Friday, July 4, 2025

Trending na chicken biryani _Kasolid Vlogs

Chicken Fried Rice_ Cooking Recipes IDEAS

Pork _ Cookrate - Español

Chicken Coke Adobo_Ateng Kusinera

Bulalo _ Ateng Kusinera

Lentil Soup _ Recipe By Rina

Beef biryani _Foodie Girl Sara

Chicken recipe idea Kasolid Vlogs

pet sitting job @ Trustedhousesitter

 နိုင်ငံတကာ ခရီးတွေပတ်သွားပြီး Luxury ဆန်တဲ့ အိမ်တွေမှာ အလကားနေနိုင်ဖို့ နည်းလမ်း (Tried and tested by me, and works like magic)

ဒီ လို လုပ်ဖို့ သင့်ဘက်က ဘာလို အပ်လဲ ဆိုတော့
၁) တိရိစ္ဆာန်လေးတွေကို ချစ်တက်ရမယ်။
၂) တိရိစာန်မွေးဖူးတဲ့ အတွေ့အကြုံ (သို့) pet sitting experience ရှိရမယ်။
၃) မိမိ သွားချင်တဲ့ အိမ်ရှိတဲ့နိုင်ငံကို ကိုယ့်စရိတ်နဲ့ ကိုသွားနိုင်ရမယ်။ visa လိုတဲ့ နိုင်ငံဆို ကိုယ့်ဘာကို visa လျှောက်ရမယ်။
ဟို ကအိမ်မှာ အခမဲ့ တည်းခိုခွင့်ရှိတယ်။ ဘာအလုပ်မှ လုပ်ပေးစရာမလိုဘူး။ အိမ်ရှင်တွေခရီးသွားတုံးသူတို့ မှာရှိတဲ့ တိလေးတွေ ကို နေ့စဉ်မှန်မှန်အစာကျွေးပေးရုံပဲ။ (တိလေးတွေက ခွေးနဲ့ ကြောင်ပဲ များပါတယ်။ တချို့ အိမ်တွေ မှာ မြွေလဲမွေးတယ်။ ဒါကတော့ မိမိ အဆင်ပြေတဲ့ အိမ်ကို ရွေးလို့ ရပါတယ်။) အစာ ဆိုတာလဲ မြန်မာ နိုင်ငံလို ကိုယ်တိုင် ချက်ရတာတခုမှမရှိဘူး အကုန် package တွေ နဲ့ provide လုပ်ပြီးသား။
အခုဆို မဆုက June to September (၂ လကျော်လောက်) ထိုင်းနိုင်ငံက ကိုမတ်ဆိုတဲ့ ကျွန်းသေးလေးက beach house မှာ နေပြီး ခွေးလေးနှစ်ကောင်ကို လာကြည့်ပေးတာ။ အိမ်ကနေထွက်ထွက်ချင်းမှာ ပင်လယ်ကြီး ကို တန်းမြင်ရတာနဲ့တင် နတ်ပြည်ရောက်သလိုခံစားရတယ်။ ဒီအိမ်မှာနေပြီး online project တွေ လုပ် ပြီး အေးဆေး chill ချင်တဲ့ ဆန္ဒလေးတော့ ပိုက်ဆံ တပြားမှ မကုန်ပဲ ပြည့်သွားပြီလေ။ နို၀င်ဘာလကျရင် ချင်းမိုင် နားက ပိုင် (Pai) ဆိုတဲ့ မြို့ လေးမှာ ရှိတဲ့ jungle house လေးမှာ ၂ လသွားနေဖို့ လက်ခံလိုက်ပြီ။ တောအုပ်လေး နဲ့ ရေတံခွန်လေး နားဆောက်ထားတဲ့ အိမ်လေးမှာ။ မဆုကတော့ ဘန်ကောက်မှာ ၃ နှစ်အီစိမ့်အောင်နေပြီးပြီဆိုတော့ eco-getaway vibe လေးတွေ ပဲ လိုက်လျှောက်ဖြစ်တယ်။
