Thursday, March 27, 2025

အရမ်းကြိုက်တဲ့ ဝက်သားနီချက်

 

Finance Kenji Explains

 Finance နဲ့ပတ်သက်ပြီး သင်ချင်ပေမယ့် နားမလည်ဘူးဆိုတဲ့သူတွေ လက်ညှိုးထောင်

☝️
Excel သုံးတာဖြစ်ဖြစ်. Financial related Spreadsheet တွေဖြစ်ဖြစ်. Data နဲ့ပတ်သက်တာဖြစ်ဖြစ် YouTube က သင်ယူချင်ရင် ထပ်တွေ့ထားတာက Kenji Explains.
Finance တို့ formula တို့ နဲ့ပတ်သက်ပြီး ညံ့တဲ့ကိုယ့်လိုလူ အတွက်တော့ အရမ်းအဆင်ပြေတယိ.
ကျန်တာကတော့ practice ပဲ.
ကြည့်ရုံပဲမဟုတ်ပဲ လိုက်လုပ်ကြည့်ဖို့လည်း လိုမယ်နော်.

IELTS Result Band Score တက်ချင်လျှင်လုပ်ဆောင်သင့်သည့်နည်းလမ်းများ

 ကိုယ့်ရဲ့ Band Score တက်လာဖို့ အများစုအချိန်ပေးရတက်ပါတယ်

-ကိုယ်က 7.5 လောက်လိုချင်တယ် လက်ရှိမှာ Advanced English Level ရှိတယ်ဆိုရင် 1 or 2 months အတွင်းရနိုင်ပါတယ်
-ကိုယ်က 7.5 လောက်လိုချင်တယ် လက်ရှိမှာ Upper Intermediate English Level ရှိတယ်ဆိုရင် 2 or 3 months လောက်အတွင်းရနိုင်ပါတယ်
-ကိုယ်က 7.5 လောက်လိုချင်တယ် လက်ရှိမှာ Intermediate English Level ရှိတယ်ဆိုရင် 4 or 5 months လောက်အတွင်းရနိုင်ပါတယ်
-ကိုယ်က 7.5 လောက်လိုချင်တယ် လက်ရှိမှာ Pre Intermediate English Level ရှိတယ်ဆိုရင် 6 or 7 months လောက်အတွင်းရနိုင်ပါတယ်
-ကိုယ်က 7.5 လောက်လိုချင်တယ်လက်ရှိမှာ Basic English Level ရှိတယ်ဆိုရင် 8 or 9 months လောက်အတွင်းရနိုင်ပါတယ်
-ဆရာ့စီမှာ Pre Intermediate Level ကနေ စလေ့လာပြီး 7.5 လောက်ထိရသွားဖူးသူတွေရှိပါတယ်
-ဒါမယ့် Pre Intermediate Level ကနေ 8 ထိရသွားဖူးတဲ့သူတော့မရှိဘူးသေးပါဘူး
-IELTS လေ့လာတဲ့ကြာချိန်ဟာ ကိုယ့်လက်ရှိ English Level နဲ့ကိုယ်လိုချင်တဲ့ Band Score ကွာခြားချက်မှာမူတည်ပါတယ်
-ကွာခြားချက်များလေ အချိန်ပိုပေးရလေ ကွာခြားချက်နည်းလေ တချိန်ပေးရတာနည်းလေပါ
-အဲ့တော့ အချိန်ကုန်သွားတိုင်းကော ကိုယ့် Band Score တက်လာမှာလားဆို မတက်လာပါဘူး
-တလပြီးတလအချိန်တွေသာကုန်သွားတယ် ကိုယ့် Band Score တက်လာလားမတက်လာဘူးလား မသိပဲ IELTS Journey မှာ တဝဲလည်လည်ဖြစ်နေတဲ့သူတွေမြန်မာပြည်မယ်အများကြီးပါပဲ
-ဒါမယ့်ဒါမဖြစ်သင့်တဲ့ကိစ္စပါ ဘာလို့ဆို ကိုယ့်လက်ရှိ English Level ဘယ် Level ရောက်နေနေ ကိုယ် Band Score ဘယ်လောက်ပဲလိုချင်နေနေ IELTS ဆိုတာ ဖြေရှင်းလို့ရတဲ့အရာတခုပါ
-ကိုယ့် Band Score တက်လာဖို့က ဒီ ၃ ချက်မှန်ဖို့လိုပါတယ်
(1) Right Step
-ကိုယ်လေ့လာလိုက်တဲ့ Course မှန်ရတယ်
-ကိုယ်က Upper Intermediate နဲ့ Advanced Level ရှိတယ်ဆိုရင် Upper Intermediate နဲ့ Advanced Level သမားတွေအတွက် ထုတ်ထားတဲ့ IELTS Course Book နဲ့လေ့လာရပါတယ်
-ကိုယ်င Pre Intermediate or Intermediate Level ဆိုရင် Pre Intermediate or Intermediate Level သမားတွေအတွက်ထုတ်ထားတဲ့ IELTS Course Book နဲ့လေ့လာရပါတယ်
-English Level မတူရင် ကိုယ်လေ့လာရတဲ့ IELTS Course Book ကအစမတူတော့ပါဘူး
-ကိုယ့် Level နဲ့ကိုက်တာလေ့လာတော့မှသာ ကိုယ့်အတွက် လွယ်လဲမလွယ်နေတော့ဘူး ခက်လဲမခက်နေတော့ပဲ ကိုယ့် Band Score တက်လာမှာပါ
-ဘာနဲ့တူလဲဆို ကိုယ် General English လေ့လာတုန်းက ကိုယ်က Pre Intermediate Level ရှိနေတာကို Upper Intermediate Course Book နဲ့သွားလေ့လာတဲ့အခါ စာမလိုက်နိုင်သလိုပါပဲ
-IELTS Course Book တွေဟာ English Level အလိုက်ခွဲထားတဲ့ Course Book တွေရှိပြီး အဲ့ English Level အလိုက်ခွဲထားတဲ့ Official IELTS Course Book တွေနဲ့လေ့လာသွားမယ်ဆိုရင် IELTS လေ့လာနေရင်းနဲ့ကိုယ့် English Level ပါတက်လာစေမယ့် သင်ခန်းစာလေးတွေပါပြီးသားပါ
-အဲ့ဒါကြောင့် IELTS လေ့လာတဲ့အခါ Official IELTS Preparation Material တွေဖြစ်ဖို့အလွန်အရေးပြီးပါတယ်
-အဲ့ဒါစာအုပ်အဖုံးမှာ တံဆိပ်ပါပါတယ် ´Official´ or ´Cambridge´ ဆိုတာပါတယ်
(2) Right Tactic
-ကိုယ်လေ့လာတဲ့နည်းလမ်းမှန်ကန်ရပါတယ်
-ဘာကတော့ သင်ကြားတဲ့သူနဲ့အများကြီးသက်ဆိုင်သွားတာပါ
-IELTS သင်တဲ့နေရာမှာကျွမ်းကျင်မှုရှိမရှိဆိုတာကို ဘာနဲ့တိုင်းရလဲဆိုတော့ English Level နိမ့်နေတဲ့သူတွေကိုကော Band Score ကောင်းအောင် ဆွဲခေါ်ပေးနိုင်လားဆိုတာနဲ့တိုင်းရပါတယ်
-လေ့လာတဲ့နည်းလမ်းမှန်မှကိုယ့် Band Score တက်လာတာပါ မမှန်ဘူးဆို အချိန်တွေပဲကုန်သွားပြီးမတက်လာတော့ပါဘူး
-တော်ပြီးသားသူတွေပဲရွေးသင်နေတယ်ဆိုရင် Band Score ကောင်းတာထွက်ပါတယ်
-ဒါပေမယ့် စာသင်တ​တ်တဲ့ skill set အတွေ့အကြုံဟာ တော်ပြီးသားသူပဲသင်နေသမျှ စာမသင်တတ်လာပါဘူး
-တနည်းအားဖြင့် တော်ပြီးသားသူပဲရွေးသင်နေတဲ့ ဆရာဆရာမဟာ သူဟာလဲ စာသင်တတ်လာမှာမဟုတ်ပါဘူး
-ညံ့တဲ့ကျောင်းသားကို တော်လာအောင်သင်တတ်တော့မှသာ ကျောင်းသားတွေဖြစ်တတ်ကြုံရတတ်တဲ့ issue လေးကို နားလည်လာမှာဖြစ်ပြီး ညံ့တဲ့ကျောင်းသား ဖြစ်တတ်တဲ့ပြဿနာကို ဖြေရှင်းရင်းနဲ့မှ စာသင်တတ်လာတာပါ
-ဆရာဆရာမဆိုတာလဲ နေ့စဥ်နဲ့အမျှကျောင်းသားအကြောင်းနားလည်အောင်ကျောင်းသားစီကနေပြန်သင်ယူနေရတာပါပဲ
(3) Daily Exposure
-ကိုယ်လေ့လာလိုက်တဲ့ Step လဲမှန်သွားပြီ ကိုယ်လုပ်လာနေတဲ့ Exam Tactic လဲမှန်သွားပြီဆိုတော့မှသာ Exam မြန်မြန်ဖြေချင်တယ်ဆိုရင် နေ့တိုင်းအချိန်ပေးပါ
-နေ့တိုင်း IELTS နဲ့ပတ်သတ်တာတွေအတွက်အချိန်မပေးခင်မှာ အထက်ဖော်ပြပါ ၂ ခု မှန်မှရပါမယ်
-ကိုယ်လေ့လာ့လိုက်တဲ့ Step လဲမမှန်ဘူး Exam Tactic လဲမမှန်ပဲ အချိန်သွားပေးနေမယ်ဆို အချိန်ကြာလေ လမ်းလွဲလေ လိုချင်တဲ့ပန်းတိုင်ရောက်ဖို့နဲ့ ပိုပိုဝေးဝေးလာလေပဲဖြစ်လာမှာပါ
-Daily Exposure နေ့တိုင်းအချိန်ပေးတယ်ဆိုတာ မနက်မိုးလင်းကနေမိုးချုပ်စာကြည့်စားပွဲမှာထိုင်ပြီး စာလုပ်နေရတာမျိုးမဟုတ်ပါဘူး
-အဲ့လို မနက်မိုးလင်းကမိုးချုပ်စာလုပ်နေလို့လဲ ကိုယ့် Band Score တက်လာမှာမဟုတ်ပါဘူး
-IELTS နဲ့ဆက်စပ်နေပြီး ကိုယ်နဲ့အဆင်ပြေမယ့် ကိုယ့် English Level နဲ့ကိုက်မယ့် ´Lifestyle´ တခုဖန်တီးရတာပါ
-IELTS ဆိုတာ Habit Building Process ပါ Exam ဖြေနိုင်ဖို့အတွက်ကောင်းမွန်တဲ့ အလေ့အကျင့် ပိစိကွေးသေးသေးလေးတွေ ခဏခဏလုပ်ရင်းတည်ဆောက်ရတာပါ
-ဘာတွေလဲဆိုတော့ ဆရာ recommend ပေးတာကတော့အောက်ဖော်ပြပါတွေဖြစ်ပြီး List ထဲရေးထားတာအကုန်လုပ်ရမယ်မဟုတ်ပါဘူး
-ကိုယ်နဲ့အဆင်ပြေတာလုပ်ပါ အဆင်မပြေတာမလုပ်ပါနဲ့
-IELTS လေ့လာတဲ့ခရီးမှာ ကျောင်းသားတိုင်းတူတာဆိုလို့ IELTS Past Paper တွေလေ့ကျင့်ရတာပဲရှိတာပါ
-IELTS Past Paper တွေလေ့ကျင့်ရတာကလွဲရင် ကျောင်းသားတိုင်းတယောက်နဲ့ တယောက် လေ့လာရတာမတူပါဘူး ဘာလို့ဆို တယောက်နဲ့တယောက်ကျောင်းသားတွေဟာအကြိုက်မတူလို့ပါ
-Vocabulary ပုံမှန်ကျက်
-BBC news ပုံမှန်နားထောင်
-British TV series လေးတွေပုံမှန်ကြည့်
-Cambridge IELTS Past Paper လေးတွေဖြေ
-Speaking Partner တယောက်ရှာပြီးစကားပြော
-IELTS Advantage ဝင်ကြည့်
-Reader Digest Magazine ပုံမှန်ဖတ်
-Writing Samples လေးတွေပုံမှန်ဖတ်
-IELTS Ryan မှာ IELTS Speaking ကျင့်
-Documentary ပုံမှန်ကြည့်
-Writing Task 2 အကြမ်းချရေး
-Speaking Part 2 and Part 3 အကြမ်းချရေး
-Ted Talk နားထောင် Commencement Speech နားထောင်
-ကိုယ့် English Level နဲ့သင့်တော်တာပဲလုပ် မသင့်တော်တာမလုပ်နဲ့
-Past Paper တွေဖြေကြည့်လို့ Reading and Listening မေးခွန်း ၄၀ မှာ ၂၀ အောက်ပဲရတယ်ဆို Foundation ကစလေ့လာ ​Past Paper တွေဖြေတာကိုရပ် receptive skill လုပ်
-Past Paper တွေဖြေကြည့်လို့ ၂၀ ကျော်တယ်ဆို ဆက်ဖြေ
-Mock Test ဝင်ဖြေ
-Networking လုပ် ကိုယ့်ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာ ဘယ်သူ IELTS ဖြေဖူးလဲလိုက်မေး IELTS Group တွေမြန်မာပြည်က Group ကောနိုင်ငံခြားက Group တွေလိုက် Join
-ကိုယ်သဘောကျတာလုပ် သဘောမကျတာမလုပ်နဲ့
-IELTS Past Paper တွေလူတိုင်းလေ့ကျင့်ရတာကလွဲရင်ကျန်တာတွေကတော့ တယောက်နဲ့တယောက်ကွဲသွားတယ်
-ဒီ ၃ ချက်ကို ဘယ်လောက်မှန်အောင်လုပ်နိုင်သလဲဆိုတာက ကိုယ် IELTS Exam ဖြေရတာဘယ်လောက်ကြာမလဲဆိုတာကိုဆုံးဖြတ်ပေးသွားတာပါ
-ဒီ ၃ ချက်ကို မှန်အောင်လုပ်နိုင်လေ Exam မြန်မြန်ဖြေလို့ရလေ ဒီ အချက်လွဲလေ အချိန်ပိုကြာလေပါပဲ
-ကိုယ့် Band Score တက်မတက်ကလဲ IELTS Past Paper နဲ့ပဲတိုင်းလို့ရပါတယ် တခြားဘာနဲ့မှတိုင်းလို့မရပါဘူး
-အဲ့တော့ IELTS လေ့လာတာဘယ်လောက်ကြာလဲဆိုတာဟာ ဒီ ၃ ချက်ကို ဘယ်လောက်မှန်အောင်ကိုယ်လုပ်နိုင်သလဲဆိုတာမှာမူတည်ပါတယ်
-ပုံသေတော့မရှိပါဘူး
-ဒါမယ့်မြန်ပြည်ကကျောင်းသားတွေပြဿနာက စာမလုပ်တာမဟုတ်ပဲနဲ့ IELTS Misinformation ခေါ်တဲ့ မဟုတ်မမှန်တာတွေကိုသွားယုံနေမိတာပါ
-ဒါကြောင့်မို့ ကိုယ့်သူငယ်ချင်းထဲမှာ ဘယ်သူ IELTS ဖြေဖူးလဲဆိုတာမေးဖို့အရေးကြီးပါတယ်
Purple Words မှ IELTS Result ထွက်သူများကိုကြည့်ရန်
IELTS နဲ့ပတ်သတ်ပြီး E books များ free download လုပ်ချင်တယ်ဆိုရင် ဆရာတို့ Purple Words Telegram channel မှာရှိပါတယ်
-IELTS နဲ့ပတ်သတ်တဲ့ Resources တွေအကုန်လုံးကို Level နဲ့ခွဲပြီး တနေရာထဲလေ့လာလို့ရအောင် စုပေးထားတယ် ´Resources for IELTS by Sayar Thwin Oo Nyi´ ဆိုတဲ့စာအုပ် Telegram channel မှာရှိပါတယ်
-ဆရာ့ရဲ့ Youtube channel link
စေတနာဖြင့်
သွင်ဦးညီ
Purple Words IELTS

anaerobic respiration

 ကျွန်တော်တို့က အသက်ရှူခြင်းလို့ ပြောလိုက်ရင် လေထဲက အောက်ဆီဂျင်ကို ရှူကြောင်း အလိုအလျောက် နားလည်ကြပါတယ်။ ဘာလို့လဲဆိုတော့ကျွန်တော်တို့ ပန်းမန်တိရစ္ဆာန်တွေက အောက်ဆီဂျင်ကို ရှူတဲ့ သက်ရှိတွေ ဖြစ်လို့ပါ။ တိတိကျကျ ပြောရရင် အောက်ဆီဂျင်ဟာ ကျွန်တော်တို့ရဲ့ အာဟာရ မော်လီကျူးတွေထဲက စွမ်းအင် ထုတ်ယူတဲ့ ဖြစ်စဉ်မှာ မရှိမဖြစ် ပါဝင်ရပါတယ်။ ဒါပေမယ့် ဘက်တီးရီးယား နဲ့ အာခေးယား များစွာဟာ အာဟာရကို မှီဝဲဖို့ အောက်ဆီဂျင်ကို မသုံးကြဘူး။ တခြား ဓာတ်ပစ္စည်းတွေကို သုံးပါတယ်။

ဥပမာ မီသန်နိုဂျင် (methanogen) ဆိုတဲ့ အဏုဇီဝဟာ နွားတွေ အီးပေါက်ရင် ထွက်တဲ့ မီသိန်းကို ထုတ်ပေးတယ်။ သူက ဘက်တီးရီးယား မဟုတ်၊ အာခေးယား ဖြစ်ပါတယ်။ သူဆိုရင် ကျွန်တော်တို့ မလိုတော့လို့ စွန့်လိုက်တဲ့ CO2 ကိုတောင် "လေ" အဖြစ် အမြတ်တနိုး ရှူနိုင်ကြပါတယ်။ တခြား အဏုဇီဝတွေကတော့ နိုက်ထရိတ် (NO₃⁻) နဲ့ ဆာလဖိတ် (SO₃²⁻) လို ဓာတ်ပစ္စည်းတွေကို ကျွန်တော်တို့ အောက်ဆီဂျင်ကို ရှူသလို ထူးထူးဆန်းဆန်း ရှူနိုင်ကြပါတယ်။ အောက်ဆီဂျင်မဲ့ အသက်ရှူခြင်း (anaerobic respiration) လို့ခေါ်တဲ့ ဒီဖြစ်စဉ်ကို ကျွန်တော်က အခန်း (၉)မှာ တွင်းထွက်ရှူခြင်းလို့ တင်စားလိုက်ပါတယ်။
ဒီတော့၊ အဏုဇီဝတွေဟာ ရှေ့ပို့စ်မှာ တွေ့ခဲ့တဲ့အတိုင်း၊ အာဟာရကို အော်ဂန်းနစ် ဒြပ်ပေါင်းတွေကနေသာမက တွင်းထွက် ဓာတ်ပစ္စည်း အမျိုးမျိုးကို မှီဝဲနိုင်သလို၊ ဒီအာဟာရကနေ စွမ်းအင် ပြန်ထုတ်ရာမှာလည်း အောက်ဆီဂျင် မဟုတ်တဲ့ တခြား တွင်းထွက် အမျိုးမျိုးကိုလည်း အခုလို သုံးစွဲနိုင်ပြန်တာကို တွေ့ရပါတယ်။
