MISSION ၁။နွေဦးတော်လှန်ရေးမှာ မြင်သလောက်နိုင်သလောက်ပါတင်ကူညီဖြည့်ဆည်းပေးရေး။ ၂။ NUGpay နဲ့SDB bank အသုံးပြုမှု ပြည်သူတွေကြားတိုးတက်စေရေး။ ၃။ပြည်သူသို့တော်လှန်ရေးသတင်းအချက်အလက်အမှန်စီးဆင်းစေရေး။ ၄။မိမိနိုင်ငံအနေဖြင့် အရှေ့တောင်အာရှ၏ ပထမဆုံးဒီမိုကရေစီနိုင်ငံဖြစ်စေရန် တထောင့်တနေရာမှအစဉ်မပြတ်အားထုတ်လှုံဆော်နိုင်ရေး။
Wednesday, July 31, 2024
Tuesday, July 30, 2024
အွန်လိုင်းပေါ်ကရတနာသိုက် (25)ခု
ယခုကာလမှာအားလပ်တဲ့အချိန်လေးတွေကို အကျိုးရှိစွာအသုံးချနိုင်ဖို့အတွက် အခမဲ့လေ့လာနိုင်မယ့်နေရာ၂၅ခုကို linkတွေနဲ့တကွဖော်ပြပေးလိုက်ပါတယ်။
TED-Ed
……………
TED-Edဆိုတာကတော့ ပညာရေးတခုတည်းအတွက်မဟုတ်ဘဲ ကဏ္ဍပေါင်းစုံအတွက်လေ့လာလို့ကောင်းတဲ့ platformတခုဖြစ်ပါတယ်။TED-Ed siteထဲဝင်လိုက်ပြီဆိုတာနဲ့ Students Educators Parents ဆိုပြီးသုံးမျိုးထဲကမိမိတို့သက်ဆိုင်ရာ အသက်အရွယ်အလိုက် ရွေးချယ်ပြီးသက်ဆိုင်ရာသင်ခန်းစာ course တွေကိုဝင်ရောက်လေ့လာနိုင်မှာဖြစ်ပါတယ်။လေ့လာသူတွေနဲ့အတွေးအမြင်ဖလှယ်မှုဆိုင်ရာ သင်ခန်းစာပေါင်းများစွာပါဝင်ပြီး မတူညီတဲ့သင်ခန်းစာပေါင်းများစွာလဲ ပါဝင်ပါတယ်။
Memrise
………………
Memrise ဆိုတာကတော့အင်္ဂလိပ်ဘာသာစကားအပါအဝင် မြောက်များစွာသောဘာသာစကားသင်ခန်းစာတွေကို အခမဲ့လေ့လာ နိုင်တဲ့ပညာရေးsiteတခုဖြစ်ပါတယ်။iOS နဲ့Android အတွက်လည်းသီးသန့်ထုတ်ထားပြီးလMemrise မှာဘာသာစကားတွေအပြင် arts,literature,maths,science,historyနဲ့အခြားသော categories ပေါင်းများစွာကိုလည်းရွေးချယ်လေ့လာနိုင်ပါတယ်။လေ့လာသူတွေပြန်လည်ဖန်တီးထားတဲ့ contents တွေကိုလည်း လေ့လာဖတ်ရှုနိုင်မယ့်siteတခုဖြစ်ပါတယ်။
LessonPaths
………………………
သင်ကြားသူတွေအနေနဲ့ Learning documents တွေvideo file တွေtxt file တွေနဲ့အသေးစိတ်သင်ကြားပေးတဲ့ free online classes website တခုဖြစ်ပါတယ်။သင်ယူသူတွေအနေနဲ့ မိမိတို့ကြိုက်နှစ်သက်ရာ course တွေကို collectionလုပ်ထားနိုင်ပြီး topicsတွေကိုရှာဖွေနိုင်ပါတယ်။ဆေးဝါးနဲ့ပတ်သတ်တဲ့ပညာရပ်တွေ ဥပဒေပညာရပ်တွေစာရင်းကိုင် အတတ်ပညာတွေစသဖြင့်စုံလင်တဲ့ ဘာသာရပ်တွေကိုထည့်သွင်း ပေးထားပါတယ်။
CodeHS
………………
CodeHS ဆိုတာကတော့ computer science ကျောင်းသူကျောင်းသားတွေအတွက်လေ့လာဖို့ လုပ်ထားတဲ့ learning platformတခုဖြစ်ပါတယ်။ကိုယ်တိုင်project တခုကိုအစအဆုံးလုပ်နိုင်ပြီး website တည်ဆောက်ပုံတွေနဲ့ programming languagesတွေကိုလtools resources တွေပေးပြီး သင်ကြားပေးတဲ့ platform တခုဖြစ်ပါတယ်။
Aquent Gymnasium
……………………………………
Aquent Gymnasium ဆိုတာကတော့ education site တခုဖြစ်ပြီး web developmentဆိုင်ရာတွေနဲ့ coding ,designတွေကိုလေ့လာလို့ရမယ့် siteတခုဖြစ်ပါတယ်။
ᴄᴏᴜʀꜱᴇʀᴀ
•••••••••••••••••
အွန်လိုင်းမှာပညာရေးအတွက်လေ့လာလို့ရတဲ့ဆိုက်တွေအများကြီးရှိပေမယ့် Coursera ကတော့လူသိအများဆုံးနဲ့အကျော်ကြားဆုံးသောဆိုက်တစ်ခုလို့တောင်ပြောလို့ရပါတယ်။နိုင်ငံတကာတက္ကသိုလ်တွေမှာသင်ကြားနေတဲ့သင်ခန်းစာတွေကိုအခမဲ့လေ့လာသင်ယူနိုင်တဲ့အပြင်အွန်လိုင်းမားကတ်တင်းကိုလည်းတဝကြီးလေ့လာနိုင်မှာပါ။Coursera မှာ မိမိတို့တက်ချင်တဲ့ဘာသာရပ်အလိုက် Specialized လုပ်ပြီးလည်း တက်ရောက်လို့ရပါတယ်။တကယ်လို့များအသိအမှတ်ပြုcertificateရယူလိုလျှင်လည်းငွေပေးသွင်းပြီးဖြေဆိုရရှိနိုင်မှာဖြစ်ပါတယ်။
ᴜᴅᴇᴍʏ
•••••••••••
Udemyဆိုတာကတော့ပညာတွေသင်ကြားပေးနေတဲ့ပညာရေးဝက်ဆိုက်တစ်ခုဖြစ်ပြီးထိုထဲမှာတော့အခမဲ့တက်ရောက်တာနဲ့ပိုက်ဆံသွင်းပြီးမှလေ့လာခွင့်ရတာဆိုပြီး၂မျိုးခွဲထားပါတယ်ငွေကြေးမသွင်းလည်းအခမဲ့(free courses)တွေကိုသင်ယူလေ့လာလို့ရပါသေးတယ်။Udemyကတော့နယ်ပယ်စုံကိုသင်ကြားပေးထားဖြစ်တဲ့အတွက်မားကတ်တင်းအပြင်အခြားသောဘာသာရပ်တွေကိုစိတ်ဝင်စားသူအတွက်ပါအဆင်ပြေပြေလေ့လာနိုင်မှာပဲဖြစ်ပါတယ်။
ᴇᴅx
•••••••
Edx ကိုတော့ကမ္ဘာကျော်တက္ကသိုလ်များဖြစ်ကြတဲ့ Harvad University နဲ့ Massachusetts Institute of Technology(MIT) တို့ ၂၀၁၂ မေလ လောက်မှာအတူတကွပူးပေါင်းပြီးတည်ထောင်ထားတဲ့ online learning free courses website တစ်ခုပဲဖြစ်ပါတယ်။Edxမှာနိုင်ငံတကာနာမည်ကြီးတက္ကသိုလ်တွေမှာသင်ကြားပို့ချပေးနေတဲ့သင်ခန်းစာပေါင်းများစွာကို အခမဲ့လေ့လာခွင့်ရရှိမှာပဲဖြစ်ပါတယ်။သင်တန်းအမျိုးအစားတွေဆိုရင်လည်း ၁၃၀၀ကျော်တောင်ရှိနေတာဖြစ်လို့မိမိတို့ဝါသနာပါရာအလိုက်စိတ်တိုင်းကျရွေးချယ်သင်ယူနိုင်မှာပဲဖြစ်ပါတယ်။
ᴜᴅᴀᴄɪᴛʏ
••••••••••••
Udacity ဆိုတာကလည်းedx လိုပဲ Open Course Onlineသင်တန်းပေါင်းများစွာ(Massive Open Online Course(MOOC) ကိုအထောက်အပံ့ပြုနေတဲ့ပညာရေးwebsite တခုဖြစ်ပါတယ်။Udacityမှာဆိုရင် Data Analytics,
Machine Learning,Software engineering,Web development,
Business,Design,Marketing,Virtual Reality စတဲ့သင်ခန်းစာပို့ချမှုတွေကို သင်ယူလေ့လာနိုင်မှာဖြစ်ပါတယ်။ဒေါ်လာပေးသွင်းသင်တန်းတက်ပြီး nanodegree များကိုလည်း ရယူနိုင်ပါတယ်Udacityကိုကမ္ဘာ့နာမည်ကြီးနည်းပညာCompany တွေဖြစ်တဲ့Google,Amazonတို့ကပံ့ပိုးပေး ထားတာဖြစ်ပါတယ်။နည်းပညာကိုစိတ်ဝင်စားသူတွေအတွက်တော့ လေ့လာလို့အကောင်းဆုံးနေရာတခုလို့ သတ်မှတ်လို့ရပါတယ်။
ꜱᴋɪʟʟꜱʜᴀʀᴇ
••••••••••••••••••
Skillshare ကတော့ ဒီဇိုင်းပညာရပ်ကိုစိတ်ဝင်စားလေ့လာသူ တွေအနေနဲ့သိထားသင့်တဲ့ website တခုပဲဖြစ်ပါတယ်။ဒီဇိုင်းတစ်ခုတည်းတော့မဟုတ်ပါဘူးအခြားသော မတူညီတဲ့ပညာရပ်တွေကိုလည်း Skillshare မှာဝင်ရောက်လေ့လာနိုင်ပါတယ်။နှစ်စဉ်ကြေးပေးပြီး လေ့လာသင်ယူနိုင်သလို အခမဲ့အတန်းတွေမှသင်ခန်းစာများစွာကို လည်းလေ့လာနိုင်တဲ့နေရာတခုဖြစ်ပါတယ်။
ᴀʟɪꜱᴏɴ
••••••••••••••••••
မတူညီတဲ့နယ်ပယ်ပေါင်းများစွာအတွက်အခမဲ့သင်ကြားပေးတဲ့ free certified learning ဆိုဒ်တခုဖြစ်ပါတယ်။သင်ခန်းစာcourses တွေလည်းအတော်စုံလင်တဲ့ ဆိုဒ်တခုလို့ ပြောလို့ရပါတယ်။ကျွန်တော်သိသလောက်ဆိုရင် Alisonမှာသင်ခန်းစာတွေနဲ့ပတ်သတ်ပြီး ရိုးရိုးcertified တန်းနဲ့ Diploma တန်းဆိုပြီး ၂မျိုးရှိပါတယ်။အသစ်အသစ်သောပြောင်းလဲမှုတွေစီးပွားရေးနဲ့ပတ်သတ်တဲ့အတွေးအခေါ်အသစ်အဆန်းတွေ စတာတွေကိုတစ်စုတစည်းတည်းလေ့လာလို့ရမှာပဲဖြစ်ပါတယ်။သူ့မှာရွေးချယ်စရာ categoryတွေများပါတယ်။ထိုထဲမှာ အကြောင်းအရာဗဟုသုတမျိုးစုံတို့ကို မိမိတို့ဝါသနာပါရာအပိုင်းကို ရွေးချယ်၍ဝင်ရောက်လေ့လာနိုင်ပါတယ်။သင်ခန်းစာတွေကိုတော့ စိတ်တိုင်းကျသင်ယူလေ့လာနိုင်ပြီး အောင်လက်မှတ်ထုတ်တဲ့ အခါကျမှသာငွေသွင်းရတဲ့ပုံစံနဲ့သွားတာပါ။သင်ယူလေ့လာသူ Learners ပေါင်းသန်းဆယ်နဲ့ချီရှိပြီး လူသိများကျော်ကြားတဲ့ Learning platform တခုဖြစ်ပါတယ်။