မဆုလို location -independent ဖြစ်တဲ့ Digital nomad တွေ အတွက် ဒီ နည်းလေးက တော်တော် မိုက်တယ်။ အထူးသဖြင့် လူငယ်တွေ လုံးဝ try သင့်တဲ့ concept လေး။
မဆုကတိရိစ္ဆာန်လဲ ချစ်တက်ပြီး ကိုယ်တိုင် မမွေးနိုင်ပင်မဲ့ သူများတိရိစာန်တွေနဲ့ အတူ နေခွင့်ရတဲ့ အတွက် commitment ရော အချိန်ရော ငွေပါ အကုန် သက်သာတဲ့ အပြင် သူတို့ အိမ်မှာ facilities အပြည့် ကိုယ့်အလုပ်ကိုယ်လုပ်ပြီး အလကားတက်နေရုံ ဆိုတော့ အေးဆေးပဲ။
သူ့ရဲ့ concept လေးက တိလေးတွေမွေးထားတဲ့ သူတွေ က သူတို့ ခရီးသွားတဲ့ အခါ သူတို့ အိမ်၊ အပင်လေးတွေ နဲ့ တိလေးတွေကို လာကြည့်ပေးဖို့ သူတို့ အိမ်မှာ လာနေဖို့ ဖိတ်ခေါ်ကြတယ်။ မဆုတို့ လို ရေကြည်ရာမြက်နုရာသမားတွေ ဘာအနှောင်အဖွဲ့မှမရှိတဲ့ သူတွေ ခရီးသွားချင်ပင်မဲ့ ပိုက်ဆံအများကြီးမသုံးချင်တဲ့ သူတွေ က သူတို့ ခေါ်တဲ့ အခါ သွားနေလို့ ရတယ်။ တစ်ယောက်တည်းသမား တွေ အတွက် လဲ ရသလို couple တွေ (သို့) မိသားစုလိုက် လဲ သွား sit လို့ ရတယ်။
အဲ့ ဒါက တော့ Trustedhousesitter မှာ အကောင့်ဖွင့်ရမယ်။ verified ဖြစ်ရမယ်။ verified ဖြစ်ဖို့အတွက် ဒေါ်လာ ၂၀၀ လားမသိဘူး တစ်နှစ်စာ ပေးရတယ်။ နောက်ပြီး မိမိ အကောင့်မှာ credibility ရှိအောင် စစချင်းမှာ review လေးတွေရှိနေရမယ်။
အခုဆိုရင် Asia တဝိုက်မှာခေါ်နေတာ အိမ်ပေါင်း ၅၀ ကျော်တယ်။ Australia မှာ အိမ်ပေါင်း ၅၀၀ နီးပါးခေါ်နေတယ်။ You can just pick and choose ပဲ။ အေးရှားမှာဆို ထိုင်း၊ ကမ်ဘောဒီးယား၊ အင်ဒိုနီးရှား၊ ဒူဘိုင်း၊ စင်ကာပူနဲ့ တခြားနိုင်ငံတွေ အများကြီးပဲ။ မိမိ သွားဖို့ အဆင်ပြေတဲ့ နိုင်ငံက အိမ်ကို အရင် လျှောက်ဖို့ အကြံပေးပါတယ်။ ဥပမာ မဆုက ဘန်ကောက်မှာ based ဆိုတော့ ထိုင်နိုင်ငံထဲ ကနေရာတွေ အကုန်လျှောက်တယ်။ visa run ခါနီးကျရင် ကမ်ဘောဒီးယားဖြစ်ဖြစ် အင်ဒိုနီးရှားဖြစ်ဖြစ် လျှောက်မယ်။ (သို့မဟုတ်) ဒူဘိုင်းလဲ မရောက်ဖူးတော့ ဗီဇာလျှောက်ပြီး ဒူဘိုင်းက အိမ်တွေ မှာလျှောက်ဖို့ လဲ စိတ်ကူးထားတယ်။
တစ်အိမ်နဲ့ တစ်အိမ် responsibilities နဲ့ amenities တွေ ကတော့ကွာတာပေါ့.... ဒါပင်မဲ့ များသောအားဖြင့် သူတို့ ကို အစာဖြည့်ပေးပြီးတာနဲ့ ကျန်တာကိုယ့်အချိန်ပဲ။ လည်ပတ်လို့ ရတယ်။ အလုပ်လုပ်လို့ ရတယ်။ အေးဆေးပဲ......
မဆုရဲ့ referral link ကနေ join ရင် ၂၅% off ရပါမယ်။
မဆု

Reference Link: