အရှောင်အတိမ်းဂျက်ဆီဂျိမ်း DNA ပိုင်ဆိုင်သည့် တရုတ်လူမျိုးများ
တရုတ်လူမျိုးတွေ နားမလည်နိုင်သော "ဂျပန်ယဉ်ကျေးမှု" ဂျပန်လူမျိုးတွေ မသိတဲ့ တရုတ်လူမျိုးတွေရဲ့ အတွေးအခေါ်
တရုတ်လူမျိုးတွေ ဘာကိုတွေးပြီး ဘယ်လို လုပ်ဆောင်ကြပါသလဲ။
Kodansha မှ ထုတ်ဝေသည့် ' ဂျပန်လူမျိုးများ မသိသော တရုတ်တို့၏ အတွေးအခေါ်နှင့် လုပ်ဆောင်မှုနိယာမ' စာအုပ်သစ်တွင် ဂျပန်နိုင်ငံ၏ ထိပ်တန်းတရုတ်လေ့လာသူတစ်ဦးက တိကျပြတ်သားစွာ ရေးသားထားပါသည်။
ဤဆောင်းပါးတွင် "တရုတ်လူမျိုးများ အံ့အားသင့်ခဲ့ရသော ဂျပန်၏ အသင်းအဖွဲ့စိတ်ဓာတ်" နှင့် အဘယ်ကြောင့် တရုတ်လူမျိုးများသည် အသင်းအဖွဲ့စိတ်ဓာတ် အားနည်းရသလဲ" ဆောင်းပါးပြီးနောက် တရုတ်လူမျိုးများတွင် ရှိသော "ထွက်ပြေခြင်း" နှင့် "တိမ်းရှောင်ခြင်း" ဟူသည့် "DNA" အကြောင်းကို ဆက်လက်ဖော်ပြသွားပါမည်။
*ဤဆောင်းပါးကို Kondo Daisuke ၏ 'တကယ့်တရုတ် ဂျပန်လူမျိုးများ မသိသော အတွေးအခေါ်နှင့် လုပ်ဆောင်မှုနိယာမ' (Kodansha Gendai Shinsho) စာအုပ်မှ ကောက်နုတ်ပြီး ဘာသာပြန်တည်းဖြတ်ထားပါသည်။
အရှောင်အတိမ်းဂျက်ဆီဂျိမ်း DNA ပိုင်ဆိုင်သည့် တရုတ်လူမျိုးများ
၂၀၂၄ ခုနှစ်တွင် တရုတ်လူမျိုးများ၏ ကိုယ့်ကိုယ်ကိုယ် သတ်သေမှု အရေအတွက်သည် ၄.၈၆ သိန်းအထိ ရှိခဲ့ကြောင်း သတင်းကို မြင်တွေ့ရသောအခါ အံ့အားသင့်ခဲ့ရသည်။ အဆိုပါနှစ်အတွင်း ဂျပန်လူမျိုးများ၏ ကိုယ့်ကိုယ်ကိုယ် သတ်သေမှု အရေအတွက်မှာ ၂၀,၃၂၀ ဦး ဖြစ်သောကြောင့် လူဦးရေ အချိုးအစားအရ ကြည့်မည်ဆိုပါက ဂျပန်ကို များစွာ ကျော်လွန်နေပါသည်။
၎င်းသည် တရုတ်စီးပွားရေး ကျဆင်းမှုမှာ အလွန်ပြင်းထန်သောအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဖော်ပြနေပါသည်။ တစ်ချိန်တည်းမှာပင် တစ်ဦးတည်းသော သားသမီးဖြစ်သည့် လူငယ်များ၏ ပင်ပန်းဆင်းရဲမှုကိုလည်း ထင်ဟပ်စေသည်။
ကျွန်ုပ်ကဲ့သို့သော ရှေးခေတ် "တရုတ်လေ့လာသူများ" သည် "တရုတ်လူမျိုးများသည် ကိုယ့်ကိုယ်ကိုယ် သတ်သေလေ့မရှိ" ဟူသော စွဲမြဲနေသည့် အယူအဆ ရှိခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ယေဘုယျအားဖြင့် တရုတ်လူမျိုးများသည် "မကောင်းသောအဖြစ်" တစ်ခုခု ကြုံလာပါက "ထွက်ပြေးခြင်း" သို့မဟုတ် "တိမ်းရှောင်ခြင်း" ဟူသည့် "DNA" ရှိသောကြောင့် ဖြစ်ပါသည်။
တရုတ်နိုင်ငံတွင် ပညာသွားသင်ဖူးသူ သို့မဟုတ် သွားရောက် တာဝန်ထမ်းဆောင်ဖူးသူတိုင်း မကြာမီပင် "ဥပဒေရှိလျှင် ဂယ်ပေါက်ရှိသည်" ဆိုသည့် တရုတ်စကားကို လူတိုင်းနီးပါးသိကြသည်။
တရုတ်ဘာသာစကားတွင် လူသိများသည့် စကားပုံ နှစ်ခုတွင် ပထမတစ်ခုက "ရေစက်များ ဆက်တိုက်ကျနေပါက ကျောက်တုံးကိုပင် ဖောက်နိုင်သည်" ဟု အဓိပ္ပာယ်ရသည်။ ဒုတိယတစ်ခုမှာ “Liezi” တွင် ဖော်ပြထားသော ပုံပြင်တစ်ခုဖြစ်ပြီး "လူအ (Gong) သည် နောက်ဆုံးတွင် တောင်ကို ရွှေ့ခဲ့သည်" ဟူသည့် (ဇွဲရှိရှိ ကြိုးစားအားထုတ်မှုကြောင့်) ပုံပြင်ဖြစ်ပါသည်။ ၎င်းကို ဥက္ကဋ္ဌမော်စီတုန်းက ကိုးကားခဲ့ပြီး "မော်စီတုန်း၏ ကမ္ဘာ" ကို နှစ်သက်သည့် ဥက္ကဋ္ဌ ရှီကျင့်ဖျင်ကလည်း ၎င်း၏မိန့်ခွန်းများတွင် မကြာခဏ ကိုးကားလေ့ရှိပါသည်။
သို့သော် ၎င်းတို့သည် 'အပေါ်ယံစကားများ' သာဖြစ်ပြီး ယေဘုယျအားဖြင့် တရုတ်လူမျိုးများသည် ၎င်းတို့၏ အကျိုးစီးပွားနှင့် တိုက်ရိုက်သက်ဆိုင်သောအခါတွင်သာ အလေးအနက်ထားကြသည်။
ယေဘုယျအားဖြင့် တရုတ်လူမျိုးများသည် ဂျပန်လူမျိုးများထက် ပိုမိုပြောင်းလွယ်ပြင်လွယ် ရှိပါသည်။ ထို့ကြောင့် ကျွန်ုပ်သည် ပေကျင်းရှိ ကုမ္ပဏီတစ်ခု၌ ကျွန်ုပ်၏ တရုတ်လက်အောက်ငယ်သားများကို မနှစ်မြို့ဖွယ်ကောင်းသော အလုပ်တစ်ခုကို လုပ်ခိုင်းသည့်အခါတွင်ပင် "ဒါမျိုး မလုပ်နိုင်ပါဘူး" ဟု လုံးဝ မပြောကြပါ။
၎င်းတို့သည် "ရပါတယ်" ဟု ဖြေခြင်း သို့မဟုတ် တိတ်ဆိတ်စွာ ခေါင်းညိတ်ပြီး တစ်နေရာရာတွင် ရှောင်ပြေးနိုင်သည့် လမ်းကြောင်း သို့မဟုတ် ထွက်ပေါက် ရှိမရှိကို ရှာဖွေကြသည်။ ၎င်းသည် အပေါ်ယံတွင်သာ နာခံခြင်းဖြစ်ပြီး တရုတ်ဘာသာစကားဖြင့် “(Xūxīn jiēshòu, jiānjué bù gǎi) ဟုခေါ်ဆိုပြီး (စိတ်ထားပျော့ပျောင်းစွာ လက်ခံသော်လည်း မည်သည့်အခါမျှ မပြုပြင်ပါ) ဟု အဓိပ္ပာယ်ရပါသည်။
တရုတ်လူမျိုးများ၏ “(Grey Zone) မီးခိုးရောင်ဇုန်”
ဤအခြေအနေမျိုးသည် ဂျပန်နှင့် တရုတ်ကုမ္ပဏီများအကြား စာချုပ်ချုပ်ဆိုသည့်အခါတွင်လည်း အလားတူပင်ဖြစ်ပါသည်။ တရုတ်ကုမ္ပဏီများသည် အလွယ်တကူ လက်မှတ်ရေးထိုးမည်ဟု ထင်ရသော်လည်း မကြာမီပင် စာချုပ်ချိုးဖောက်လုနီးပါး အခြေအနေများ ဆက်တိုက် ဖြစ်ပေါ်လာတတ်ပါသည်။