ဒါကြောင့်လည်း၊ ဘက်တီးရီးယားလို ရှေးဦး အဏုဇီဝတွေရဲ့ တကယ့် အလှတရားဟာ တုတ်ချောင်း (bacillus)၊ စက်လုံး (coccus)၊ စသဖြင့် လက်ချိုးရေလို့ရတဲ့ အပြင်ပန်းရုပ်ရည် မဟုတ်ဘဲ၊ ကိုယ့်ဘေးက ဓာတ်ပစ္စည်းတွေနဲ့ လိုက်လျောညီထွေ အသက်ရှင်နိုင်ခြင်းဖြစ်တယ်လို့ ပြောရတာပါ။ အဏုဇီဝတွေကို အဲဒီ့ရှုထောင့်နဲ့ ကြည့်မယ်ဆိုရင်၊ ဘာ ပန်းမန်တိရစ္ဆာန်မှ မရှိသေးတဲ့ အာခီယန် ကမ္ဘာပေါ်က အဏုဇီဝမြေဆီလွှာလေးတွေတောင်မှပဲ အသက်ဝင်လှတဲ့ ရှုခင်းကား တစ်ချပ် ဖြစ်လာမှာပါ။
အဏုဇီဝတွေရဲ့ အောက်ဆီဂျင်မဲ့ အသက်ရှူခြင်း အကြောင်းကို အခန်း (၉) ရဲ့ တွင်းထွက်ရှူခြင်း ခေါင်းစဉ်အောက်မှာ ဖတ်ရှုနိုင်ပါတယ်။
-----
အခန်း (၉) - ‘ဆဲလ်ဝတ်ဆံမတိုင်ခင်’ (Before the Nucleus)
ဘတ်တီးရီးယားနှင့် အာခေးယား – အာခီယန် မဟာကပ်
ကောက်နုတ်စာပိုဒ်
----- ကျွန်ုပ်တို့၏ ဆဲလ်အသက်ရှူနည်းကို ပို၍ တိတိကျကျပြောရလျှင် လေရှူခြင်း (aerobic respiration) ဟုခေါ်ပါသည်။ သို့သော် အာခီယန် လေထုနှင့် သမုဒ္ဒရာ၌ အောက်ဆီဂျင်မှ မရှိသည်ပင်။ အဏုဇီဝလေးများက အောက်ဆီဂျင် မရှိဘဲ မည်သို့ရှင်သန်ပါသနည်း။ အမှန်တကယ် ဆိုလျှင် ETS ၏ သုံးပြီးသား အီလက်ထရွန်ကို အောက်ဆီဂျင်တစ်မျိုးတည်းက ကောက်ယူ ပေးနိုင်သည်တော့ မဟုတ်ပါ။ အောက်ဆီဂျင်သည် အီလက်ထရွန်ကို ခုံမင်သည်က မှန်သည်။ သို့သော် အီလက်ထရွန်ကို အောက်ဆီဂျင်လောက် မခုံမင်စေကာမူ ETS လည်ပတ် နိုင်ရုံလောက်တော့ ခုံမင်သည့် တွင်းထွက် ဓာတ်များ ရှိပါသည်။ အောက်ဆီဂျင်မဲ့ကမ္ဘာ၌ အဏုဇီဝတို့သည် ထိုဓာတ်ပစ္စည်းများကို အောက်ဆီဂျင် ကိုယ်စား သုံးခဲ့ပါမည်။ ဤသို့ “ကမ္ဘာဦး” ဆဲလ်အသက်ရှူနည်းကိုမူ တွင်းထွက်ရှူခြင်း (anaerobic respiration) ဟုခေါ်ပါသည်။ -----

🔥🌶️ပဲကြီးဆူးပုတ်ဟင်း / ခရမ်းချဉ်သီးပန်ထွေဖျော်…🔥🌶️

ဘဲသားဟင်း

ဘဲဥချဥ်ဟင်း ချက်နည်း

 ဘဲဥချဉ်ဟင်းကို အရသာရှိရှိ ချက်နည်း 

🥰

ဘဲဥချဥ်ဟင်း ချက်နည်း
ဘဲဥကိုရေမြုတ်အောင်ထည့်ဆားလေးထမင်းစားဇွန်းတဝက်လောက်ထည့်ပြီးကျက်အောင်ပြုတ်ပြီးအအေးခံပြီးအပ်ချည်ကြိုးလေးနဲ့နှစ်ခြမ်းခွဲထားပါ
မန်ကျည်းရည်လေးအနည်းငယ်ဖျော်ထားပါ.
ကြက်သွန်နီလေးလုံးလောက်နဲ့ကြက်သွန်ဖြူတလုံးလောက်ကိုရောထောင်းအရောင်တင်မုန့်တဇွန်းနဲ့ငပိစိမ်းစားလက်တဆစ်လောက်ထည့်ထောင်းထားပါ
ဒယ်အိုးထဲဆီထည့်ဆီပူရင်နနွင်းလေးထည့်ပါ
ပြီးရင်ထောင်းထားတာထည့်ဆီသတ်ပါ
ဆီသတ်နံလေးမွေးလာရင်ရေထည့်ပါ
ပြီးရင်မန်ကျည်းရည်အသင့်အတင့်လေးဖျော်ထည့်ပါ
ပြီးရင်အရသာအတွက်လိုအပ်တဲ့ဆားကြက်သားမုန့်ထည့်ပါရှင်
ပြီးမှခြမ်းထားတဲ့ဘဲဥလေးတွေထည့်ရေလိုသေးရင်ထပ်ထည့်ဆူအောင်တည်အရသာလေးမြည်းမဆလာလေးခပ်ပြီးရပါပြီရှင်

ကြက်အချင်းတိုင်ချက်နည်း

 ကြက်အချင်းတိုင်ချက်နည်း

==============
ကြက်အချင်းတိုင်လတ်လတ်ဆတ်ဆတ်လေးတွေ ကုန်အသစ်ဝင်တာနဲ့ အချင်းတိုင်ဆီပြန်ဟင်းလေးချက်စားဖြစ်ပါတယ်၊ မဆလာအနံ့မွှေးမွှေးလေးနဲ့ စားကောင်းနေရောနော်
ပါဝင်ပစ္စည်းများ
ကြက်အချင်းတိုင် ..၅၀သား
ကြက်သွန်နီ..၅လုံး
ကြက်သွန်ဖြူ.. အမွှာကြီး ၄မွှာ
ငရုပ်ပု...၂ကျပ်သား..အစေ့ထုတ်ပြီးသား
မြေပဲဆီ..၁၀သား
ဆား ....ထမင်းစားဇွန်းဝက်
နနွင်းမှုန့်.. သင့်ရုံ
မဆလာ...လက်ဖက်ဇွန်း ၂ဇွန်း
ပြုလုပ်ပုံ အဆင့်ဆင့်
ပထမဦးစွာ ကြက်အချင်းတိုင် ကို ဆေးကြောသန့်စင်ပြီး၊ဆား ၊နနွင်း ၊ဟင်းခတ် ၊အရသာမှူန့်တို့ဖြင့်နယ်ထားပါ။
ငရုပ်ပုကိုရေစိမ်ပြီး ကြက်သွန်ဖြူ နီ ချင်း တို့နှင့်ညှက်နေအောင်ရောထောင်းထားပါ။
ချက်မည့်အိုးထဲ ဆီထည့်ကာ အပူပေးပြီး မဆလာ+ငရုပ်အနှစ်များထည့်ပါ။
မွှေးနေအောင်ဆီသတ်ပြီး ကြက်အချင်းတိုင် ထည့်ပါ။သမအောင်ကြော်ပြီး ရေသန့်အမြုပ်ထည့်ကာ အဖုံးအုပ်ပြီးဆီရေခမ်း ဆီပြန်သည်ထိထားပါ။
ဆီပြန်လာပါက မီးပိတ်သုံးဆောင်နိုင်ပါပြီ။
Crd မူရ၊ င်းဝေမျှပေးသူအားလေးစားစွာဖြင့်