ᴋʜᴀɴ ᴀᴄᴀᴅᴇᴍʏ
••••••••••••••••••••
ကမ္ဘာ့အဆင့်မှီပြီးရည်ရွယ်ချက်ကောင်းကောင်းနဲ့ တည်ထောင်ထားတဲ့ Khan Academyကိုတော့လူတိုင်းသိကြမယ်ထင်ပါတယ်။Khan Academyကိုတည်ထောင်ခဲ့သူကတော့ Salman Khanပဲဖြစ်ပါတယ်။အိန္ဒိယရုပ်ရှင်မင်းသားကြီး Salman Khanတော့မဟုတ်ပါဘူး။၂၀၀၈ခုနှစ်မှာစတင်တည်ထောင်ခဲ့တဲ့ Khan Academyဟာ အခုချိန်မှာတော့ ကမ္ဘာကျော်သူဌေးကြီး Elon Muskကိုယ်တိုင်အလှုငွေထည့်ရလောက်တဲ့အထိ အောင်မြင်တဲ့သင်ကြားရေး platformတခုဖြစ်လို့နေပါပြီ။Khan Academy ဟာ Not for profit Education Organizatiom တခုဖြစ်ကာ qualityအထူးကောင်းမွန်ပြီး ဘာသာစကားမျိုးစုံနဲ့ သင်ကြားပို့ချထားတဲ့ သင်ခန်းစာတွေကိုလေ့လာသင်ယူနိုင်မယ့် နေရာတခုပဲဖြစ်ပါတယ်။
ᴍɪᴛ ᴏᴘᴇɴᴄᴏᴜʀꜱᴇᴡᴀʀᴇ
••••••••••••••••••••••••••••
Massachusetts Institude of Technology အတိုက်ကောက်အနေနဲ့ MITလို့ခေါ်တဲ့ကမ္ဘာကျော်တက္ကသိုလ် တခုကနေသူတို့ကျောင်းမှာသင်တဲ့ သင်ခန်းစာတွေ lectures တွေကို အားလုံးအခမဲ့လေ့လာလို့ရအောင် ဖန်တီးပေးထားတဲ့ learning website တခုဖြစ်ပါတယ်။OCW ဆိုတာကတော့ ခုနကပြောခဲတဲ့ MITကဘာသာရပ်သင်ခန်းစာတွေကို ထပ်တူညီအောင်ပြုလုပ်ပြီး ပညာရပ်တွေကိုဝေမျှပေးနေတဲ့ နေရာတခုဖြစ်ပါတယ်။ကမ္ဘာအဆင့်မှီသင်ရိုးတွေကို စနစ်တကျနဲ့ ဝေမျှသင်ကြားပေးနေတဲ့ educational resources ပေါင်းများစွာရှိနေတဲ့ နေရာတခုဆိုလဲမမှားပါဘူး။အချိန်ရရင်ဝင်ရောက်လေ့လာကြည့်ပါ။
ᴏᴘᴇɴ ᴄᴜʟᴛᴜʀᴇ
•••••••••••••••••••
Open culture ဆိုတာကတော့ အခမဲ့အွန်လိုင်းသင်ခန်းစာတွေ ကိုအစီအစဉ်တကျ သင်ကြားပေးနေတဲ့ best educational website တခုဖြစ်ပါတယ်။သူ့မှာဘာတွေသင်ယူနိုင်လဲဆိုရင် အတွေးအခေါ်နဲ့ပတ်သတ်တဲ့ philosophyတွေ သမိုင်းဘာသာရပ် history တွေ ရူပဗေဒပညာရပ် physics နဲ့စာပေအနုပညာဘာသာရပ် literature တွေကိုကိုယ်ကြိုက်ရာ ရွေးချယ်ပြီး လေ့လာသင်ယူနိုင်ပါတယ်။ဘယ်သူတွေသင့်တော်လဲ ဆိုတော့ အခုဆယ်တန်းပြီးထားတဲ့ ညီငယ်ညီမငယ်တွေအနေနဲ့ လေ့လာလို့ကောင်းမယ့် platform တခုဖြစ်မှာပါ။ကျောင်းစာအုပ်ထဲက ထက်ပိုတဲ့အသိတွေကိုရယူနိုင်မယ့် နေရာတခုဖြစ်ပါတယ်။အသံနားထောင်ပြီး သင်ယူလိုသူတွေအတွက် audio files တွေရုပ်ကြည့်ပြီးသင်ယူလိုသူတွေအတွက် video သင်ခန်းစာတွေ စာအုပ်ဖတ်ပြီးအေးဆေးသင်ချင်သူတွေအတွက် ebooks တွေကိုအခမဲ့တင်ပေးထားဖြစ်လို့ သင်ယူတဲ့အခါ အဆင်ပြေစေမှာပါ။ebooks ပေါင်း ၈၀၀ကျော် ဘာသာစကားသင်ခန်းစာပေါင်း ၃၀၀ကျော်တို့ကိုလည်း တင်ပေးထားတာဖြစ်တဲ့အတွက် ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာ ကိုရွေးချယ်သင်ယူနိုင်တဲ့ ပညာရေးwebsite ကောင်းတခုလဲဖြစ်ပါတယ်။
ᴄᴏɴɴᴇᴄᴛɪᴏɴꜱ ᴀᴄᴀᴅᴇᴍʏ
••••••••••••••••••••••••••••••
Connection Academy ကကျောင်းသား/သူတွေအတွက် သီးသန့်ရည်ရွယ်ပြီး ဖန်တီးထားတဲ့ ပညာရေးwebsite တခုပါ။သူကသူ့ရဲ့platformကို မူလတန်း အလယ်တန်းနဲ့ အထက်တန်း ဆိုပြီးသုံးပိုင်းခွဲပြီး တည်ဆောက်ထားတာပါ။မြင်သာအောင်ပြောရရင် ကျူရှင်တက်သလိုပါပဲ သင်ခန်းစာတွေကိုမိမိတို့အတန်းအလိုက် ရွေးချယ်တက်ရောက်နိုင်ပါတယ်။ကိုယ့်မှာရှိတဲ့skills တွေကိုသက်ဆိုင်ရာဆရာဆရာမတွေနဲ့ မြှင့်တင့်ဖို့အတွက် virtual classroomတွေကိုပါထည့်သွင်းပေးထားပါတယ်။
ᴀᴄᴀᴅᴇᴍɪᴄ ᴇᴀʀᴛʜ
•••••••••••••••••••••••••
ကမ္ဘာကျော်တက္ကသိုလ်တွေဖြစ်တဲ့ MIT,Yale,Harvard တို့လိုကမ္ဘာ့နာမည်ကြီး တက္ကသိုလ်တွေမှာသင်ကြားပို့ချပေးနေတဲ့ သင်ခန်းစာတွေကို online မှာလေ့လာလို့ရအောင် စုစည်းပေးထားတဲ့ website တခုဖြစ်ပါတယ်။စာရင်းအင်းလို ပညာရပ်တွေ အင်ဂျင်နီယာပညာရပ်တွေနဲ့စိတ်ပညာလိုဘာသာရပ် မျိုးအထိကို စနစ်တကျသင်ကြားလေ့ကျင့်ပေးတဲ့ website ကောင်းတခုဖြစ်ပါတယ်။
ɪᴛᴜɴᴇꜱ ᴜ
•••••••••••••••
iTunes U ဆိုတာကတော့သုံးတတ်တဲ့သူတွေ Apple users တွေအတွက် တကယ့်အဖိုးတန်တွေစုနေတဲ့ နေရာတခုလို့ပြောလို့ ရပါတယ်။သီချင်းတွေ ရုပ်ရှင်တွေအတွက်iTunes Store, စာအုပ်တွေအတွက် iBook Store စသဖြင့် courses တွေကိုလည်း အခမဲ့ဒေါင်းလုပ်ပြုလုပ်ပြီး ရယူနိုင်မယ့် ရတနာသိုက် တခုလို့တောင်ပြောလို့ရပါတယ်။resources ပေါင်းသိန်းနဲ့ချီ ရှိနေပြီး လိုအပ်သလိုပြန်လည်အသုံးချဖို့အတွက် အခမဲ့ဝေမျှပေးထားတဲ့ နေရာတခုလဲဖြစ်ပါတယ်။Courses တိုင်းတော့ အခမဲ့မဟုတ်ပေမယ့် တော်တော်များများကတော့ အခမဲ့သင်ခန်းစာတွေဖြစ်ပါတယ်။ဘာသာစကားပညာရပ်များ အနုပညာဘာသာရပ်စသဖြင့် စိတ်ဝင်စားတဲ့ပေါ်မူတည်ပြီး လေ့လာသင်ယူနိုင်မယ့် နေရာကောင်းတခုဖြစ်ပါတယ်။