ဤသို့သော မီးခိုးရောင်နယ်ပယ်ကို ရှေ့ဆက်သွားခြင်းကို တရုတ်ဘာသာစကားဖြင့် (Cābiānqiú) ဟုခေါ်ဆိုပါသည်။ ၎င်းသည် တရုတ်နိုင်ငံ၏ အမျိုးသားအားကစားဖြစ်သည့် ပင်ပေါင် (Ping Pong) အားကစားမှ ဝေါဟာရဖြစ်ပြီး စားပွဲ၏အစွန်းနားကို ထိသွားသည့် ဘောလုံးကို ရိုက်ခြင်းကို ဆိုလိုပါသည်။
တရုတ်လူမျိုးများသည် ဤစကားလုံးကို အလွန်နှစ်သက်ကြပြီး နေရာအမျိုးမျိုးတွင် အသုံးပြုကြသည်။ လွန်ခဲ့သော ဆယ်စုနှစ်များစွာက ဂျပန်တွင် "အုတ်တံတိုင်း (အကျဉ်းထောင်) ပေါ် လျှောက်သွားသော်လည်း အတွင်းသို့ လုံးဝမကျသည့် အမျိုးသား" ဟုခေါ်ဆိုသော ထင်ရှားသည့် နိုင်ငံရေးသမားတစ်ဦး ရှိခဲ့ဖူးပါသည်။ တရုတ်လူမျိုးများသည်လည်း ထိုကဲ့သို့သော မီးခိုးရောင်နယ်ပယ်တွင် ရှင်သန်နေထိုင်ရမည့် အခြေအနေမျိုးနှင့် မကြာခဏ ရင်ဆိုင်ကြုံတွေ့ရပါသည်။ ၎င်းသည် တရုတ်နိုင်ငံမှာ အမျိုးမျိုးသော ရှုထောင့်မှကြည့်လျှင် အန္တရာယ်များသည့် လူ့ဘောင်အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း ဖော်ပြနေပါသည်။
ဆိုရှယ်လစ်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံတွင် ကွန်မြူနစ်ပါတီနှင့် အစိုးရ၏ လိုအပ်ချက်များသည် ပုံမှန်အားဖြင့် တင်းကျပ်ပါသည်။ ထို့အပြင်၊ အထက်တွင်ဖော်ပြထားသည့်အတိုင်း မည်သည့်အဖွဲ့အစည်းမဆို ထိပ်တန်းမှ စီမံခန့်ခွဲသောစနစ်ဖြစ်သောကြောင့် "ထိပ်တန်းမဟုတ်သူများ" သည် အမိန့်နှင့် ညွှန်ကြားချက်များကို အမြဲတမ်း လက်ခံရရှိနေပါသည်။
၎င်းတို့ကို အားလုံးတိုက်ရိုက်လက်ခံလိုက်နာပါက လူသည် ပင်ပန်းနွမ်းနယ်သွားမည်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် လိမ္မာပါးနပ်စွာ "ရှောင်တိမ်းခြင်း" သို့မဟုတ် "ထွက်ပြေးခြင်း" ကို ပြုလုပ်ကြသည်။
အမှန်တကယ်တော့ ရှေးခေတ်ကတည်းက အစိုးရ၏ ရက်စက်ကြမ်းကြုတ်သော အခွန်ကောက်ခံမှုနှင့် ပြစ်ဒဏ်ပေးခြင်းတို့ကို ခံစားခဲ့ရသော တရုတ်လူမျိုးများသည် "ထွက်ပြေးခြင်း" သို့မဟုတ် " ရှောင်တိမ်းခြင်း " ဟူသော "DNA" ကို ပိုင်ဆိုင်ကြသည်။ "သမိုင်းမှတ်တမ်းများ (စမားချီ)" ၏ "ဟန်မင်းဆက် တည်ထောင်သူဘုရင်၏ အတ္ထုပတ္တိ" အရ ဟန်မင်းဆက်ကို တည်ထောင်သူ လျူပန်သည် ချင်မင်းဆက်ဘုရင်၏ အမိန့်ဖြင့် အလုပ်ကြမ်းလုပ်ရန် ခေါ်ဆောင်သွားစဉ် ထွက်ပြေးပြီး ပုန်ကန်ခဲ့သည်။
