမကျနဲ့ သူငယ်ချင်း . . .
အဲ့လောက်အထိ ခက်ခဲစေလို့ အလုပ်အတူ လုပ်ဖို့ တွဲမခေါ်ရက်ပါဘူး . . . မင်းလုပ်လက်စ အလုပ်ကိုပဲ ဆက်လုပ်ပါကွာ . . .
အဲ့အခက်အခဲတွေကို ကျော်ဖြတ်နိုင်ရမယ်ဆိုတဲ့ တုံးတိုက်တိုက် ကျားကိုက်ကိုက် ဆိုတဲ့ ရဲရင့်ပြတ်သားတဲ့ စိတ်ရှိတဲ့ တစ်နေ့မှ ငါ့ဆီလာခဲ့ပါ . . .
လေးစားစွာဖြင့် . . .
Han Thu Lwin ( လူငယ်နှင့် စီးပွါးရေး အကြံပေး )
Credit to:

Han Thu Lwin

Friday, June 21, 2024

ChatGPT ကိုဆရာကျကျ အသုံးပြုခြင်း

2023 ကနေစပြီးတော့
Programming Language အသစ်က
English စာဖြစ်သွားပါပြီ
ChatGPT သုံးစွဲနေသူပေါင်း
100 million ကျော်သွားပါပြီ
ဒါပေမယ့်တော်တော် များများက
Google Search မှာရှာသလိုပဲသုံးတုန်းပဲဗျ
Google Search မှာရှာတာကို
Keywords လို့ခေါ်ပါတယ်
ChatGPT မှာမေးတာကိုတော့
Prompt လို့ခေါ်ပါတယ်
ဒီနှစ်မျိုးကတော်တော်ကိုကွာပါတယ်
နောက်ပိုင်းမှာ Prompt Architecture ဆိုတဲ့
Title နဲ့အလုပ်လုပ်သူတွေ ရောင်းကောင်းမယ့်
ခေတ်လို့တောင်ဆိုနိုင်တယ်ဗျ
ဒီ post မှာတော့ ChatGPT ကိုဘယ်လိုဆရာကျကျ အသုံးပြုလို့ရမယ်ဆိုတာကို ပုံတစ်ပုံစီရဲ့ အောက်မှာရေးပေးထားပါမယ်ခင်ဗျာ
ဒါကပထမ ပိုင်းအမြည်းပါဗျ
နောက်အခါများမှာလဲ တင်ပေးပါဦးမည်
အပိုင်း၂ ⬇️⬇️⬇️
မြန်မာပြည်သူ ပြည်သားများ
နောက်ကောက်မကျစေရန်
စေတနာများစွာဖြင့်
thelapyaethelapyae