ꜱᴛᴀɴꜰᴏʀᴅ ᴏɴʟɪɴᴇ
•••••••••••••••••••••••
Stanford ကတော့စာသင်တယ်ဆိုတာထက် အခွင့်အလမ်းတွေ ပိုမိုရရှိနိုင်အောင်လုပ်ပေးထားတဲ့ platformတခုဖြစ်ပါတယ်။Stanford ကနေonline degrees,online courses,e-learning တို့ကိုအခမဲ့သင်ယူပြီး အခွင့်အလမ်းတွေဖန်တီးရယူနိုင်ပါတယ်။သင်ကြားပေးတဲ့ သင်ခန်းစာတွေကိုလဲ ကဏ္ဍအလိုက် computer science,AI,health and medicine,arts and data science တို့ကိုလေ့လာနိုင်မှာဖြစ်ပြီး Certificate ရနိုင်ပါတယ်။skills အသစ်တွေအလုပ်အကိုင်အသစ်တွေကို လည်းတဆင့်ရယူနိုင်ပါတယ်။
ʜᴀʀᴠᴀʀᴅ ᴇxᴛᴇɴꜱɪᴏɴ
••••••••••••••••••••••••••
စုံလင်လှတဲ့ဘာသာရပ်တွေကိုလေ့လာနိုင်တဲ့နေရာတခုပါ။အနုပညာနဲပတ်သတ်တာလေ့လာမလား ဒီဇိုင်းကိုလေ့လာမလား စီးပွားရေးနဲ့ပတ်သတ်တာတွေ data scienceနှင့် အခြားသော ဘာသာရပ်တွေကိုလေ့လာနိုင်ပါတယ်။သက်ဆိုင်ရာ Course တခုချင်းစီမှာ Level 3 မျိုးခွဲခြားထားပါတယ်။introဝင်တဲ့အဆင့် beginner အပိုင်း အလယ်အဆင့် intermediate နဲ့ advanced level ဆိုပြီးသုံးမျိုးသတ်မှတ်ထားပါတယ်။မိမိတို့ အားသန်တဲ့ဘာသာရပ်ကို စိတ်တိုင်းကျသင်ယူမှုဖြစ်နိုင်တဲ့ နေရာကောင်းတခုဖြစ်တဲ့အတွက် လေ့လာဖို့တိုက်တွန်းပါတယ်။Courses အကုန်လုံးကိုcertificate မပေးပေမယ့် တချို့courses တွေကိုတော့ အောင်မြင်စွာဖြေဆိုပြီး certificate ရယူနိုင်ပါတယ်။
ᴏᴘᴇɴ ʏᴀʟᴇ ᴄᴏᴜʀꜱᴇꜱ
••••••••••••••••••••••••••
Yale တက္ကသိုလ်ကသင်ကြားပို့ချပေးနေတဲ့ သင်ခန်းစာတွေကို သီးသန့်စုပြီး တင်ပေးတဲ့ပုံစံမျိုးနဲ့ ဖန်တီးပေးထားတဲ့ platformတခုဖြစ်ပါတယ်။အဆိုပါwebsite မှာသင်ယူလေ့လာတဲ့နေရာမှာ လွယ်လွယ်နဲ့လေ့လာနိုင်အောင် audio file တွေtext transcript နဲ့သင်ခန်းစာvideo တွေကိုမတူညီတဲ့ပုံစံတွေနဲ့တင်ပေးထားပါတယ်။Chemistry,Phikosophyနဲ့သမိုင်းဘာသာရပ်တွေကို လဲလေ့လာနိုင်ပါတယ်။စာမေးပွဲဖြေဆိုတဲ့ပုံစံတွေပါရှိသလို problem solving အပိုင်းတွေကိုလည်း ထည့်သွင်းပေးထားတဲ့အတွက် သင်ယူလေ့လာပြီးတခါတည်း စာမေးပွဲဖြေ ဆွေးနွေးတဲ့ပုံစံနဲ့သွားလို့ရတဲ့ learning site ကောင်းတခုဖြစ်ပါတယ်။
ᴜᴄ ꜱᴀɴ ᴅɪᴇɢᴏ ᴘᴏᴅᴄᴀꜱᴛ ʟᴇᴄᴛᴜʀᴇ