ထို့နောက် ချင်မင်းဆက်ကို တည်ထောင်သူ ဘုရင် ကွယ်လွန်ပြီးနောက် ကမ္ဘာကြီးကို ငြိမ်သက်အောင်လုပ်ဆောင်ရန် ကြိုးစားနေသော ချူပြည်နယ်မှ အစွမ်းထက်သူဖြစ်သည့် ရှီရန်ယူက လျူပန်အား ခေါ်ခဲ့သည်။ ၎င်းသည် ရှေးခေတ် တရုတ်သမိုင်းတွင် အကျော်ကြားဆုံး ပွဲတော်ဖြစ်သည့် "ဟုန်မွန်ပွဲတော်" အတွင်း လျူပန်သည် လူပုံအလယ်တွင် ထွက်ပြေးခဲ့ပြီး သေဘေးမှ အသက်ရှင်လွတ်မြောက်ခဲ့ပြီးဟန်မင်းဆက်ကို တည်ထောင်သူ ဖြစ်လာခဲ့သည်။
ထို့အပြင် "သမိုင်းမှတ်တမ်းများ" တွင် နိုင်ငံရေးသမားများ၊ အရာရှိများ၊ စစ်ဗိုလ်များနှင့် သာမန်လူများအထိ "ထွက်ပြေးခြင်း" သို့မဟုတ် " ရှောင်တိမ်းခြင်း" အခန်းကဏ္ဍများကို မကြာခဏ တွေ့ရှိရသည်။
ထို့ကြောင့် တရုတ်လူမျိုးများသည် ဂျပန်၏ ဘူရှီဒိုစိတ်ဓာတ်၊ ဆေပူကုပြုလုပ်ခြင်း (ကိုယ့်ကိုကိုယ်သတ်မိန့်ချ၍ သေဒဏ်ပေးခြင်း) နှင့် ကာမီကာဇေတပ်များကဲ့သို့သော "တိုက်ပွဲဝင်ပြီး ကျရှုံးခြင်း" နှင့် "ကြွေကျသွားသော ချယ်ရီပန်းများတွင် အလှတရားရှိသည်" ဟူသော ယဉ်ကျေးမှုကို နားမလည်နိုင်ပါ။ အဘယ်ကြောင့်ဆိုသော် တရုတ်လူမျိုးများက "ပြဿနာတစ်ခုနှင့်ထိပ်တိုက် ရင်မဆိုင်ဘဲ ထွက်ပြေးခြင်း သို့မဟုတ် ရှောင်တိမ်းခြင်း" ကို ပြုလုပ်သောကြောင့် ဖြစ်သည်။
တရုတ်လူမျိုးများသည် ဂျပန်လူမျိုးများ အလွန်နှစ်သက်သည့် ဟာကိုနေ အေကိဒင်း (ဟာကိုနေ လက်ဆင့်ကမ်းပြေးပွဲ) ကို မနှစ်သက်ရခြင်း၏ မထင်မှတ်ထားသော အကြောင်းရင်းကို သိရှိခဲ့ရပြီး အံ့သြခဲ့ရသည်။
ဂျပန်နိုင်ငံတွင် ဂျပန်နှစ်သစ်ကူးချိန်ဖြစ်သည့် နှစ်စဉ် ဇန်နဝါရီလ နှစ်ရက်နေ့မှ သုံးရက်နေ့အထိ ဂျပန်နိုင်ငံ တက္ကသိုလ်များ ပါဝင်ပြီး Hakone Ekiden ဟာကိုနေ အေကိဒင်းဟုခေါ်သည့် တိုကျိုမှ ဟာကိုနေအထိ လက်ဆင့်ကမ်းပြေးပြီး ဟာကိုနေမှတိုကျိုအထိ လက်ဆင့်ကမ်းပြန်လည်ပြေးသည့် အပြေးပြိုင်ပွဲကို ကျင်းပလေ့ရှိသည်။ အသွားခရီးဖြစ်သည့် တိုကျိုမှ ဟာကိုနေအထိ ၁၀၇.၅ ကီလိုမီတာရှိပြီး အပြန်ခရီး ဟာကိုနေမှတိုကျိုအထိ ၁၀၉.၆ ကီလိုမီတာ အကွာအဝေးကို ဂျပန်နိုင်ငံ တက္ကသိုလ်ကျောင်းသားလူငယ်များ၏ လက်ဆင့်ကမ်း အပြေးပြိုင်ပွဲ ဖြစ်သည်။ ယင်းအပြေးပြိုင်ပွဲကို ဂျပန်လူမျိုးများ အလွန်နှစ်သက်ပြီး ဂျပန်လူမျိုးအများစုက နှစ်သစ်တွင် ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုကြသည်။
နှစ်သစ်ကူးတွင် ရုပ်မြင်သံကြား၌ ဟာကိုနေ လက်ဆင့်ကမ်းပြေးပွဲကို ကြည့်ပြီး စိတ်လှုပ်ရှားကြည်နူးမှုကို ခံစားသူများသည် ဂျပန်လူမျိုးများ ဖြစ်သည်။ တိုကျိုတွင် နေထိုင်သော တရုတ်လူမျိုးတစ်ဦးက ကျွန်ုပ်ကို ဤသို့ပြောခဲ့သည်။
"နှစ်သစ်ကူးမှာ သွားတွေကြိတ်ပြီး ပြေးနေတဲ့လူတွေကို အကြာကြီးကြည့်ရတာ ဘာများပျော်စရာကောင်းလဲဆိုတာ ကျွန်တော် နားမလည်နိုင်ပါဘူး။ ကျွန်တော် အလယ်တန်းနဲ့ အထက်တန်းကျောင်းသားဘဝတုန်းက ကိုယ်လက်လှုပ်ရှား ပညာဘာသာရပ်မှာ မာရသွန်ကို ထည့်သွင်းဖို့ ကြိုးစားတဲ့ ဆရာတစ်ဦးရှိခဲ့ပြီး ကျောင်းသားတွေကို တစ်ခါတည်း အကြာကြီး ပြေးခိုင်းခဲ့ပါတယ်။ အဲဒီအခါ ကျွန်တော်အပါအဝင် လမ်းတစ်ဝက်မှာ စက်ဘီးနဲ့ လျှို့ဝှက်စီးနင်းသွားတဲ့ ကျောင်းသားတွေ အများကြီး ပေါ်လာတာကြောင့် အဲဒီနောက်ပိုင်း မာရသွန် မရှိတော့ပါဘူး။" ဟု ပြောဆိုခဲ့ဖူးသည်။
တရုတ်ရိုးရာ ရှောင်လင်သိုင်းဝိဇ္ဇာတွင်လည်း “ရှောင်ရှားခြင်းပညာ” များသည် အလွန်များပြားပါသည်။ ၎င်းသည် ဂျပန်၏ ဆူမိုနပန်း၊ ကင်ဒိုနှင့် ဂျုဒိုစသည့် “ထိပ်တိုက်ရင်ဆိုင်ခြင်းပညာ” များနှင့် ကွဲပြားပါသည်။
တရုတ်လူမျိုးများသည် မနှစ်မြို့ဖွယ်ရာ သို့မဟုတ် ပင်ပန်းဆင်းရဲသောအရာများနှင့် ရင်ဆိုင်ရသောအခါ သွားတွေကြိတ်ပြီး အဆုံးအထိ ကြိုးစားလုပ်ဆောင်မည့်အစား တစ်နည်းနည်းဖြင့် ထွက်ပြေးရန် သို့မဟုတ် ရှောင်ရှားရန် ကြိုးစားကြသည်။
ယေဘုယျအားဖြင့် တရုတ်လူမျိုးများသည် ဂျပန်လူမျိုးများထက် ပို၍ ပျော့ပျောင်းသည်။ ထို့ကြောင့် ကျွန်ုပ်သည် ပေကျင်းမြို့ရှိ ကုမ္ပဏီတစ်ခုတွင် ကျွန်ုပ်၏ဝန်ထမ်း တရုတ်လူမျိုးများကို ၎င်းတို့အတွက် မနှစ်မြို့ဖွယ်ကောင်းသော အလုပ်ကို တာဝန်ပေးသည့်တိုင် "ကျွန်တော်တို့ လုပ်လို့မရပါဘူး" ဟု လုံးဝမပြောပါ။
"နားလည်ပါပြီ" ဟု ပြန်ဖြေခြင်း သို့မဟုတ် တိတ်တဆိတ် ခေါင်းညိတ်ပြီး တစ်နေရာရာတွင် ထွက်ပြေးလမ်း သို့မဟုတ် လွတ်မြောက်ရာလမ်း မရှိမရှိ ရှာဖွေတတ်သည်။
Grace ဘာသာပြန်သည်။
ဓာတ်ပုံများ။
ဂျပန်နိုင်ငံမှ ဟာကိုနေလက်ဆင့်ကမ်းအပြေးပြိုင်ပွဲတွင်တွေ့ရသော ဂျပန်တက္ကသိုလ်မှ ကျောင်းသားလူငယ်များ
No comments:
Post a Comment