••••••••••••••••••••••••••••••••••••••••
Podcast ဆိုတာကိုနဲနဲရှင်းပြချင်ပါတယ် Podcast ဆိုတာက လေလှိုင်းကလွှင့်လာတဲ့ အသံထုတ်လွှင့်ချက်တွေကို MP3 file တွေအဖြစ် ပြောင်းလဲထားတာဖြစ်ပါတယ်။ထို MP3 file တွေကို မိမိတို့ဖုန်းနဲ့ဖြစ်စေကျွန်ပျူတာနဲ့ဖြစ်စေ download ရယူပြီး အချိန်မရွေးပြန်လည်နားထောင်နိုင်အောင် လုပ်ထားတဲ့နည်းပညာတခုဖြစ်ပါတယ်။UC San Diego Podcast Lecture ကတော့ နည်းပညာနဲ့ပတ်သတ်တဲ့ ဝန်ဆောင်မှုတွေကို သင်ကြားပေးတဲ့site တခုဖြစ်ပါတယ်။audio recording တွေကိုအခမဲ့ download ရယူထားနိုင်ပြီး အချိန်မရွေးပြန်လည်လေ့လာနိုင်အောင်စီစဉ်ပေးထားတာဖြစ်ပါတယ်။
ᴄᴏᴅᴇ
•••••••
Code ဆိုတာကတော့ Learning resourceတခုဖြစ်ပြီးCoding,application,robotics,
web development, biology,algebra နဲ့ chemistryတို့ကိုအဓိကထားသင်ကြား ပေးထားပြီး enrollလုပ်ကာ courses တွေကိုဝင်ရောက်လေ့လာနိုင်မှာဖြစ်ပါတယ်။အဆိုပါ Code ဆိုတဲ့ website လေးဟာအလုပ်အကိုင်အခွင့်အလမ်းပေါများစေပြီး အပတ်စဉ်မှာလည်း တပတ်စာသင်ခန်းစာတွေကိုChallenges လုပ်တဲ့ပုံစံတွေလည်း ထည့်သွင်းပေးထားပါတယ်။လေ့လာရတဲ့နေရာမှာလွယ်ကူစွာပဲလေ့လာနိုင်ပါတယ်။
ᴜɴɪᴠᴇʀꜱɪᴛʏ ᴏꜰ ᴛʜᴇ ᴘᴇᴏᴘʟᴇ
•••••••••••••••••••••••••••••••••
UOP ဆိုတာကတော့ online collage တခုဖြစ်ပြီး မတူညီကွဲ ပြားတဲ့များစွာသော programတွေဖြစ်တဲ့ degree,business administration,health နဲ့ computer science တို့ပါဝင်ပါတယ်။စာအုပ်ပေါင်းများစွာကို လည်းထိုwebsiteမှအခမဲ့ဒေါင်းယူနိုင်ပါတယ်။
ᴜɴɪᴠᴇʀꜱɪᴛʏ ᴏꜰ ᴏxꜰᴏʀᴅ ᴘᴏᴅᴄᴀꜱᴛꜱ
•••••••••••••••••••••••••••••••••••••••••
public lecture series တွေပါဝင်ပြီး ခေါင်းစဉ်ခွဲတခုစီတိုင်းမှာ သက်ဆိုင်ရာlecture တွေကို series အလိုက်တစုတစည်းတည်းလေ့လာရမှာဖြစ်ပါတယ်။public lectures တွေအပြင် interviews teaching materials တို့ကိုပါလေ့လာနိုင်မှာဖြစ်ပါတယ်။Series ပေါင်း ၆၃၃ခုလောက်ပါဝင်ပြီး series တခုချင်းစီမှာလည်း document,audio နဲ့ video formatဆိုပြီးလေ့လာရလွယ်ကူအောင် ပြုလုပ်ပေးထားတဲ့ website ကောင်းတခုဖြစ်ပါတယ်။
Subscribe to:
Comments (Atom)








